ဘဝမှာ ကျွန်တော်တို့ ထင်မှတ်မထားတဲ့ အရာတွေ အချိန်မရွေး ကြုံတွေ့ရနိုင်ပါတယ်။ ဘဝဆိုတာ အနိမ့်အမြင့် အတက်အကျများတဲ့ အချိုးအကွေ့အလှည့်အပြောင်းတွေနဲ့ အမြဲပြည့်နှက်နေတာပါ။ အရာရာတိုင်းက ကိုယ်မျှော်လင့်ထားသလို ဖြစ်နိုင်ဖို့ မလွယ်ပါဘူး။ ဒီလို ကိုယ်မျှော်လင့်မထားတဲ့ အခြေအနေ တွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရချိန်မှာ တည်တည်ငြိမ်ငြိမ်နဲ့ အကောင်းဆုံး ရင်ဆိုင်ကျော်ဖြတ်သွားနိုင်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ စာဖတ်သူ ကွီးပရိသတ်တွေရဲ့ ဘဝမှာ ကြိုတင်မျှော်လင့်မထားတဲ့ Shock ရစရာ အခြေအနေတွေနဲ့ကြုံတိုင်း အေးဆေးတည်ငြိမ်စွာ ရင်ဆိုင်ကျော်ဖြတ်သွားနိုင်ဖို့ အကြံဉာဏ်တချို့ကို မျှဝေပေးချင်ပါတယ်။

(၁) အမှန်တရားကို လက်ခံပါ

man

Photo : Inspiring Tips

ဘဝဟာ မျှော်လင့်မထားတဲ့ အခြေအနေ တွေနဲ့ အမြဲပြည့်နှက်နေတယ်ဆိုတဲ့ အမှန်တရားကို နားလည်လက်ခံထားဖို့ လိုပါတယ်။ လူတွေအတွက် တချို့သော အချိုးအကွေ့ အပြောင်းအလဲတွေက လက်ခံနိုင်ဖို့ ခဲယဉ်းပါတယ်။ သို့သော် ဒါတွေကို လက်မခံထားလို့ မရပါဘူး။ ဘဝမှာ တစ်ချိန်မဟုတ်တစ်ချိန် ကိုယ် ကြိုတင်မျှော်လင့်မထားတဲ့ အရာတွေ ၊ အပြောင်းအလဲတွေ ဖြစ်လာနိုင်တယ်ဆိုတာကို လက်ခံထားမယ်ဆိုရင် အမှန်တကယ် အချိန်ကျလာတဲ့အခါမှာ တည်တည်ငြိမ်ငြိမ် နဲ့ အကောင်းဆုံး အဖြေရှာနိုင်စေဖို့ ကူညီပေးပါလိမ့်မယ်။

(၂) အပြစ်တင်ခြင်းကို ရှောင်ကြဉ်ပါ

man

Photo : Apolitical

ဘဝမှာ ဘယ်သူမှ ပြီးပြည့်စုံတဲ့ သူဆိုတာ မရှိပါဘူး။ လူတိုင်းမှာ အားနည်းချက် အားသာချက်တွေ ကိုယ်စီရှိကြပါတယ်။ လူတွေက ကိုယ်မျှော်လင့်မထားတဲ့ အခြေအနေ တွေ ၊ အဆိုးတွေနဲ့ ကြုံရတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဒါမှမဟုတ် တခြားသူတွေကို အပြစ်တင်ဖို့ ကြိုးစားတက်ကြပါတယ်။ တစ်ခါတစ်ရံ ဘဝကမတရားဘူးလို့ ထင်ကောင်းထင်ရပေမယ့်လည်း တစ်စုံတစ်ဦး သို့မဟုတ် မိမိကိုယ်ကိုယ် အပြစ်တင်ဖို့ ကြိုးစားနေခြင်းဟာ ကိုယ့်ကိုယ်ကိုယ် အဆိုးနွံထဲမှာပဲ နစ်ကျန်ရစ်နေစေမှာ ဖြစ်ပါတယ်။

(၃) စိတ်ခံစားချက်တွေကို ထိန်းချုပ်ပါ

man

Photo : Krista Jordan

စိတ်ခံစားချက်တွေဟာ သိပ်ကိုအရေးကြီးပါတယ်။ လူတွေဟာ မျှော်လင့်မထားတဲ့ အဆိုးဆုံး အခြေအနေ တွေနဲ့ ကြုံရတဲ့အခါ စိတ်ရဲ့ထိန်းချုပ်မှုတွေကို လွှတ်ချပြီး ခံစားမှုနောက်ကို လိုက်တက်ကြပါတယ်။ ဒါဟာ မဖြစ်သင့်တဲ့ အမှားတွေ ၊ ပိုဆိုးရွှားတဲ့ အခြေအနေတွေကို ဖန်တီးနေခြင်း ဖြစ်ပါတယ်။ တကယ်တော့ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံး ထိန်းချုပ်ပြီး ပြဿနာအတွက် ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို အဖြေရှာရမှာပါ။ စိတ်ခံစားချက် နောက်လိုက်ခြင်းဟာ အမှားတွေကို ပိုလုပ်မိစေဖို့ တွန်းအားပေးနေခြင်းသာ ဖြစ်ပါတယ်။

(၄) အကောင်းမြင်နိုင်ဖို့ ကြိုးစားပါ

man

Photo : GXunited

ဘယ်လောက်ပဲ ဆိုးရွှားတဲ့ အရာတွေနဲ့ ကြုံရပါစေ အကောင်းဘက်က ရှုမြင်နိုင်တဲ့ စိတ်ကိုထားတက်ရင် အဆိုးဆုံး အခြေအနေ တွေကိုမှ ကျော်လွှား သွားနိုင်ပါတယ်။ ဒါဟာ အကောင်းမြင်စိတ်ရဲ့ စူပါပါဝါ တစ်ခုပါပဲ။ ကိုယ်ထင်မှတ်မထားတဲ့ ကိစ္စတွေ ၊ Shock ရစရာ အခြေအနေတွေ ကြုံရပြီဆိုရင် တက်နိုင်သမျှ ကောင်းကွက်ကိုရှာပါ။ အကောင်းမြင်စိတ်ကို မွေးပါ။ တည်တည်ငြိမ်ငြိမ်နဲ့ ကျော်လွှားနိုင်မှာ သေချာပါတယ်။

(၅) ရင်ဖွင့်ပါ

Photo : Unsplash

ကျွန်တော်တို့ မျှော်လင့်မထားတဲ့ Shock ရစရာ အခြေအနေ တွေနဲ့ ကြုံတဲ့အခါ ကိုယ့်ရဲ့ခံစားချက် ၊ ရင်တွင်းစကားတွေကို ထုတ်ဖော်ပြသဖို့ ဝန်မလေးပါနဲ့။ တစ်ယောက်တည်းကြိတ်ပြီး ခံစားဖြေရှင်းနေတာထက် ယုံကြည်ရတဲ့ မိသားစု ၊ သူငယ်ချင်းတွေကို ရင်ဖွင့်ပြီး လိုအပ်ပါက အကူညီအကြံဉာဏ် တောင်းနိုင်ပါတယ်။ တကယ်တော့ သင်တစ်ယောက်တည်း မဟုတ်ဘူးဆိုတာကို သတိရပါ။ အနည်းဆုံးတော့ သင့်ကိုချစ်တဲ့ ၊ သင်နဲ့အတူ မျှဝေခံစားနိုင်တဲ့ ချစ်ရတဲ့ မိသားစုဝင်တွေ ၊ သူငယ်ချင်းတွေ သင့်ဘေးမှာရှိနေပါတယ်။

Featured Photo : Open Access Government