ဝမ်းဗိုက်မှာရှိတဲ့ အဆီပိုတွေကို ဖြုတ်ချပြီး အမြောင်းမြောင်းထနေတဲ့ Six Pack ကြွက်သားတွေ လိုချင်တယ်ဆိုရင်တော့ အိပ်ထမတင် လေ့ကျင့်ခန်းက အကောင်းဆုံးပါပဲ။ အိပ်ထမတင် လေ့ကျင့်ခန်းဟာ ကယ်လိုရီလောင်ကျွမ်းမှုများသလို ဝမ်းဗိုက်မှာရှိတဲ့ အဆီတွေကိုလည်း ထိထိရောက်ရောက် ဖယ်ရှားရှင်းလင်း ပေးပါတယ်။ ဝမ်းဗိုက်အပေါ်အောက် ကြွက်သားတွေအပြင် ဝမ်းဗိုက်ဘေးဘက် ၊ တင်ပါးဆုံးနဲ့ ပေါင်ကြွက်သားတွေကိုပါ ထိရောက်မှုရှိစေတာ ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ဗိုက်အဆီတွေ ဖယ်ရှားပြီး Six Pack ကြွက်သားတွေ ထွက်ချင်တဲ့ ကွီးတို့အတွက် လုပ်ဆောင်ပေးရမယ့် အိပ်ထမတင် လေ့ကျင့်ခန်းတွေ ကိုမျှဝေပေးချင်ပါတယ်။

(၁) Straight-Leg Situp

Straight-Leg Situp

Photo : Men’s Health

Straight-Leg Situp လေ့ကျင့်ခန်းကတော့ ကြမ်းပြင်ပေါ်မှာ ခြေဆင်းပြီး ပလက်အနေအထား လှဲလျောင်းကာ ပုံစံယူပေးရမှာပါ။ လက်တွေကို ဦးခေါင်းအပေါ်ဘက်သို့ ဆန့်ထုတ်ထားပါ။ ထို့နောက် ဝမ်းဗိုက်ကြွက်သားတွေကို ညှစ်ထုတ်ပြီး ခန္ဓာကိုယ်ကို မ,တင် ထိုင်ပေးရပါမယ်။ ဒီ အိပ်ထမတင် လေ့ကျင့်ခန်းဟာ အခုမှစလုပ်မယ့် Beginner တွေအတွက်လည်း အထူးသင့်တော်တဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။ ၁၀ ကြိမ် , ၃ ကျော့ ကစားပေးပါ။

(၂) Butterfly Sit-Ups

Butterfly Sit-Ups

Photo : Men’s Health

Butterfly Sit-Ups လေ့ကျင့်ခန်းက ခြေထောက်နှစ်ဖက်ကို လိပ်ပြာတောင်ပံ ပုံသဏ္ဌာန်ပြုလုပ်ပေးရမှာပါ။ ဒူးနှစ်ဖက်ကို ထောင်ထားပြီး ခြေဖဝါးတွေကို ထိစပ်ပေးထားရပါမယ်။ လက်အနေအထားကတော့ Straight-Leg Situp အတိုင်းပဲ ဦးခေါင်းအပေါ်ဘက်ကို ထားရပါမယ်။ ပြီးတဲ့အခါမှာ ဝမ်းဗိုက်ကြွက်သားတွေကို ညှစ်ထုတ်ပြီး ခန္ဓာကိုယ်ကို မ,တင် ကာ အိပ်ထမတင် ပြုလုပ်ပေးရပါမယ်။ ဒီလေ့ကျင့်ခန်းကိုလည်း ၁၀ ကြိမ် , ၃ ကျော့ ကစားပေးပါ။

(၃) V-Ups

V-Up

Photo : Men’s Health

V-Ups လေ့ကျင့်ခန်းကတော့ Straight-Leg Situp ကစားနည်းအတိုင်း ကြမ်းပြင်ပေါ်မှာ ပလက်အနေအထား လှဲလျောင်းပြီး ပုံစံယူပေးပါ။ ခြေထောက်တွေကိုတော့ ကြမ်းပြင်ကနေ အနည်းငယ် မြှင့်ထားရပါမယ်။ ထို့နောက် ခန္ဓာကိုယ်ကို မ,တင်ပြီး ခြေထောက်တွေကိုလည်း ပြိုင်တူ မ,တင်ကာ V ပုံသဏ္ဌာန် လက်နဲ့ ခြေဖျားတို့ကို ထိလုနီးပါး ပြုလုပ်ပေးရပါမယ်။ ဒီလေ့ကျင့်ခန်းက ဝမ်းဗိုက်ကြွက်သားတွေကို ရှယ်ထိစေမယ့် အိပ်ထမတင် လေ့ကျင့်ခန်း အမျိုးအစားတစ်ခုပါပဲ။ V-Ups လေ့ကျင့်ခန်းကို ၁၀ ကြိမ် , ၃ ကျော့ ကစားပေးပါ။

(၄) Modified V-Up

Modified V-Up

Photo : Men’s Health

ဒီလေ့ကျင့်ခန်းကတော့ V-Up လေ့ကျင့်ခန်းကိုမှ မတူညီတဲ့ ပုံစံတစ်မျိုးနဲ့ ပြုလုပ်ပေးရမှာပါ။ Modified V-Up လေ့ကျင့်ခန်းက ဝမ်းဗိုက်ကြွက်သားတွေအပြင် တင်ကြွက်သားတွေကိုလည်း ထိရောက်မှုရှိစေပါတယ်။ ခန္ဓာကိုယ်နောက်မှာ လက်တွေကို ထောက်ထားပြီး ခြေထောက်နှစ်ဖက်ကိုတော့ ကြမ်းပြင်ကနေ အနည်းငယ် မြှင့်ထားပေးရပါမယ်။ ထို့နောက် ဝမ်းဗိုက်ကြွက်သားတွေကို ညှစ်ထုတ်ပြီး ခန္ဓာကိုယ်ကို မ,တင်ချိန်မှာ ဒူးတွေကိုလည်း ရင်ဘတ်နား နီးကပ်အောင် ဆွဲတင်ပေးရပါမယ်။ ထိုပုံစံအတိုင်း ဖြည်းဖြည်းချင်း ပြုလုပ်ပေးပါ။ ဒီလေ့ကျင့်ခန်းကိုလည်း ၁၀ ကြိမ် , ၃ ကျော့ ကစားပေးရပါမယ်။

အခုပြောပြတဲ့ အိပ်ထမတင် လေ့ကျင့်ခန်းတွေကို နေ့တိုင်းပုံမှန် လုပ်ဆောင်မယ်ဆိုရင် ဝမ်းဗိုက်အဆီပိုတွေကင်းပြီး ကျစ်လစ်သန်မာတဲ့ အမိုက်စား Six Pack ကြွက်သားတွေ ရရှိဖို့ အာမခံပါတယ်။

Featured Photo : Men’s Health