ချွေးထွက်တယ်ဆိုတာ ခန္ဓာကိုယ်က အပူချိန်ကို သူ့အလိုလို ချိန်ညှိနေတဲ့ ဖြစ်စဉ်ပါ။ ပူလာရင် ချွေးထွက်တယ်။ ချွေးရဲ့ စိုထိန်းဆအငွေ့ပျံပြီး ကိုယ်ခန္ဓာကို အေးအောင် လုပ်ပေးပါတယ်။ ဒါပေမဲ့လည်း ချွေးထွက်လွန်းရင် ဆားဓါတ်လည်း ကုန်ခမ်းနိုင်သလို အဝတ်အစားတွေလည်း ချွေးကွက်စွန်းထင်းပြီး ပစ်ရတတ်ပါတယ်။ ချွေးထွက်တတ်ရင် အိပ်ရာမဝင်ခင် Antiperspirant ကို ကိုယ်မှာ လိမ်းပါ။

Photo: Freepik
လိမ်းရမယ့်နေရာက လက်မောင်းအောက်ဘက် ချိုင်းလိုနေရာမျိုး ဖြစ်ပါတယ်။ မလိမ်းခင် သန့်ရှင်းရေးလုပ်ပြီး ခြောက်သွေ့နေမှ လိမ်းပေးဖို့ သတိထားပါ။ အဝတ်အစားကိုလည်း ချွေးထွက် သက်သာစေတဲ့ ပေါ့ပါးပြီး လေဝင်လေထွက်ကောင်းတဲ့ ချည်သားမျိုး ရွေးပါ။ အရောင်ကိုလည်း အဖြူလိုမျိုး ဖျော့တော့တဲ့ ကာလာတွေ ဝတ်တာက နေရောင်ကို ရောင်ပြန်စေတဲ့ အရောင်ဖျော့မျိုး ဝတ်ဖို့ အကြံပေးချင်ပါတယ်။
အောက်ခံ Body Shirt မျိုးကို အင်္ကျီအောက်မှာ ထားဝတ်ခြင်းအားဖြင့်လည်း ချွေးကွက်ဖြစ်တာ သက်သာနိုင်ပါတယ်။ နောက်တစ်ခုက အစားအသောက် ဖြစ်ပါတယ်။ ချွေးထွက်များတတ်တဲ့သူဟာ တချို့အစားအသောက်တွေကို ရှောင်ကြဉ်ဖို့ လိုပါတယ်။ အစပ်လုံးဝရှောင်ပါ။ ခန္ဓာကိုယ်ဟာ ပူစပ်တဲ့ အစားအသောက်တွေ စားသောက်တဲ့အခါ ကိုယ်တွင်းပြန် အေးသွားစေဖို့ ချွေးထုတ်တတ်လို့ ဖြ်စပါတယ်။

Photo: Freepik
ကဖိန်းကလည်း အနံ့ဂလင်းတွေ လှုံ့ဆော်ပေးပြီး လက်ဖဝါး ၊ ခြေဖဝါးနဲ့ ချိုင်းကြားတွေမှာ ချွေးထွက်စေတတ်လို့ ရှောင်ကြဉ်သင့်တဲ့ အထဲမှာ ပါပါတယ်။ လက်ဖက်ရည် ၊ ကော်ဖီတို့ အပြင် အရက်သေစာသောက်စားတာကလည်း လူကို ချွေးပိုထွက်စေတာကြောင့် ရှောင်ရှားဖို့ လိုပါတယ်။
အနေအထိုင်အတွက် အခြေခံပြောစရာက နေ့စဉ် ရေချိုးပေးဖို့ ဖြစ်ပါတယ်။ ရေချိုးချိန်မှာလည်း Antibacterial Soap (ပိုးသတ်ဆပ်ပြာ) မျိုး သုံးပေးသင့်ပါတယ်။ ဒီဆပ်ပြာတွေက ချွေးစိုနေတဲ့ အရေပြားပေါ်မှာ နေထိုင်တဲ့ ဘက်တီးရီးယားပေါက်ပွားမှုကို ထိန်းချုပ်ပေးလို့ ချွေးထွက်ရင် အနံ့သက်သာပါတယ်။ သိပ်ပြီး ချွေးထွက်လွန်ရင် Hyperhidrosis ဆိုတဲ့ အခြေအနေဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ ပြသပြီး ကုသမှု ခံယူသင့်ပါတယ်။
