လူတစ်ယောက်မှာ ဝတ်စားဆင်ယင်မှုက ထိုသူရဲ့ First Impression အပေါ်သက်ရောက်မှု ကြီးမားပါတယ်။ ထို့အတူ ဖိနပ်များဟာလည်း ဝတ်စားဆင်ယင်မှုထဲမှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပါ။ ထို့အပြင် ဖိနပ်များဟာ နေ့စဉ်သုံးပစ္စည်း တစ်ခုထက်တဲ့အပြင် ရွေးချယ်ဝတ်ဆင်တဲ့အသွင်အပြင်ကိုလိုက်ပြီး စတိုလ်ကျမှုနဲ့ ဖက်ရှင်ပိုင်းမှာလည်း ကွဲပြားစွာအကျိုး သက်ရောက်ပါတယ်။ ဒါကြောင့် ကွီးတို့အတွက် Shoes ရွေးချယ်မှု မှန်ကန်စေဖို့ သိထားသင့်တဲ့ အချက်များကို ဖော်ပြပေးချင်ပါတယ်။

(၁) အမျိုးအစားရွေးချယ်မှု

Shoes ရွေးချယ်မှု

Photo : GQ

ပထမဆုံးအနေနဲ့ Shoes ရွေးချယ်မှု မှန်ကန်စေဖို့အတွက် ဘယ်လိုရည်ရွယ်ချက်နဲ့ ဘယ်လိုနေရာမှာ ဝတ်ဆင်ဖို့လည်းဆိုတာ သေချာသိပါစေ။ ဥပမာ ကွီးတို့က Business Suit နဲ့ တွဲဖက်ဝတ်ဆင်ဖို့ ဖိနပ်ရှာနေတာလား။ ဒါမှမဟုတ် ပေါ့ပေါ့ပါးပါး ဝတ်ဆင်ဖို့ Sneaker လိုမျိုးဖိနပ်ရှာနေတာလား။ ဒါမှမဟုတ်ပွဲတတ် ဝတ်စုံနဲ့ ဝတ်ဆင်ဖို့ အတွက်လားဆိုတဲ့ အပေါ်မှာ မူတည်ပြီး ဖိနပ်အမျိုးအစားကို သေချာဆုံးဖြတ်ပါ။

(၂) ဖိနပ် Size

FOOD WEAR

Photo : Real Man Real Style

ကွီးတို့ရေ မှန်ကန်တဲ့ Shoes ကိုရွေးချယ်နိုင်ဖို့ဆိုရင် ဖိနပ် Size ကိုသေချာရွေးချယ်ဖို့ပါပဲ။ ဖိနပ် Size ကို သေချာစွာရွေးချယ်နိုင်ဖို့ အကောင်းဆုံးနဲ့အလွယ်ဆုံးကတော့ သေချာစီးကြည့်ခြင်း ဖြစ်ပါတယ်။ ကြီးလွန်း ၊ သေးလွန်းတဲ့ ဖိနပ်တွေက ကွီးတို့ကို အဆင်မပြေဖြစ်စေပါတယ်။ နောက်အရေးကြီးတဲ့ တစ်ချက်က ကွီးတို့ ခြေထောက်အရှည်ဆုံးထိပ်နဲ့ ဖိနပ်ထိပ်မှာ ကြားနေရာမှာ နေရာရာ အလုံအလောက်ရှိသင့်ပါတယ်။ ၎င်းကို စစ်ဆေးရန်အတွက် ကွီးရဲ့ ခြေဖနောင့်နှင့် ဖိနပ်ကြားတွင် လက်ညိုးကို နောက်သို့ ထားကြည့်ပါ။ လက်ညိုး သေချာထိုးကြည့်လို့ ရရင် ပြီးပြည့်စုံသောအရှည်ဖြစ်ပါတည်။ ဒါမှသာ ကွီးတို့ အတွက် သက်တောင့်သက်သာ ဖြစ်စေမှာပါ။

(၃) ဖိနပ်ကို သေချာစီးကြည့်ပါ

Shoes ရွေးချယ်မှု

Photo : The Authentic Gay

ကွီးတို့ရဲ့ Shoes ရွေးချယ်မှု မှန်ကန်ဖို့ဆိုရင် မိမိရွေးချယ်ထားတဲ့ဖိနပ်ကို သေချာစီးကြည့်ဖို့ လိုပါတယ်။ တစ်ခါတစ်ရံ ဖိနပ်တွေက ကွီးတို့ရဲ့ ခြေထောက်တွေနဲ့ အရွယ်အစား ကွက်တိဖြစ်ပေမဲ့လည်း လမ်းလျှောက်တဲ့အခါ သက်တောင့်သက်သာ မရှိတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကွီးတို့ရွေးချယ်ထားတဲ့ ဖိနပ်ကို စီးပြီးအကြိမ်အနည်းငယ် လမ်းလျှောက်ကြည့်ပါ။ ဒါ့အပြင် ကွီးတို့ ပုံမှန်ဝတ်ဆင်နေကျ ခြေအိတ်နဲ့လည်း အဆင်ပြေခြင်းရှိမရှိ၊ သိရအောင် တစ်ပါတည်း ဖိနပ်စမ်းသပ်စီးကြည့်တဲ့အခါ တစ်ပါတည်း ဝတ်ဆင်ထားပါ။

(၄) နေ့ခင်းဘက်တွင် ဖိနပ်ဝယ်ပါ

food wear

Photo : Fashion Suggest

ဖိနပ်ဝယ် ရွေးချယ်ဝယ်လျှင် နေ့ခင်းဘက်မှာ ရွေးချယ်ဝယ်ယူဖို့ အကြံပြုချက်တွေ ရှိပါတယ်။ နေ့ခင်းဘက်မှာ ခြေထောက်ဟာ သဘာဝအတိုင်း အနည်းငယ်ကျယ်လာလို့ ဖြစ်ပါတယ်။ ဒါမှသာ အချိန်အများဆုံး ဝတ်ဆင်ဖြစ်လေ့ရှိတဲ့ နေ့ဘက်အတွက် မှန်ကန်ပြီးသက်တောင့်သက်သာဖြစ်တဲ့ ဖိနပ် အရွယ်အစားကို ရွေးချယ်နိုင်မှာပါ။

(၅) ဖိနပ်ကို သေချာစစ်ဆေးပါ

food wear

Photo : GMC India

နောက်ဆုံးတစ်ချက်အနေနဲ့ ကွီးတို့ ရွေးချယ်ထားတဲ့ဖိနပ်ရဲ့ ချုပ်ရိုးချုပ်သားများ၊ ခြေထောက်ကိုထိခိုက်စေတဲ့ အရာများအခြားအရာများ ရှိမရှိသေချာစစ်ဆေးပါ။ ထို့အပြင် ချွန်ထက်သောအရာများကို နင်းမိခြင်းကြောင့် ခြေထောက်ထိခိုက်ဒဏ်ရာဖြစ်စေခြင်းကို အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်စေရန် ခိုင်ခံ့မှုရှိမရှိစစ်ဆေးပါ။

အခု ဖော်ပြပေးလိုက်တာကတော့ ကွီးတို့အတွက် Shoes ရွေးချယ်မှု မှန်ကန်စေဖို့ သိထားသင့်တဲ့ အချက်များ ပဲဖြစ်ပါတယ်။ ဖိနပ်ဝယ်ဖို့ စဉ်းစားနေတဲ့ ကွီးတို့အတွက် အထောက်အကူပြုစေဖို့ မျှော်လင့်ပါတယ်။

Featured Photo : Melvin