ယောကျာ်းလေးတော်တော် Six Pack ထွက်ချင်ကြတယ်ဆိုရင် မမှားနိုင်ပါဘူး။ တကယ်တော့ Six Pack ဟာ တစ်ပတ်ဆယ်ရက်နဲ့တော့ ဘယ်လောက်ကစားကစား ထွက်မှာမဟုတ်ပါဘူး။ အခုပြောမယ့် အခြေခံ အဆင့် ၃ ဆင့်ကတော့ အဆီကင်းပြီး ကြွက်သားအဖုအဖုနဲ့Six Pack ရဖို့အတွက်ချန်မထားရမယ့်တကယ့် အခြေခံသဘောတရားတွေ ဖြစ်ပါတယ်။

Photo : Freepik
လူတိုင်း ဝမ်းဗိုက်ကြွက်သားရှိကြပါတယ်။ ဒီကြွက်သားကို အဆီဖုံးနေရင်တော့ Six Pack နဲ့ဝေးနေမှာပါ။ ဒါကြောင့် ဗိုက်ပေါ်ကပိုလျှံအဆီတွေ ဖယ်ရှားဖို့ကစသင့်ပါတယ်။တကယ်က ဝမ်းဗိုက်ကြွက်သားကြီးအောင် လုပ်စရာမလိုပါဘူး။ အခုပြောတဲ့ အဆီတွေပဲ မရှိအောင် ရှင်းရမှာပါ။
အရင်ဆုံး ခန္ဓာကိုယ်ပေါ်က အဆီတွေကို Diet နဲ့ဖြည်းဖြည်းချင်း ချဖို့လိုပါတယ်။တစ်ချိန်တည်းမှာ ကိုယ့်မှာရှိပြီးသား ကြွက်သားထုကို ထိန်းကစားနေရမှာပါ။ အဆီချဖို့ကယ်လိုရီ ဘယ်လောက်စားရမလဲ သိချင်တယ်ဆိုရင် ကိုယ်အလေးချိန်ပေါင်ကို ၁၃ နဲ့မြှောက်ကြည့်လို့ရပါတယ်။ကြွက်သားထိန်းဖို့အတွက် ကိုယ်အလေးချိန် ၁ ပေါင်မှာ ပရိုတိန်း ၁ ဂရမ်နှူန်း စားရမှာပါ။
ဥပမာ- ပေါင် ၁၆၀ ရှိတဲ့ သူဆိုရင် ကယ်လိုရီဟာ ၁၃ x ၁၆၀ = ကယ်လိုရီ ၂၁၀၀
ပရိုတိန်း= ၁၆၀ ဂရမ် စားပေးဖို့လိုပါတယ်။ စားပေးသင့်တဲ့ အထဲမှာ ငါး ၊ဥအမျိုးမျိုး ၊ ကြက်သားတို့ပါပြီး Ready Made အစားအစာနဲ့ပြုပြင်ထားတဲ့ အစားအစာမျိုး ရှောင်ပါ။

Photo : Freepik
အဆီကျအောင် စားသုံးနေထိုင်နေချိန်မှာ ကြွက်သားကစားဖို့ဝိတ်မရတော့မှာပါ။ ဝိတ်မချိန်မှာလည်း Muscle Groupတွေ အကုန်လုံး မျှအောင် စုံစုံလင်လင်ကစားဖို့လိုပါတယ်။ ဗိုက်ကိုလည်း ကစားပေးဖို့လိုပြီး လက်မောင်း ၊ ပုခုံးနဲ့အောက်ပိုင်းတွေပါ မျှကစားရမှာပါ။
Six-pack ထွက်ဖို့အနည်းဆုံး တစ်ပတ်ကိုကိုယ်အလေးချိန်ရဲ့ ဝ.၅% ကနေ ၁% ဝိတ်ကျအောင် ကစားသင့်ပါတယ်။ ခန္ဓာကိုယ်မှာ တကယ်တမ်း Six Pack ထွက်အောင်ကစားမယ်ဆိုရင် ကိုယ်ခန္ဓာ အဆီရဲ့ ၁၀% ကနေ ၁၂% ကျသွားဖို့လိုပါတယ်။ခန္ဓာကိုယ်မှာ အဆီဘယ်လောက် ရှိနေလဲဆိုတာ Inbody Machine တို့အွန်လိုင်း Calculator တို့ကနေ တွက်ချက်နိုင်ပါတယ်။
