သက်ရှည်ကျန်းမာစေဖို့ လျို့ဝှက်ချက်တွေက တကယ်တော့သင့်အနီးနား လက်တစ်ကမ်းအလိုမှာရှိနေတာပါ။ သင်ကိုယ်တိုင်လိုက်နာလုပ်ဆောင်ရုံနဲ့ ကျန်းမာပျော်ရွှင်တဲ့ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ သက်ရှည်ကျန်းမာစေဖို့ မခက်ခဲပဲ လူတိုင်းလုပ်နိုင်တဲ့အလေ့အထလေးတွေပြောပြပေးချင်ပါတယ်။

(၁) ရယ်မောပါ

Laughing young man holding eyeglasses

Source : Freepik

အားရပါးရ ဟက်ဟက်ပက်ပက်ရယ်မောခြင်းက ပျော်ရွှင်မှုဟော်မုန်းတွေ တိုးစေပါတယ်။ ခန္ဓာကိုယ်သွေးလည်ပတ်မှုကိုလည်းကောင်းမွန်စေပြီး စိတ်ဖိစီးမှုများ စိုးရိမ်ပူပန်မှုများတဲ့ အပျက်သဘောဆောင်တဲ့အတွေးတွေကိုလည်းရှင်းထုတ်ပေးပါတယ်။ ဒါကြောင့်နေ့ရက်တိုင်းမှာ အားရပါးရရယ်မောဖို့ မမေ့ပါနဲ့။

(၂) တရားထိုင်ပါ

young sportsman meditating in lotus pose

Source : Freepik

တရားထိုင်ခြင်းက စိတ်နှင့်ခန္ဓာကိုယ်ကို အေးချမ်းမှုအပေးနိုင်ဆုံး အလေ့အထတစ်ခုဖြစ်ပါတယ်။ နေ့စဉ်ပုံမှန်တရားထိုင်တဲ့အခါ တည်ငြိမ်အေးချမ်းမှုတွေကိုခံစားရစေပြီး အကောင်းမြင်စိတ်ကိုတိုးပွားစေပါတယ်။ မအိပ်ခင် ၁၅ မိနစ်လောက်တရားထိုင်ပေးခြင်းဟာ အိပ်စက်ခြင်းကိုအထောက်အပံ့ပေးပြီး ကောင်းစွာအိပ်ပျော်စေနိုင်ပါတယ်။ ဒါကြောင့်သင့်အနေနဲ့ အိပ်ရာမဝင်ခင်တရားထိုင်ပေးပါ။

(၃) ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ

Young african-american man training at home

Source : Freepik

လေ့ကျင့်ခန်းလုပ်ဆောင်ခြင်းဟာ စိတ်ဖိစီးကိုလျော့ကျစေသလို ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်ကို ရရှိစေတဲ့ အကောင်းဆုံးအလေ့အထတစ်ခုဖြစ်ပါတယ်။ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ခြင်းတွေနဲ့ ပျော်ရွှင်တဲ့စိတ်ခံစားမှုတွေကိုပိုင်ဆိုင်နိုင်ဖို့ နေ့တိုင်း ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်။

(၄) အချိန်မှန်မှန်အိပ်ပါ

Exhausted man sleeping in his bed

Source : Freepik

အချိန်မှန်မှန်အိပ်စက်အနားယူခြင်းက ခန္ဓာကိုယ်အတွက် လုံလောက်တဲ့စွမ်းအင်တွေကို ဖြည့်တင်းပေးပြီး ကိုယ်ခံအားကိုလည်းကောင်းစေပါတယ်။ လုံလောက်တဲ့အိပ်စက်ချိန်ရဖို့အတွက် ညအချိန်မှာဖုန်းတွေသုံးမယ့်အစား စာအုပ်ဖတ်ပါ။ စာဖတ်ခြင်းက ဗဟုသုတတိုးစေတဲ့အပြင် ကောင်းစွာအိပ်ပျော်စေဖို့လည်းကူညီပေးပါတယ်။