လူမှန်သူမှန် ဖြစ်ရင် ရည်းစားထားတာ စိတ်ချမ်းသာစရာ ကောင်းပါတယ်။ စိတ်နှလုံးကို ရွှင်မြူး ကြည်နူးစေပါတယ်။ ဒါပေမယ့်လည်း တစ်ကိုယ်တော် Single ဘဝ နဲ့ ပျော်ရွှင် သာယာနေကြတဲ့ သူတွေမှာလည်း သူ့ပုံစံနဲ့သူ ပျော်စရာတွေ ရှိကြတာပါပဲ။ ဒီနေ့ခေတ်မှာ တစ်ကိုယ် တည်း Lone Wolf လို နေနေကြသူတွေ ပိုများလာပါတယ်။

Single အနေနဲ့ တစ်ကိုယ်တော်ဘဝကို နေရတာကို ဂုဏ်ယူနေတဲ့သူတွေ မနည်းပါဘူး။ အတော်များများက ရုပ်ရည် ၊ ပညာ ၊ မျိုးရိုး ၊ အလုပ် အကိုင် ၊ အဆင့်အတန်း အဘက်ဘက်က ထိပ်တန်းမှာ ရှိပေမယ့် ချစ်သူ ရည်းစား မထားဘဲ Single Life ကို ပျော်ပျော်ကြီး ရွေးချယ်ထားကြတာ ဖြစ်ပါတယ်။ ဒီလိုမျိုး Single Life နဲ့ နေရတာကို လိုလိုလားလားကြီး လက်ခံတာကလည်း အကြောင်းရှိပါတယ်။

Relationship နဲ့ နေဖို့ထက် တစ်ယောက်တည်း ဘဝ မှာ သာယာနေတဲ့သူတွေကို ဘာကြောင့် အခုလို Single တစ်ယောက်အဖြစ် နေဖို့ ရွေးချယ်တာလဲလို့ မေးကြည့်ရင် အခုလို အကြောင်းရင်းတွေ ပြောပြလေ့ရှိပါတယ်။

(၁) စိတ်ချမ်းသာတယ်

Stress Free

Photo : Pexels

Single တစ်ယောက်အဖို့ တစ်ယောက်တည်း နေရတဲ့ အကြောင်းတစ်ခုက အပူအပင်နည်းပြီး စိတ်ချမ်းသာရလို့ ဖြစ်ပါတယ်။ Relationship နဲ့ ရှေ့ဆက်နေသူတွေဟာ မတူညီတဲ့ လူနှစ်ယောက် ပေါင်းသင်းနေကြတာ ဖြစ်လို့ တစ်ယောက်နဲ့ တစ်ယောက် ပြဿနာ အတူတူကို ရင်ဆိုင်နေရတာပါ။ တစ်ယောက်တည်းနေရတာက ပြဿနာပိုနည်းလို့ စိတ်ချမ်းသာရာရပါတယ်။

(၂) ပိုက်ဆံပို စုဖြစ်တယ်

Money

Photo : Pexels

သမီးရည်းစားလောကမှာ ပိုက်ဆံက ပြဿနာပါပဲ။ အချစ်ရေးကိစ္စတွေရဲ့ ထုံးစံအတိုင်း ဟိုဟာဒီဟာ ဝယ်ပေးရ ၊ ချစ်သူဘဝမှာ အထူးတလည် ကြုံရတတ်တဲ့ Anniversary ရှိရင် Surprise လုပ်ပေးရ ဟိုဟာလိုချင် ဒီဟာလိုချင်နဲ့ ဂျီကျတဲ့ ကောင်မလေးနဲ့များ Shopping ထွက်လာရရင် တစ်လတစ်လ ရတဲ့ လစာလေးလည်း မျက်လှည့်ပြသလို အငွေ့ပျံပျောက်ဆုံး သွားတော့တာပါပဲ။ ကိုယ်ရှာတဲ့ ပိုက်ဆံ ကိုယ့်အတွက်ကိုယ် သုံးချင်ရင် ရည်းစား မထားသေးဘဲ ကိုယ့်အတွက်ကိုယ် အချိန်ပေးသင့်ပါတယ်။

(၃) ဂဂျီဂဂျောင် ကောင်မလေးတွေနဲ့ မတွေ့တော့ဘူး

Happy

Photo : Pexels

ရည်းစားမရှိဘဲ တစ်ယောက်တည်း နေရတာက ဂဂျိုးဂကြောင် Partner နဲ့ လွဲရတာထက်တော့ အများကြီး ကောင်းပါတယ်။ ချစ်စရာကောင်းပြီး နားလည်မှုရှိရှိနဲ့ ကိုယ့်အပေါ် သုခဒုက္ခမျှဝေနိုင်သူနဲ့ လက်တွဲဖြစ်ရင် ပျော်စရာကောင်းမှာ ပြောစရာကို လိုမယ် မထင်ပါဘူး။ ရည်းစားထားတယ်ဆိုတာ တစ်ခါတလေမှာ မဲနှိုက်လိုက်ရသလိုပါပဲ။

ကိုယ်ချစ်လို့ လက်တွဲလိုက်ပေမယ့် ကိုယ်နဲ့ ဘယ်လိုမှ ရက်ရာဇာမကျတဲ့ Wrong Person နဲ့ တွေ့ရရင်လည်း ငရဲတမျှပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Bad Relationship ထက်စာရင် Single ဖြစ်ရတာ ကံကောင်းပါတယ်။ စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ Worry ကင်းကင်း နေနိုင်ပါတယ်။ ဒီထက် ကံကောင်းတာက Good Relationship ရှိပြိး နှစ်ကိုယ်တူ သာယာပျော်ရွှင်နေရင်ပါပဲ။ မရှိရင်တော့ တစ်ယောက်တည်း နေတာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။

(၄) ရန်ဖြစ်စရာ မလိုတော့ဘူး

Reading

Photo : Pexels

ဘယ်သူနဲ့မှ စကားရှည်ရှည်ဝေးဝေး မပြောချင်ရင် တတ်နိုင်သလောက် ရည်းစားမထားတာ ကောင်းပါတယ်။ ရည်းစားထားတာက ပြဿနာတွေကလည်း တစ်ခုမဟုတ် တစ်ခု ရှိပါတယ်။ အခန့်မသင့်ရင် ရန်ပဲ ခဏခဏ ဖြစ်နေရနိုင်ပါတယ်။ ရန်ဖြစ်လောက်တဲ့ အကြောင်းတွေကလည်း အများကြီးပါပဲ။ တကယ်လို့ သင်က နားအေးပါးအေး နေချင်တဲ့သူ ဖြစ်တယ်ဆိုရင် နားပူနာဆာ လုပ်နိုင်တဲ့ ကောင်မလေးနဲ့ ချစ်သူအဖြစ် လက်တွဲမယ့်အစား တစ်ယောက်တည်းသမားဘဝက ပိုကောင်းပါတယ်။

(၅) ကိုယ်ကြိုက်တာ ကိုယ်လုပ်ဖို့ အချိန်ရတယ်

Bar

Photo : Pexels

သောကြာနေ့ ညနေ ရုံးအဆင်းမှာ ဘားသွားချင်သလား။ သူငယ်ချင်းတွေနဲ့ စုပြီး ဘီယာဆိုင်မှာ သွားကစ်ချင်သလား။ ဒါမှမဟုတ် ခွင့်ရက်ရှည်ရှည် ရတုန်းလေး ခရီးဘာညာ သွားချင်သလား။ ဝါသနာပါလို့ ဗွီဒီယိုဂိမ်းကို စိတ်ကြိုက် ဆော့ချင်သလား။ ရုပ်ရှင်ကြည့်ရတာ ဝါသနာပါသလား။ ဘဝရှေ့ရေး ကြီးပွားဖို့အတွက် သင်တန်းတက်ချင်စိတ် ရှိလား။ ဘာပဲ လုပ်ချင်လုပ်ချင် ငဲ့ကြည့်စရာ လူမရှိမှ လုပ်လို့ ရတာ ဖြစ်ပါတယ်။

ဝါသနာအတွက်ပဲ ဖြစ်ဖြစ် ၊ ကိုယ့်ရှေ့ရေး အနာဂါတ် တိုးတက်အောင်မြင်ဖို့ အတွက်ပဲ ဖြစ်ဖြစ် ကိုယ့်အတွက်ကိုယ် အချိန်ပေးရတော့မယ်ဆိုရင် ရည်းစား မထားဘဲ တစ်ကိုယ်တော် ဘဝ နဲ့ ရည်မှန်းချက်ထား ကြိုးစားသွားတာ ပိုထိရောက်မှုရှိပါတယ်။ ရည်းစားတွဲလောင်းနဲ့ လူအဖို့တော့ တစ်ခုခု လုပ်မယ်ဆိုရင် အနည်းဆုံး နှစ်ကြိမ် သုံးကြိမ်လောက် ခွင့်တောင်းရတာနဲ့တင် ကိုယ်ကြိုက်တာ ကိုယ်လို့ မရနိုင်လို့ ဖြစ်ပါတယ်။

Featured Photo : LifeHack