ပရိုတင်းဓာက်ဟာ ခန္ဓာကိုယ်ကြွက်သား၊ အသားအရေ၊ အင်းဇိုင်း နဲ့ ဟော်မုန်းတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အရာလို့ပြောရင်မှားပါဘူး။ဒါကြောင့် ပရိုတင်းဓာက်ကို လုံလုံလောက်လောက်စားသုံးပေးဖို့ အရမ်းအရေးကြီးပါတယ်။ ဒီဆောင်းပါလေးကတော့ လူတစ်ယောက် ပရိုတင်းဓာက် လုံလုံလောက်လောက် မစားကြောင်းပြနေတဲ့ အချက်တွေကို ရွေးထုတ်ပြီးပြောပြပေးသွားမှာပါ။
ပရိုတင်းဓာက်ကို ကိုယ်ခံအားစနစ်ကောင်းမွန်စေဖို့အတွက် စားသုံးပေးဖို့ လိုအပ်ပါတယ်။ ပရိုတင်းစားသုံးမှု လုံလောက်ခြင်းမရှိလဲ ကိုယ်ခံအားစနစ် အားနည်းနေမယ်ဆိုရင် ကူးစက် ရောဂါတွေက အလွယ်တကူ ဝင်ရောက်လာနိုင်ပါတယ်။ဒါကြောင့် ကူးစက်ရောဂါတွေကနေ ကာကွယ်ဖို့အတွက် ပရိုတင်းဓာက်ပါတဲ့ ဥအမျိုးမျိုး၊ နို့ နဲ့ အသားငါးတွေကို ရွေးချယ်စားသုံးပေးဖို့လိုအပ်ပါတယ်။
Source : Freepik
ကိုယ်တွင်း ကြွက်သားတွေဟာ ခန္ဓာကိုယ်တခုလုံးမှာ ပရိုတင်းဓာက်လက်ခံရရှိမှုအများဆုံးဖြစ်ပါတယ်။ ဒါကြောင့် gym ဆော့တဲ့လူတွေ တော်တေ်ာများများက ကြွက်သားကြီးထွားလာစေဖို့အတွက် ပရိုတင်းများများစားပေးကြတာပါ။
ပရိုတင်းစားသုံးမှုလျှော့နည်းလာတဲ့အခါမှာ ခန္ဓာကိုယ်က ကိုယ်တွင်းအဓိကကျတဲ့ တစ်ရှုးတွေ ကောင်းစွာအလုပ်လုပ်စေဖို့အတွက် အရိုးကြွက်သားတွေဆီကနေ ပရိုတင်းဓာက်တွေကို ယူသုံးလေ့ရှိပါတယ်။ရလဒ်အနေနဲ့ကတော့ ကြွက်သားတွေ ဆုံးရှုံးကုန်တာပါပဲ။
ပရိုတင်းအစားနည်းတာက ကြွက်သားတွေကို ဖြုန်းတီးနေတာနဲ့တူပါတယ်။ ကြွက်သားတွေ ကြီးထွားဖို့နဲ့ထိန်းသိမ်းဖို့အတွက် ပရိုတင်းဟာမရှိမဖြစ်လိုအပ်တာကြောင့် စားသုံးပေးဖို့လိုအပ်ပါတယ်။
Source : Freepik
ပရိုတင်းအစားနည်တာက လူတစ်ယောက်ရဲ့ ဆံပင် လက်သည်းခြေသည်း နဲ့ အသားအရေ တွေမှာလည်း သက်ရောက်မှုရှိစေပါတယ်။ခန္ဓာကိုယ်က ပရိုတင်းလုံလောက်စွာမရရှိဘူးဆိုရင် ဆံပင်နှစ်ခွဖြစ်တာ ပါးလာတာ ဆံပင်အရောင်တွေ ဖျော့လာတာ နဲ့ ဆံပင်တွေ ကျွတ်တဲ့အထိ ဖြစ်စေပါတယ်။
လက်သည်းခြေသည်းတွေဟာ ကျိုးလွယ်ပဲ့လွယ်လာပါလိမ့်မယ်။ မိမိခန္ဓာကိုယ်ပေါ်မှာ ဒီလိုမျိုးတွေ ဖြစ်လာပြီဆိုရင်တော့ ပရိုတင်းစားသုံးပေးဖို့ လိုအပ်နေလို့ပါ။ပရိုတင်းလိုအပ်မှုက လူတယောက်နဲ့တယောက်မတူညီကြဘူး။ ခန္ဓာကိုယ်အချိုးအစား ကြွက်သား အသက်အရွယ်အပိုင်းအခြား အပေါ်မှုတည်ပြီးတော့ ပရိုတင်းလိုအပ်မှု ကွဲပြားခြားနားမှုရှိပါတယ်။
ပေါင် ၁၆၅ ရှိတဲ့လူတယောက်ဟာ တစ်နေ့ကို ပရိုတင်းပမာဏ ၆၆ ဂရမ်လောက်စားသုံးပေးသင့် ပါတယ်။ကျွမ်းကျင်သူတွေရဲ့ တွက်ချက်မှုအရတော့ ခန္ဓာကိုယ် ဝိတ်တပေါင်ကို ပရိုတင်း ပမာဏ ဝ.၄ ကနေ ဝ.၈ အထိစားသုံးပေးသင့်တယ်လို့ ပြောထားပါတယ်။