Realme ရဲ့ GT Series ထဲက Flagship Specs တွေနဲ့ ဈေးနှုန်းအားဖြင့်တော့ သက်သာတဲ့ နောက်ဆုံးထွက် စမတ်ဖုန်း GT Neo6 ကို ကြေညာလိုက်ပါပြီ။ Realme GT Neo6 မှာ Qualcomm ကနေ မကြာသေးမီက ကြေညာထားတဲ့ Snapdragon 8 Gen 3 ထက် စွမ်းဆောင်ရည် ပိုကြမ်းပိုလန်းတဲ့ Snapdragon 8s Gen 3 Chipset ကို အသုံးပြုလာပါတယ်။

Realme GT Neo6

Photo : Smartprix

GT Neo6 မှာ FHD+ Resolution ပါတဲ့ ၆.၇၈ လက်မ 8T LTPO AMOLED မှန်ခုံး မျက်နှာပြင်ကို တပ်ဆင်ထားပြီး 1-120Hz Refresh Rate နဲ့ 6,000 Nits Peak Brightness ထောက်ပံ့ပေးထားပါတယ်။ Display ကို Gorilla Glass Victus 2 နဲ့ ကာကွယ်ထားပြီး In-Display Fingerprint Scanner ပါတဲ့အပြင် Punch Hole Cutout မှာ 32MP ဆယ်လ်ဖီကင်မရာ ထည့်သွင်းထားပါတယ်။

ကျောဘက်မှာတော့ Sony ရဲ့ IMX882 Sensor ပါတဲ့ 50MP Main ကင်မရာနဲ့အတူ OIS ပါတဲ့ 8MP Ultrawide ကင်မရာ (IMX355) ၂ လုံး တွဲဖက်တပ်ဆင် ထားပါတယ်။ ဆော့ဖ်ဝဲပိုင်းမှာ Android 14 အခြေပြု Realme UI 5 ကို အသုံးပြုထားပြီး 120 SuperVOOC Fast Charging စနစ်ထောက်ပံ့ပေးထားတဲ့ 5,500 mAh ဘက်ထရီ ပါရှိပါတယ်။ ဒါ့အပြင် ရေဒဏ်ဖုန်ဒဏ်ကာကွယ်ပေးတဲ့ IP65 စံနှုန်းသတ်မှတ်ချက်လည်း ပါပါတယ်။

Realme GT Neo6

Photo : GSMArena.com

Realme GT Neo6 ရဲ့အရောင်တွေကိုတော့ Green ၊ Purple နဲ့ Silver ဆိုပြီး အရောင် ၃ ရောင် ရွေးချယ်နိုင်မှာဖြစ်ပြီး ဈေးနှုန်းအားဖြင့် 12/256GB RAM/Storage ဗားရှင်းကို ယွမ် ၂၀၉၉ (၂၉၀‌ ဒေါ်လာ) ဝန်းကျင်မှ စတင်မှာ ဖြစ်ပါတယ်။ 16/256GB ဗားရှင်းကတော့ ယွမ် ၂၃၉၉ (၃၃၂ ဒေါ်လာ) နဲ့ 16GB RAM / 1TB Storage မော်ဒယ်ကတော့ ယွမ် ၂၉၉၉ (၄၁၅ ဒေါ်လာ) ခန့် သတ်မှတ်ထားပြီး တရုတ်နိုင်ငံမှာ မေလ ၁၅ ရက်နေ့ကနေ စတင်ပြီး ရောင်းချသွားမယ်လို့ သိရပါတယ်။

Featured Photo : Gizbot