ဗော့ဒ်ကာနဲ့ Coffee Liqueur (Kahlua) ကို အဓိကဖျော်စပ်ထားတဲ့ စွဲမက်စရာ ကော်ဖီအရသာ White Russian ကောလ့်တေး ဟာ အချိန်နေရာမရွေး သောက်လို့ အဆင်ပြေတဲ့ ကော့လ်တေးတစ်ခွက် ဖြစ်ပါတယ်။ White Russian ကော့လ်တေးကို ၁၉၉၈ ခုနှစ်ထွက် The Big Lebowski ရုပ်ရှင်နဲ့ တွဲပြီး လူသိများခဲ့ပေမယ့် အမှန်တကယ်မှာတော့ ဒီကော့လ်တေးဟာ ၁၉၅၀ ကာလတွေကတည်းက စတင်ခဲ့တာ ဖြစ်ပါတယ်။

Photo : A Couple Cooks

ဗော့ဒ်ကာ ၊ Coffee Liqueur (Kahlua) ၊ Cream သို့မဟုတ် နွားနို့စတဲ့ ပါဝင်ပစ္စည်း ၃ မျိုးနဲ့ပဲအလွယ်ကူအရိုးရှင်းဆုံး ပြင်ဆင်ဖျော်စပ်ရတာ ဖြစ်ပါတယ်။ ယောကျာ်းလေးတွေရော မိန်းကလေးတွေပါ သောက်လို့အဆင်ပြေပြီး နေ့လည်နေ့ခင်း တက်ကြွမှုပြန်လည်ရှာဖွေချင်လို့ပဲ ဖြစ်ဖြစ် ညပါတီပွဲတွေမှာ ပေါ့ပေါ့ပါးပါး သောက်ချင်လို့ပဲ ဖြစ်ဖြစ် အဆင်ပြေတဲ့ ကော့လ်တေးတစ်ခွက် ဖြစ်ပါတယ်။ ကဲဒါဆို ကော့လ်တေးဖျော်စပ်နည်း အဆင့်ဆင့်ကို ကြည့်လိုက်ရအောင်ပါ။

Photo : A Couple Cooks

အရင်ဆုံး Low Ball ဖန်ခွက်တစ်လုံးထဲမှာ ဗော့ဒ်ကာ ၂ အောင်စ ၊ Kahlua သို့မဟုတ် တခြား Coffee Liqueur ၁ အောင်စ တို့ရောထည့်ပြီး ရေခဲလက်တဆုပ်စာလောက် ဖြည့်လိုက်ပါ။ ပြီးရင်အပေါ်က Heavy Cream ၁ အောင် ထပ်ဖြည့်ပြီး အေးလာတဲ့အထိ ဖြည်းဖြည်းချင်း မွှေပေးရပါမယ်။ ဒါဆိုရင်တော့ Cream အပြည့်နဲ့ စွဲမက်စရာ ကော်ဖီအရသာ White Russian ကော့လ်တေးတစ်ခွက် အသင့်သောက်နိုင်ပြီဖြစ်ပါတယ်။

Featured Photo : A Lush Life Manual