Belly Fat တွေဟာ နာတာရှည်ရောဂါနဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်စေနိုင်တဲ့ ကင်ဆာလိုမျိုး ရောဂါတွေအထိ ဖြစ်စေနိုင်တဲ့အထိအန္တရာယ်ကြီးပါတယ်။ ဒါ့ကြောင့် Belly Fat တွေခပ်ပေါ့ပေါ့သဘောမထားဖို့နဲ့ ဝမ်းဗိုက်မှာအဆီတွေစုလာရင် အမြန်ဆုံးဖယ်ရှားဖို့လိုမှာပါ။ ဒီနေ့တော့ ဝမ်းဗိုက်အဆီတွေဖယ်ရှားဖို့အခြေံခံ အချက် ၃ ချက်ကိုမျှဝေပေးမှာပါ။

Diet လုပ်ပေးပါ

Eat Healthy

Photo : Urbasm

Diet အနေနဲ့ လိမ္မော်သီး ဖျော်ရည် ၊ ဂျုံပေါင်မုန့် ၊ Oat Meal တို့ကို စားပေးရမှာပါ။ သကြားကတော့ ဗိုက်အဆီချသူတွေ မဖြစ်မနေရှောင်ရမယ့် ရန်သူစာရင်းမှာသာ ထည့်ထားလိုက်ပါ။ ကျန်တာကတော့ အသီးအနှံနဲ့ အမျှင်ဓါတ်များတဲ့ သဘာဝအစားအသောက်တွေ စားပေးနိုင်ပါတယ်။

အိပ်ချိန်မျှတမှုရှိပါစေ

 Handsome Man Sleeping Bed

Photo : Medical News Today

အိပ်ရေးဝခြင်းနဲ့ အလွန်အကျွံအိပ်စက်ခြင်းတွေဟာ ဗိုက်အဆီပြဿနာကို ပိုဆိုးစေနိုင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အိပ်စက်မှုပုံစံကတော့ တစ်ညကို ၆ နာရီနဲ့ ၇ နာရီအကြားပဲ အိပ်သင့်ပါတယ်။ အစားအသောက် စားပြီးခါစမှာ အိပ်ရာတန်းမဝင်ဖို့လည်း လိုပါတယ်။ အကောင်းဆုံးက အိပ်ချိန်နဲ့ အစားအသောက် စားမယ့်အချိန်ကို အနည်းဆုံး ၁ နာရီ ၊ ၁ နာရီခွဲလောက် ခွာထားဖို့ သင့်ပါတယ်။

လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ

Man Crossfit Ropes Featured

Photo : Unsplash

အရွယ်ရောက်သူတစ်ယောက်အနေနဲ့ တစ်ပတ်ကို အနည်းဆုံး မိနစ် ၁၅၀ ကိုယ်လက်လှုပ်ရှားမှုတော့ မဖြစ်မနေ လုပ်သင့်ပါတယ်။ ရွရွပြေးတာ ၊ လမ်းလျှောက်တာနဲ့ အေရိုးဗစ်ကစားနည်းလိုမျိုး သိပ်မပြင်းထန်လွန်းတဲ့ လှုပ်ရှားမှုတွေကတော့ လုပ်ရလွယ်ပါတယ်။ ဗိုက်အဆီချဖို့ဆိုရင် ဒိုက်ထိုးတာ ၊ စက်ဘီးစီး ၊ ခြေထောက်မြှောက်/ဘောလုံးပစ်တဲ့ Leg Crunch / Ball Crunch ‌လေ့ကျင့်ခန်းတွေ လုပ်ဖို့ လိုပါတယ်။

Featured Photo : Pinterest