စွန့်စားရတာကို ကြိုက်နှစ်သက်တဲ့ ကွီးတို့အနေနဲ့ Skydiving လုပ်ဖို့စိတ်ဝင်စားကြမှာ အသေအချာပါ။ Skydiving က အနည်းငယ်တော့ ပြင်းထန်တဲ့ အားကစားနည်း ဖြစ်ပြီး မြေဆွဲအားနဲ့ လေထုအတွင်း မြင့်မားသောနေရာမှ ကမ္ဘာမြေမျက်နှာပြင်သို့ ဆင်းသက်တဲ့ လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ အနည်းငယ် အသည်းအေးစရာကောင်းပြီး အန္တရာယ်ရှိနိုင်ပေမဲ့ ဒီနေ့ခေတ်မှာတော့ ဘေးကင်းလုံခြုံရေးအတွက် အကောင်းဆုံး စီစဉ်ထားရှိတာကြောင့် ဘေးအန္တရာယ် ဖြစ်ဖို့ ရာခိုင်နှုန်းနည်းတယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့်စွန့်စားရတာ ကြိုက်ပြီး Skydiving လုပ်ဖို့စိတ်ဝင်စားတဲ့ ကွီးတို့ သွားရောက်လည်ပတ်သင့်တဲ့ ကမ္ဘာ့အကောင်းဆုံးသောနေရာများ ကိုဝေမျှပေးချင်ပါတယ်။
(၁) Palm Jumeirah, Dubai

Photo : Trvl Channel
Skydiving လုပ်ဖို့စိတ်ဝင်စားတဲ့ ကွီးတို့ အတွက် ပထမဆုံးဖော်ပြချင်တဲ့နေရာကတော့ ဒူဘိုင်းမှာ ရှိတဲ့ Palm Jumeirah ဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း ဒူဘိုင်းမှာ The Emirates Aerosport Federation (EAF) နှင့် Skydive Dubai တို့ပူပေါင်းပြီး Skydiving ပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံ ကျင်းပလေ့ရှိပါတယ်။ ဒီနေရာမှာ Skydiving လုပ်ရင်း ပါရှန်ပင်လယ်ကွေ့နှင့် ဒူဘိုင်းမြို့တစ်ခုလုံးကို ရင်သပ်ရှုမောဖွယ်မြင်ရတဲ့အတွက် Skydiving လုပ်ဖို့ ကမ္ဘာ့အကောင်းဆုံးသောနေရာ ဖြစ်ပါတယ်။
(၂) Fox Glacier, New Zealand

Photo : New Zealand
ကွီးတို့ရေ နယူးဇီလန်မှာ အံ့အားသင့်စရာကောင်းလောက်အောင် လှပတဲ့ Skydiving လုပ်လို့ရတဲ့ နေရာ အများအပြားရှိပါတယ်။ ထိုအထဲကမှ Skydiving လုပ်လို့ အကောင်းဆုံးနေရာကတော့ နယူးဇီလန်နိုင်ငံ တောင်ကျွန်းရဲ့ အနောက်ဘက်ကမ်းရှိ Westland Tai Poutini အမျိုးသားဥယျာဉ်မှာတည်ရှိတဲ့ ၈ မိုင် အရှည်ရှိတဲ့ ရေခဲမြစ် Fox Glacier ပဲဖြစ်ပါတယ်။
(၃) Mount Everest, Nepal

Photo : Skydive High
Skydiving လုပ်ဖို့စိတ်ဝင်စားတဲ့ ကွီးတို့ အတွက် အာရှတိုက်ထဲမှာပဲ အကောင်းဆုံးနေရာတစ်ခုကို ရှာနေတယ်ဆိုရင် နီပေါ နိုင်ငံမှာရှိတဲ့ ဧဝရတ်တောင် ကိုရွေးလိုက်ပါ။ Skydiving အတွက် ကမ္ဘာ့အခမ်းနားဆုံးနေရာများထဲမှ တစ်ခုအဖြစ် သတ်မှတ်ခံထားရတဲ့နေရာလည်း ဖြစ်ပါတယ်။ နီပေါနိုင်ငံရှိ နှင်းဖုံးနေသော ဟိမဝန္တာတောင်တန်းများပေါ်မှ Skydiving လုပ်ခြင်းက ကမ္ဘာပေါ်ရှိ မည်သည့်အရာနှင့်မျှ မယှဉ်နိုင်သော ခံစားမှုတစ်ခုဖြစ်ပါတယ်။
(၄) North Wollongong Beach, Australia

Photo : Experience Oz
လှပပြီး အဆုံးမရှိတဲ့ ပင်လယ်ပြင်ကြီး အပေါ်ကနေ Skydiving လုပ်ချင်ရင်တော့ သြစတြေးလျနိုင်ငံမှာ ရှိတဲ့ North Wollongong ကမ်းခြေကို အကောင်းဆုံးထဲက တစ်ခုလို့ပြောရမှာပါ။ Skydiving လုပ်ရင်း သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့၏ ကမ်းရိုးတန်း၊ ဝေလငါးများ၊ လူးလွန့်နေတဲ့လင်းပိုင်လေးများနဲ့ ရင်သပ်ရှုမောဖွယ် မြင်ကွင်းများကို ရှုစားရမှာပါ။
(၅) Hawaii, United States

Photo : Holidify
ကမ္ဘာတစ်ဝှမ်းလုံးမှာ Skydiving လုပ်ဖို့ အကောင်းဆုံးနေရာက Hawaii ရဲ့ ဘယ်နေရာမှာမဆို ရှိတယ်လို့ လူတော်တော်များများက ဆိုကြပါတယ်။ ထူထဲတဲ့ အရောင်အသွေးရှိသော ကမ်းရိုးတန်းများနှင့် ကြီးမားကျယ်ပြန့်သော စွန်ပလွံပင်များ၊ စီတန်းထားသော ချိုင့်ဝှမ်းများနဲ့ လျှို့ဝှက်ရေကူးကွင်းများက တကယ်ကို ရင်သပ်ရှုမောဖွယ်ကောင်းလှပါတယ်။ မီးတောင်နေရာများအထိ ပေ ၈,၀၀၀ အထက်မှ မြင်ရသော ရှုခင်းများက တကယ်ကို အံ့မခန်းဖွယ်ရာပင် ဖြစ်ပါတယ်။
အခုဖော်ပြပေးလိုက်တာကတော့ Skydiving လုပ်ဖို့ စိတ်ဝင်စားတဲ့ ကွီးတို့ သွားရောက်လည်ပတ်သင့်တဲ့ ကမ္ဘာ့အကောင်းဆုံးသောနေရာများ ပဲဖြစ်ပါတယ်။
Source : Trvl Channel
Featured Photo : Visit Dubai
