ကျန်းမာပြီး ခန္ဓာကိုယ်တွင် အဆီပိုများ ကင်းဝေးဖို့ရန်အတွက် ဘယ်လိုလေ့ကျင့်ခန်းမျိုး ပြုလုပ်ဖြစ်ပါသလဲ။ ရွေးချယ်စရာလေ့ကျင့်ခန်းတွေကတော့ အများအပြားရှိပါတယ်။ လေ့ကျင့်ခန်းအများအပြားရှိတဲ့အနက် အပြေးလေ့ကျင့်ခန်းသည်လည်း အလွယ်တကူပြုလုပ်နိုင်တဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်ပြီး ပုံမှန်ပြေးပါက အရိုးအဆစ်များ သန်မာစေခြင်း၊ ကြွက်သားများ သန်မာစေခြင်း၊ နှလုံးသွေးကြော သွေးလှည့်ပတ်မှုကောင်းမွန်ခြင်း၊ ခန္ဓာကိုယ်ရှိ အဆီပိုများ လောင်ကျွမ်းစေခြင်း အစရှိတဲ့ အကျိုးကျေးဇူးများရရှိပါတယ်။

ဒါ့အပြင် အပြေးလေ့ကျင့်ခန်းကို ကိုယ်ကြိုက်တဲ့အချိန် ကြိုက်တဲ့နေရာမှာ ပြုလုပ်နိုင်တာကြောင့် တကူးတက Gym မသွားချင်တဲ့သူတွေအတွက် သင့်တော်ပါတယ်။ ဒါပေမဲ့ အပြေးလေ့ကျင့်ခန်းပြုလုပ်တဲ့အခါမှာလည်း သတိထားရမယ့်အချက်တစ်ခုရှိပါတယ်။ ထိုအချက်ကတော့ သင့်ရဲ့လုံခြုံရေးပဲဖြစ်ပါတယ်။

လုံလုံခြုံခြုံဘေးအန္တရာယ်ကင်းစွာနဲ့ အပြေးလေ့ကျင့်ခန်းကို ဘယ်လိုလုပ်ရမလဲ။

နားကြပ်တွေကို အိမ်မှာ ထားခဲ့လိုက်ပါ

running safety tips for men

Photo Source: Freedesignfile.com

သီချင်း နားမထောင်ရဘဲနဲ့ ပြေးရတာတော့ ပျင်းစရာကောင်းလှပါတယ်။ ဒါပေမဲ့ နားကြပ်တပ်ထားပြီး ပြေးတဲ့အခါ သင့်အတွက် အန္တရာယ်များပါတယ်။ သီချင်းကို မိုင်ကုန်ဖွင့်ထားတာကြောင့် ဘေးပတ်ဝန်းကျင်ကိုလည်း ဂရုမစိုက်အားပါဘူး။ မော်တော်ဆိုင်ကယ်သံ၊ ကားသံတွေကို မကြားတော့တဲ့အပြင် ကိုယ့်ကို ရန်မူလာမယ့် လူရမ်းကားများရဲ့အန္တရာယ်ကိုလည်း ကြိုတင်မရှောင်ရှားနိုင်တော့ပါဘူး။ ဒါ့ကြောင့် နားကြပ်တွေကို အိမ်မှာ ထားခဲ့တာအကောင်းဆုံးပါပဲ။

အန္တရာယ်တစ်စုံတစ်ရာ ကြုံလာပါက ပြန်လည်ခုခံနိုင်မယ့် အိတ်ဆောင်ပစ္စည်းတစ်ခုခု သယ်သွားပါ

running safety tips for men

Photo Source: Verywellfit.com

ဘောပင်တစ်ချောင်းသည်လည်း သင် အန္တရာယ်ကျရောက်ချိန်မှာ အသုံးပြုတတ်မယ်ဆိုရင် အသုံးဝင်ပါတယ်။ လုယက်သူများက သူတို့ရဲ့ပစ်မှတ်ကို မိန်းကလေး၊ ယောကျာ်းလေး ခွဲနေမှာမဟုတ်တဲ့အပြင်  သင် ဘယ်အချိန်မှာ ဘယ်လိုပြေးတတ်သလဲဆိုတာကို စောင့်ကြည့်နေမှာဖြစ်ပါတယ်။ ဒါ့ကြောင့် တန်ဖိုးကြီးပစ္စည်းများကို ယူဆောင်မသွားဘဲ ခုခံနိုင်မယ့် ပစ္စည်းတစ်ခုခု ဆောင်သွားသင့်ပါတယ်။

လူပြတ်တဲ့နေရာတွေမှာ သွား မပြေးပါနဲ့

running safety tips for men

ဒီလမ်းက ယာဉ်အသွားအလာများလို့ လူရှုပ်လို့ တိတ်ဆိတ်တဲ့နေရာမှာ သွားပြေးဦးမယ်ဆိုပြီး မတွေးလိုက်ပါနဲ့။ လူပြတ်လေ သင့်အတွက် အန္တရာယ်ပိုများလေပါပဲ။ ဒါ့အပြင် မိုးမလင်းသေးတဲ့ မနက်အစောကြီးမှာလည်း မပြေးသင့်ပါဘူး။ လူအများ အိပ်စက်နေတဲ့အချိန်ဖြစ်တဲ့အပြင် လူခြေတိတ်ဆိတ်တဲ့နေရာတွေမှာ အကူအညီတောင်းခံလို့လည်း မရနိုင်လောက်ပါဘူး။ ကိုယ့်ရဲ့အသက်အန္တရာယ်အတွက် သေချာထည့်တွက်ပြီးမှ နေရာကောင်းကောင်း ရွေးချယ်သင့်ပါတယ်။

အုပ်စုလိုက် (သို့) သူငယ်ချင်းများနဲ့ အတူတူပြေးပါ

running safety tips for men

Photo Source: Mensjournal.com

သင့်လိုမျိုး စိတ်တူကိုယ်တူ သူငယ်ချင်းတွေရှိရင်တော့ အကောင်းဆုံးပဲပေါ့။ ဒါပေမဲ့ မရှိလည်း စိတ်မပူပါနဲ့။ သင့်လိုပဲ Solo ပြေးနေတဲ့သူတွေရှိနိုင်ပါတယ်။ သူတို့နဲ့အတူတူ မိတ်ဖွဲ့ပြီး အတူတူ ပြေးနိုင်ပါတယ်။ အပြေးပြိုင်ပွဲများ ရှိပါကလည်း ဝင်ရောက်ဆင်နွှဲပြီး လူအများအပြားနဲ့ အတူတူ ပြေးနိုင်ပါတယ်။

Source: Thesporting.blog

Featured Image Source: Stocksy.com