Ryan Reynolds ရဲ့ ဘော်ဒီမျိုးကို လိုချင်လို့ဆိုပြီး လေ့ကျင့်ခန်း မလုပ်ဘဲ ထိုင်ပြီး အားကျနေလို့ကတော့ ကွီးတို့ကို ဆွဲဆောင် မှုရှိတဲ့ လူတစ်ယောက်အဖြစ် ပြောင်းလဲပစ်နိုင်မှာ မဟုတ်ပါဘူး။

အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းများကို လက်တွေ့ ပြုလုပ်နိုင်မှသာလျှင် ကွီးတို့ လိုချင်တဲ့ ခန္ဓာကိုယ်မျိုးကို ရရှိပိုင်ဆိုင်နိုင်မှာပါ။

လေ့ကျင့်ခန်း (၁)

workout

အဆင့် (၁) ကွီးတို့ ခြေထောက်နှစ်ဖက်ကို ပုခုံးအကျယ်အတိုင်း ချဲထားပါ။ ညာလက်က အလေးတုံးကို ကိုင်ထားပါ။

အဆင့် (၂) လက်ကောက်ဝတ်ကို မကွေးကောက်စေဘဲနဲ့ အလေးတုံးကို အပေါ်သို့ မတင်လိုက်ပါ။

အဆင့် (၃) ထို့နောက် ဖြည်းဖြည်းချင်း အောက်ပြန်ချလိုက်ပါ။​

ဒါဆိုရင်တော့ တစ်ကြိမ် ပြည့်သွားပါပြီ။ ၁၂ ကြိမ် ပြုလုပ်ပြီးနောက် အလေးတုံးကို ဘက်ပြောင်းကိုင်လိုက်ပါ။ စုစုပေါင်း ၁၂ ကြိမ် ထပ်လုပ်ပါ။

အားလုံးပြီးသွားတဲ့အခါမှာတေ့ ၃ ကျော့ ပြည့်အောင် ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၂)

workout

အဆင့် (၁) လက်နှစ်ဖက်ကို ပုံပါအတိုင်း ဘားတန်းပေါ်မှာ ခပ်ကျဲကျဲထားပြီး ချဲထားလိုက်ပါ။

အဆင့် (၂) ပုခုံးကြွက်သားများကို အသုံးပြုကာ အပေါ်သို့ ကြွပေးလိုက်ပါ။

ဒါဆိုရင်တော့ တစ်ကြိမ် ပြည့်သွားပါပြီ။ စုစုပေါင်း ၁၅ ကြိမ်၊ ၃ ကျော့ ပြည့်အောင် ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၃)

Ryan Reynolds ဆွဲဆောင်

အဆင့် (၁) ဒူးနှစ်ဖက်ကို ထောင်ထားပါ။ ကြမ်းပြင်ပေါ်မှာ လှဲလျောင်းနေပါ။ လက်နှစ်ဖက်က အလေးတုံးကို ကိုင်ထားပါ။

အဆင့် (၂) တင်ပါးကို အပေါ်သို့ ကြွလိုက်ပြီးနောက် အလေးတုံးကိုလည်း ပုံပါအတိုင်း ကိုင်မြှောက်လိုက်ပါ။

အဆင့် (၃) ထို့နောက် ဖြည်းဖြည်းချင်းစီ အောက်ပြန်ချပေးလိုက်ပါ။

စုစုပေါင်း ၁၀ ကြိမ်၊ ၃ ကျော့ ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၄)

Ryan Reynolds ဆွဲဆောင်

အဆင့် (၁) ခြေထောက်နှစ်ဖက်ကို ခပ်ကျယ်ကျယ် ချဲထားလိုက်ပါ။ လက်နှစ်ဖက်က အလေးတုံးကိုကိုင်မြှောက်ထားပြီး မတ်တပ်ရပ်နေပါ။

အဆင့် (၂) လက်နှစ်ဖက်ကို ဘေးဘက်သို့ ဆန့်တန်းပြီး အလေးတုံးကို မြှောက်လိုက်ပါ။

အဆင့် (၃) မူလအနေအထားအတိုင်း လက်ကို ပြန်ချလိုက်ပါ။

စုစုပေါင်း ၁၅ ကြိမ်၊ ၃ ကျော့ ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၅)

Ryan Reynolds ဆွဲဆောင်

အဆင့် (၁) ခြေထောက်နှစ်ဖက်ကို အနည်းငယ် ချဲထားလိုက်ပါ။

အဆင့် (၂) လက်နှစ်ဖက်က ကြိုးအထုံးကို ကိုင်ထားပြီးနောက် အောက်သို့ ဆွဲချလိုက်ပါ။

အဆင့် (၃) ထို့နောက် လက်နှစ်ဖက်ကို အလိုက်သင့်လေး ဖြည်းဖြည်းချင်းစီ အပေါ်သို့ မြှောက်လိုက်ပါ။

စုစုပေါင်း ၁၅ ကြိမ်၊ ၃ ကျော့ ပြုလုပ်ရပါမယ်။

အခုဖော်ပြသွားတာကတော့ Ryan Reynolds ရဲ့ လေ့ကျင့်ခန်းများဖြစ်ပြီး ကွီးတို့ကို ဆွဲဆောင် မှု တိုးလာစေမှာ အမှန်ပါပဲ။ ကွီးတို့ရော ဒီလေ့ကျင့်ခန်းများကို အချိန်ပေးပြီး ပြုလုပ်ဖို့ အဆင်သင့်ပဲလား။

Source: Mensjournal.com

Featured Image: Mensjournal