မကြာခင်မှာပဲ ကလပ်အသင်းတွေရဲ့ ရာသီကြို ခြေစမ်းပွဲတွေနဲ့ ဖိတ်ခေါ်ဖလားပွဲတွေက စတင်လာပါတော့မယ်။ ဒီထဲကမှ အမေရိကန်နိုင်ငံကနေ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသွားမယ့် ပွဲကြီးပွဲကောင်းတွေ ပါဝင်နေတဲ့ Soccer Champions Tour ပြိုင်ပွဲအကြောင်း အသေးစိတ်အကြောင်းတွေကို ဖော်ပြပေးသွားချင်ပါတယ်။
Photo Credit : FC Barcelona
ဒီပြိုင်ပွဲမှာ ပရီးမီးယားလိဂ်က ကလပ်အသင်း (၂)သင်း ၊ စီးရီးအေက ကလပ်အသင်း (၂)သင်း နဲ့ လာလီဂါက ကလပ်အသင်း (၂)သင်း စုစုပေါင်း (၆)သင်း ပါဝင်သွားမှာဖြစ်ပြီး ပရီးမီးယားလိဂ်က မန်ချက်စတာ ယူနိုက်တက် နဲ့ အာဆင်နယ် ၊ စီးရီးအေ ဂျုဗင်တပ်စ် နဲ့ အေစီမီလန် ၊ လာလီဂါကတော့ ဘာစီလိုနာ နဲ့ ရီးယဲလ် မက်ဒရစ်တို့ပဲ ဖြစ်ပါတယ်။ ဒီ (၆)သင်းထဲကမှ ဘာစီလိုနာ နဲ့ ရီးယဲလ်တို့က (၄)ပွဲစီ ကစားသွားရမှာဖြစ်ပြီး မီလန် နဲ့ ဂျုဗင်တပ်စ်တို့က (၃)ပွဲ အာဆင်နယ် နဲ့ မန်ယူနိုက်တက်တို့က (၁)ပွဲစီ ကစားကြပါလိမ့်မယ်။
Photo Credit : Pasadena Now
ဒီပြိုင်ပွဲကို ဒီလ (၂၂)ရက်နေ့ကနေ လာမယ့် သြဂုတ် (၂)ရက်အထိ ကျင်းပသွားမှာဖြစ်ပြီး (၂၂)ရက်နေ့မှာတော့ ဘာစီလိုနာ နဲ့ ဂျုဗင်တပ်စ်တို့ ယှဉ်ပြိုင်ရပါမယ်။ (၂၃)ရက်နေ့မှာတော့ ရီးယဲလ် နဲ့ အေစီမီလန် ၊ (၂၆)ရက်နေ့မှာ အာဆင်နယ် နဲ့ ဘာစီလိုနာ ၊ (၂၆)ရက်နေ့မှာပဲ ရီးယဲလ် နဲ့ မန်ယူနိုက်တက် ၊ (၂၇)ရက်နေ့မှာတော့ ဂျုဗင်တပ်စ် နဲ့ အေစီမီလန် ၊ (၂၉)ရက်နေ့မှာတော့ El Clascio ပွဲစဉ်ဖြစ်တဲ့ ဘာစီလိုနာ နဲ့ ရီးယဲလ် ၊ (၁)ရက်နေ့မှာ အေစီမီလန် နဲ့ ဘာစီလိုနာ နဲ့ (၂)ရက်နေ့မှာတော့ ဂျုဗင်တပ်စ် နဲ့ ရီးယဲလ်တို့ပွဲနဲ့ အဆုံးသတ်ပါမယ်။
Photo Credit : Yahoo! Sports
ဒါ့အပြင် အမေရိကန်မှာ Premier League Summer Series ဆိုတဲ့ ပြိုင်ပွဲလည်း ရှိနေသေးပြီး အဲ့ဒီပြိုင်ပွဲကိုလည်း အမေရိကန် ဘောစိ တော့ဒ် ဘိုလီ ပိုင်ဆိုင်ထားတဲ့ ချယ်လ်ဆီး ၊ နယူးကာဆယ် ၊ အက်စတွန် ဗီလာ ၊ ဘရိုက်တန် ၊ ဘရန့်ဖို့ဒ် နဲ့ ဖူလ်ဟမ်အသင်းတွေက ဝင်ရောက် ဆင်နွဲကြပါလိမ့်မယ်။
Featured Photo : Golazoz