Shoes တစ်ရံဟာ အနည်းဆုံး ၆ လ ကနေ ၁ နှစ်ကြားမှာ တစ်ကြိမ် အသစ်လဲသင့်တယ်လို့ ကျွမ်းကျင်သူတွေက ပြောထားပါတယ်။ ဟောင်းနွမ်းပျက်စီးနေတဲ့ Shoes တွေကို ပေတေပြီး ဆက်ဝတ်နေတာဟာ ကွီးတို့ရဲ့ စတိုင်ကို လျော့ကျစေနိုင်သလို ခြေထောက် ကျန်းမာရေးနဲ့ ကိုယ်ဟန်အနေအထားကိုပါ ထိခိုက်စေနိုင်ပါတယ်။ အကယ်၍ အခုပြောပြမယ့် လက္ခဏာ တွေ ပြနေပြီဆိုရင်တော့ ကွီးတို့ရဲ့ Shoes ကို ချက်ချင်း အသစ်တစ်ရံ လဲသင့်ပြီဆိုတာ သိနိုင်ပါပြီ။
(၁) ဖိနပ်ပုံ ပျက်နေတဲ့အခါ
Photo : The Gate – with Brian Cohen – BoardingArea
Shoes တစ်ရံဟာ နဂိုမူလရှိရမယ့် အနေအထားအတိုင်း မရှိပဲ ပုံပျက်ပြီး ရွဲနေပြီဆိုရင် ကွီးတို့ရဲ့ Shoes က ပျက်စီးတဲ့ အပိုင်းကိုရောက်နေပြီဆိုတာ ပြနေတဲ့ လက္ခဏာပါပဲ။ အထူးသဖြင့် ဖိနပ်ကို ချွတ်ထားချိန်မှာ သိသိသာသာ ပုံပျက်နေတယ်ဆိုရင် အဲ့ဒီ ဖိနပ်ကို ဆက်မစီးသင့်တော့ပါဘူး။ ပုံပျက်နေတဲ့ ဖိနပ်တွေက ကွီးတို့ရဲ့ ခြေထောက်ကို လုံလောက်တဲ့ ကာကွယ်မှုမျိုးပေးနိုင်မှာ မဟုတ်သလို ဆက်ပြီးအသုံးပြုနေမယ် ဆိုပါက ခြေထောက်မှာပါ ဒဏ်ဖြစ်လာနိုင်ပါတယ်။
(၂) ခြေဖဝါး ၊ ဒူးခေါင်းနဲ့ ခါးအောက်ပိုင်းနေရာတွေမှာ နာကျင်မှု ခံစားရတဲ့အခါ
Photo : Healthline
Shoes တွေက ဖက်ရှင်တစ်ခု အနေနဲ့သာမကပဲ ကိုယ်ဟန်အနေအထားနဲ့ ခန္ဓာကိုယ်လှုပ်ရှားမှုပိုင်းမှာပါ သက်ရောက်မှုရှိပါတယ်။ ကွီးတို့အနေနဲ့ ခြေဖဝါး ၊ ဒူးခေါင်း ဒါမှမဟုတ် ခါးအောက်ပိုင်းနေရာတွေမှာ အကြောင်းမဲ့ နာကျင်ကိုက်ခဲမှုကို ခံစားနေရပြီဆိုရင်တော့ ဒါဟာ ကွီးတို့ရဲ့ဖိနပ်တွေက လုံလောက်တဲ့ ကာကွယ်ထောက်ပံ့မှုမျိုး မပေးနိုင်တော့ဘူးဆိုတာ ပြနေတဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။ လေ့လာမှုတွေအရ ဆိုဒ်မမှန်တဲ့ ဖိနပ်တွေကို ဝတ်ဆင်ခြင်းကလည်း ခြေဖဝါး ၊ ဒူးခေါင်းနဲ့ ခါးအောက်ပိုင်းနေရာတွေကို နာကျင်ကိုက်ခဲမှုမျိုး ဖြစ်စေတက်သလို အရည်အသွေးညံ့ဖျင်းတဲ့ Shoes တွေနဲ့ ပျက်စီးနေတဲ့ Shoes တွေကို ဆက်ဝတ်နေတာကလည်း အလားတူ နာကျင်မှုကို ခံစားရစေနိုင်တယ်လို့ ဆိုပါတယ်။
(၃) သက်တောင့်သက်သာ မဖြစ်တော့တဲ့အခါ
Photo : Freepik
Shoes တစ်ရံရဲ့ အရည်အသွေးဟာ ဝတ်ထားချိန်နဲ့ လမ်းလျှောက်တိုင်းမှာ သိသာကွဲပြားတဲ့ ခံစားမှုကို ခံစားရစေပါတယ်။ အရည်အသွေးမကောင်းတဲ့ ဖိနပ်တွေ ဒါမှမဟုတ် အချိန်အတော်ကြာ အသုံးပြုထားတဲ့ ဖိနပ်တွေဟာ စီးရတာ လုံးဝ သက်တောင့်သက်သာ မဖြစ်ပါဘူး။ ဖိနပ်စီးထားချိန်မှာ ခြေဖဝါးနဲ့ ခြေကျင်းဝတ်နေရာတွေ နာကျင်တာ သို့မဟုတ် သက်တောင့်သက်သာ မခံစားရတာဟာ အဓိကအားဖြင့် အရည်အသွေးမကောင်းတဲ့ ဖိနပ်တွေနဲ့ ပျက်စီးနေတဲ့ ဖိနပ်တွေကို ဆက်သုံးနေခြင်းကြောင့် ဖြစ်ပါတယ်။
(၄) ခြေထောက်မှာ အရည်ကြည်ဖုတွေ ထွက်လာတဲ့အခါ
Photo : Verywell Health
ခြေထောက်မှာ အရည်ကြည်ဖုတွေ ထွက်လာတဲ့ လက္ခဏာ ဟာ သေချာတာ တစ်ခုကတော့ ကွီးတို့အနေနဲ့ စုတ်ပြဲနေတဲ့ ဖိနပ်တွေကို ဆက်ပြီး ပေဝတ်နေလို့ပါပဲ။ ဖိနပ်ရဲ့ စုတ်ပြဲနေတဲ့ အပိုင်းနဲ့ အရေပြားကို ကြိမ်ဖန်များစွာ ပွတ်တိုက်မိတဲ့အခါ အရည်ကြည်ဖုတွေ ထွက်လာတက်ပါတယ်။ ကွီးတို့ခြေထောက်မှာ အရည်ကြည်ဖုတွေ ထွက်လာနေပြီဆိုရင် အဲ့ဒီ စီးလက်စ Shoes ကို ဆက်မစီးတော့ဖို့ အကြံပြုချင်ပါတယ်။
(၅) ခြေဖဝါးနဲ့ ခြေချောင်းတွေ နီမြန်းယားယံလာတဲ့အခါ
Photo : Healthline
Shoes ချွတ်လိုက်ချိန်မှာ ခြေဖဝါးနဲ့ ခြေချောင်းတွေ နီမြန်းပြီး ယားယံနေတယ်ဆိုရင်တော့ ဒါဟာ ပျက်စီးယို့ယွင်းနေတဲ့ ဖိနပ်ကို ဆက်ဝတ်ထားခြင်းကြောင့် ဖြစ်လာတက်တဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။ ခြေဖဝါးနဲ့ ခြေချောင်းတွေ နီးမြန်းယားယံတာဟာ ရောဂါပိုးဝင်ခြင်းနဲ့ ရောင်ရမ်းခြင်း ကဲ့သို့ မတူညီတဲ့ ကျန်းမာရေး ပြဿနာတွေရဲ့ လက္ခဏာ တစ်ခုလည်း ဖြစ်နိုင်ပါတယ်။ အရမ်းတင်းကျပ်တဲ့ ဖိနပ်တွေ ဝတ်တဲ့အခါမျိုးမှာ ချွေးအောင်းပြီး မှိုစွဲတက်သလို သွေးစီးဆင်းမှု ကောင်းကောင်းမရှိတဲ့အတွက် ခြေဖဝါးနီမြန်း ယားယံတာ ၊ နာကျင်တာနဲ့ ကြွက်တက်တာတွေအထိ ဖြစ်နိုင်ပါတယ်။
အကောင်းဆုံးကတော့ Shoes တွေကို တစ်ရံတည်း ဝတ်မယ့်အစား ၂ ရံ ၃ ရံ ပြောင်းလဲ ဝတ်ဆင်သင့်ပါတယ်။ ဒါပေမယ့် ဖိနပ်တစ်ရံကို နေ့စဉ်ပုံမှန်အသုံးပြုမယ်ဆိုပါက အနည်းဆုံး ၁ နှစ် သက်တမ်းမှာ တစ်ကြိမ်တော့ ဖိနပ်အသစ်တစ်ရံနဲ့ အစားထိုး ပြောင်းလဲဝတ်ဆင်ပေးဖို့ လိုပါတယ်။ ဖိနပ်ရဲ့ အရည်အသွေးပေါ် မူတည်ပြီး ၆ လ ဝန်းကျင်ခန့်မှာလည်း ဖိနပ်အသစ် တစ်ရံ ပြောင်းလဲကောင်းပြောင်းလဲ ရနိုင်ပါတယ်။ အကယ်၍ ကွီးတို့က အပြေးအားကစားသမား တစ်ယောက်ဆိုပါက အသုံးပြုမှုပေါ် မူတည်ပြီး ၄ လ ကနေ ၆ လ တစ်ကြိမ် Running Shoes တွေကို လဲလှယ်ပေးသင့်ပါတယ်။ Running Shoes တွေ အများဆုံး မိုင် ၃၀၀ ကနေ မိုင် ၅၀၀ အထိပဲ အစီးခံအောင် ထုတ်ထားတဲ့အတွက် သက်တမ်းကုန်တာနဲ့ သေချာပေါက် အသစ်တစ်ရံ လဲပေးရမှာ ဖြစ်ပါတယ်။
Featured Photo : Best Life