Marvel ပရိသတ်တွေအားလုံးကတော့ Bucky နဲ့ ရင်းနှီးပြီးသားဖြစ်ပါလိမ့်မယ်။ Bucky ကတော့ ဇာတ်ကောင်နာမည်ဖြစ်ပြီး သူ့ရဲ့နာမည်အရင်းကတော့ Sebastian Stan ဖြစ်ပါတယ်။

Bucky ဆိုတဲ့ ဇာတ်ကောင်မှာ သရုပ်ဆောင်ဖို့အတွက် ခန္ဓာကိုယ်အလေးချိန်လည်း ထိန်းရမှာဖြစ်သလို လေ့ကျင့်ခန်းလည်း ပုံမှန်လုပ်ဖို့လိုအပ်ပါတယ်။

Sebastian တစ်ယောက် Bucky ဆိုတဲ့ ဇာတ်ကောင်နဲ့အညီ ဘယ်လိုလေ့ကျင့်ခန်းတွေပြုလုပ်ပြီး ခန္ဓာကိုယ် ထိန်းသိမ်းသလဲဆိုတာ ဝေမျှပေးလိုက်ရပါတယ်။

လေ့ကျင့်ခန်း (၁)

Sebastian Stan's The Flacon and The Winter Soldier's Workouts for Men

အလေးတုံးကို လက်တစ်ဖက်က ကိုင်ပြီး မတ်တပ်ရပ်နေပါ။ ထို့နောက် ပုံပါအတိုင်း ညာဒူး ထောက်ကာ ဘယ်ဒူးကို ၉၀ ဒီဂရီ ကွေးလိုက်ပါ။ ထိုကဲ့သို့ ဒူးကွေးလိုက်တဲ့အချိန်မှာ အလေးတုံးကို အပေါ်သို့ မြှောက်လိုက်ပါ။ ထို့နောက် မူလအနေအထားအတိုင်း ပြန်နေပါ။ စုစုပေါင်း ၈ ကြိမ် ပြုလုပ်ပါ။ ထို့နောက် အလေးတုံးကို ဘက်ပြောင်းကိုင်ကာ စောစောကအတိုင်း ၈ ကြိမ် ဆက်လုပ်ပါ။

ဘယ် ညာ တစ်လှည့်စီပြီးသွားတဲ့အခါ ၁ မိနစ်နားပါ။ ထိုနည်းအတိုင်း နောက်ထပ် ၄ ခါ ဆက်လုပ်ပေးပါ။

လေ့ကျင့်ခန်း (၂)

Sebastian Stan's The Flacon and The Winter Soldier's Workouts for Men

ခြေထောက်နှစ်ဖက်ကို ပုခုံးအကျယ်အတိုင်း ချဲထားပါ။ လက်နှစ်ဖက်က အလေးတုံးကို ကိုင်ထားပါ။ ထို့နောက် ပုံပါအတိုင်း လက်နှစ်ဖက်ကိုအပေါ်သို့ ဆန့်တန်းပြီး ကားလိုက်ပါ။ ထို့နောက် လက်ပြန်ချပါ။

၁၀ ကြိမ် ၄ ခါ ပြုလုပ်ရပါမယ်။ လေ့ကျင့်ခန်း တစ်ခါနှင့် တစ်ခါကြား ၁ မိနစ်ခန့် အနားယူနိုင်ပါတယ်။

လေ့ကျင့်ခန်း (၃)

Sebastian Stan's The Flacon and The Winter Soldier's Workouts for Men

ဒူးအနည်းငယ် ကွေးထားပါ။ အလေးတုံးနှစ်တုံးကို လက်နှစ်ဖက်က ကိုင်ပါ။ ထို့နောက် အအေးတုံးကို ပုခုံးနဲ့ တစ်တန်းတည်းဖြစ်သွားအောင်လို့ ဘေးနှစ်ဖက် ကားလိုက်ပါ။ မူလအနေအထားအတိုင်း ပြန်နေပါ။ ၁၀ ကြိမ် ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၄)

Sebastian Stan's The Flacon and The Winter Soldier's Workouts for Men

ခြေထောက်နှစ်ဖက်ကို ပုခုံးအကျယ်အတိုင်း ချဲထားပါ။ အလေးတုံးကို ခေါင်းပေါ်တွင် ကိုင်မြှောက်ထားပါ။ ထို့နောက် အလေးတုံးဖြင့် နာရီလက်တံအတိုင်း ဝိုက်လိုက်ပါ။ ၁၀ ကြိမ် ပြည့်တဲ့အခါ နာရီလက်တံပြောင်းပြန် ပြန်ဝိုက်ပါ။ ၁၀ ကြိမ် ပြည့်ပါက တစ်မိနစ်နားပါ။ နောက်ထပ် ၄ ခါ ဆက်လုပ်ပါ။

လေ့ကျင့်ခန်း (၅)

Sebastian Stan's The Flacon and The Winter Soldier's Workouts for Men

လက်တစ်ဖက်က အလေးတုံး ကိုင်ထားပါ။ ပုခုံးကို မတ်မတ်ထားပြီး ၂၅ ကိုက် ကျယ်ဝန်းသော နေရာတွင် အသွားအပြန် လမ်းလျှောက်ပါ။ အသွားအပြန်ကို ၄ ကြိမ်တိတိ ပြည့်အောင် လျှောက်ပါ။

အလေးတုံးကို ဘက်ပြောင်းကိုင်ဖို့လည်း မမေ့ပါနဲ့။

Source: Mensjournal.com

Featured Image Source: Manofmany.com