ဒီတစ်ခေါက်တော့ လူငယ်တွေကြားမှာ ရေပန်းစားတဲ့ Stree ဖက်ရှင် တွေအကြောင်း ပြောရအောင်ပါ။ Streetwear သမိုင်းကို ပြန်လှန်ကြည့်ရင် ၁၉၇၀ ခုနှစ်အနှောင်းပိုင်းနဲ့ ၁၉၈၀ ခုနှစ်အစောပိုင်း ကာလတွေဆီ ပြန်သွားရပါလိမ့်မယ်။ အဲ့ဒီကာလတွေမှာ Skateboarding ၊ Surfing ၊ Hip-Hop ယဉ်ကျေးမှုတွေကနေ Sub Cultures အနေနဲ့ Streetwear ဖက်ရှင်ဆိုပြီး စတင်ပေါ်ထွက် ခေတ်စားလာတာပါ။

Streetwear ဖက်ရှင်မှာ အဓိကအားဖြင့် ပေါ့ပါးလွတ်လပ်မှုကို ကိုယ်စားပြုတဲ့ Graphic Tees တွေ ၊ Hoodies / Sweatshirts တွေ ၊ Oversized T-Shirts တွေ ၊ Sneakers တွေနဲ့ အခြား ပေါ့ပေါ့ပါးပါး ဖက်ရှင်အသုံးအဆောင်တွေ အားလုံးပါဝင်ပါတယ်။ Streetwear ဖက်ရှင်တွေဟာ အမြင်ဆန်းပြီး လန်းဆန်းတက်ကြွသလို သက်တောင့်သက်သာ ဖြစ်မှုနဲ့ လွတ်လပ်ပေါ့ပါးမှုကို အဓိက ပေးစွမ်းတဲ့အတွက် ဆယ်ကျော်သက်နဲ့ လူငယ်ပိုင်းတွေကြားမှာ ရေပန်းစားပါတယ်။ အခုဆောင်းပါးလေးမှာ Street ဆန်ဆန် ဖက်ရှင်တွေကို ဝတ်တော့မယ်ဆိုရင် ဘယ်လိုအချက်တွေကို အဓိက ဦးစားပေးသင့်လဲဆိုတာနဲ့ ပတ်သတ်ပြီး ပြောပြပေးပါမယ်။

(၁) Sneakers

Sneakers

Photo : Caliroots

Streetwear ဖက်ရှင်ရဲ့ အရေးကြီးဆုံး အခြေခံ အုတ်မြစ်ဟာ Sneakers တွေပါပဲ။ Street ဖက်ရှင် တွေကို ဝတ်စုံပြည့် အထာကျကျ ဖြုတ်တော့မယ်ဆိုရင် Sneakers တွေပါမှ ပြီးပြည့်စုံမှာပါ။ ကွီးတို့ ဝတ်မယ့် Outfits နဲ့ လိုက်ဖက်မှုရှိတဲ့ Sneakers တွေကို သေချာလေး ဦးစားပေး ရွေးချယ်ဝတ်ဆင်ဖို့ လိုအပ်ပါတယ်။

(၂) Baggy Cargo Pants

Cargo Pants

Photo : British GQ

ဒီဘက်ခေတ် လူငယ်လေးတွေကြားမှာ အဝတ်များတဲ့ Street ဖက်ရှင် လို့ပြောရင် ခပ်ပွပွ Cargo Pants တွေက ထိပ်ဆုံးကနေ ပါပါတယ်။ Baggy Cargo Pants တွေဟာ Streetwear ဖက်ရှင်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်သလို ပေါ့ပါးလွတ်လပ်မှုနဲ့ လူငယ်ဆန်မှုကို ကိုယ်စားပြုတဲ့ ပြယုဂ်လည်း ဖြစ်ပါတယ်။ Brands တွေထဲမှာဆိုရင် Carhartt နဲ့ Alpha Industries တို့ကို အမှတ်တံဆိပ်တွေကို ရွေးချယ်နိုင်ပြီး Beige ၊ Olive Green နဲ့ Black ကာလာ Cargo Pants တွေကတော့ လူကြိုက်အများဆုံး ဖြစ်ပါတယ်။

(၃) Graphic Tees

Graphic Tees

Photo : GQ

Street ဖက်ရှင်လို့ ပြောရင် Graphic Tees တွေကတော့ အမြဲတမ်း တွဲမြင်နေကြပါ။ Graphic Tees တွေက ရိုးရှင်းတယ် ၊ ပေါ့ပါးတယ် ၊ လူငယ်ဆန်တဲ့ Vibe တွေကို ပေးပါတယ်။ သိပ်အများကြီး အားစိုက်ထုတ်နေစရာ မလိုပဲ ပေါ့ပေါ့ပါးပါးနဲ့ စတိုင်ကျကျ မိမိုက်နေစေတဲ့ ဖက်ရှင်မျိုးပါ။ Graphic Tees တွေကို Jeans နဲ့ပဲဝတ်ဝတ် ၊ Bomber Jacket နဲ့ပဲတွဲဝတ်ဝတ် လူငယ်ဆန်ပြီး အထာကျနေတဲ့ ဖက်ရှင်အသွင်အပြင်ကို ရစေမှာပဲ ဖြစ်ပါတယ်။

(၄) Oversized Hoodies

Oversized Hoodies

Photo : French Crown

ခပ်ပွပွ Oversized Hoodies တွေက ဝတ်ဖို့လည်း မမေ့ပါနဲ့။ Oversized Hoodies တွေက သက်တောင့်သက်သာဖြစ်မှုနဲ့ စတိုင်ကျမှု ၂ မျိုးလုံးကို ပေးတဲ့ Streetwear ဖက်ရှင်ရဲ့ အနှစ်သာရတစ်မျိုး ဖြစ်ပါတယ်။ Minimal Graphic Design ဒါမှမဟုတ် Neutral Tones Hoodies တွေကို ရွေးချယ်ဝတ်နိုင်ပြီး Joggers နဲ့ဖြစ်ဖြစ် Jeans တွေနဲ့ပဲ ဖြစ်ဖြစ် တွဲဖက်ဝတ်ဆင်လို့ အဆင်ပြေပါတယ်။

(၅) Utility Vests

Utility Vests
Photo : Mr Porter

Streetwear ဖက်ရှင်တွေ ကြိုက်နှစ်သက်တဲ့ လူငယ်တွေဆိုရင်တော့ Utility Vests တွေ ဘယ်လောက်ထိ အထာကျလဲဆိုတာ သိပါလိမ့်မယ်။ Hoodies တွေနဲ့ပဲ တွဲဝတ်ဝတ် ၊ Graphic Tees တွေနဲ့ပဲ ဝတ်ဝတ် လုံးဝ အထာကျနေမှာ ဖြစ်ပါတယ်။ အပေါ်ထပ် ဖက်ရှင် တစ်ခုအနေနဲ့ ပေါ့ပေါ့ပါးပါး ဝတ်ဆင်ရတာဖြစ်ပြီး အိတ်ကပ်တွေ ခပ်များများ ပါတဲ့ Utility Vests တွေက ပိုပြီး Street ဆန်သလို လူငယ်ဆန်တဲ့ Vibe ကိုလည်း ပေးပါတယ်။

ကွီးတို့ရော ပေါ့ပါးလွတ်လပ်မှု အပြည့်ရှိတဲ့ Streetwear ဖက်ရှင်တွေ ဝတ်ရတာ ကြိုက်နှစ်သက်ပါသလား ?

Source : magicpin

Featured Photo : nss magazine