Table Tennis ဆိုတာ ကြံ့ခိုင်မှု ၊ ပြိုင်ဆိုင်မှု နဲ့ ဖျော်ဖြေမှုတွေကို ပေါင်းစပ်ထားတဲ့ လူကြိုက်များတဲ့ အားကစားနည်း တစ်ခု ဖြစ်ပါတယ်။ Table Tennis ကစားခြင်းကနေ စိတ်ပိုင်းဆိုင်ရာ ခံစားမှု ၊ ခန္ဓာကိုယ် ဇီဝကမ္မစနစ်နဲ့ လူမှုဆိုင်ရာ အကျိုးကျေးဇူးတွေ အများကြီးရနိုင်ပါတယ်။ ဒီတစ်ခေါက်မှာ စားပွဲတင် တင်းနစ် လို့ခေါ်တဲ့ Table Tennis ကစားခြင်း ကနေ ဘယ်လိုကောင်းကျိုးတွေ ရနိုင်လဲဆိုတာ ကွီးတို့အတွက် ပြောပြပေးချင်ပါတယ်။
(၁) စွမ်းအင်ကိုတိုးစေပြီး စိတ်ခံစားချက်ကို မြှင့်တင်ပေးတယ်
Photo : iStock
Table Tennis ကစားခြင်း က စိတ်ခံစားမှုကို ပိုကောင်းစေနိုင်ပါတယ်။ လူရဲ့ ဦးနှောက်ထဲမှာ အားကစားလုပ်တဲ့အခါ ထုတ်လွှတ်တဲ့ Endorphins ဓါတ်က စိတ်ပျော်ရွှင်အောင်လှုံ့ဆော်ပေးပါတယ်။ စိုးရိမ်စိတ်နဲ့ ဖိအားတွေကို လျော့ကျစေပြီးတော့ သက်တောင့်သက်သာလည်း ဖြစ်စေပါတယ်။ စားပွဲတင် တင်းနစ်ကို တစ်ပတ်မှာ ၂ – ၃ ကြိမ် ကစားခြင်းဖြင့် ကိုယ်ကာယကြံ့ခိုင်မှုကို ၂၀ ရာခိုင်နှုန်း တိုးစေပြီး စိတ်ရဲ့ပင်ပန်းနွမ်းနယ်မှုကိုလည်း ၆၅ ရာခိုင်နှုန်း အထိလျှော့ချပေးနိုင်ပါတယ်။
(၂) အိပ်စက်မှု အရည်အသွေးကို မြှင့်တင်ပေးတယ်
Photo : iStock
စားပွဲတင် တင်းနစ် ကစားခြင်းက ပိုမိုကောင်းမွန်စွာ အိပ်ပျော်စေနိုင်ပါတယ်။ National Sleep Foundation မှ နောက်ဆုံး သုတေသနပြုချက်အရ စားပွဲတင်တင်းနစ် ကစားသူ ၆၇ ရာခိုင်နှုန်း က မနက်မွန်းတည့်ချိန်မှာ ကစားတာဖြစ်စေ ညနေဘက်မှာ ကစားတာဖြစ်စေ လုံးဝမ ကစားတဲ့သူတွေထက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပြီး အိပ်စက်မှုအရည်အသွေး ပိုကောင်းမွန်တာကိုလည်း တွေ့ရတယ်လို့ ဆိုထားပါတယ်။
(၃) ဦးနှောက်မှတ်ဉာဏ်ကို တိုးတက်စေတယ်
Photo : iStock
အလုပ်ပြဿနာတွေကို ဖြေရှင်းတာ ဒါမှမဟုတ် ကျောင်းစာမေးပွဲတွေကို ကောင်းကောင်းရင်ဆိုင်နိုင်ဖို့ ပိုမိုကောင်းမွန်တဲ့ မှတ်ဉာဏ်ရှိဖို့ လိုအပ်ပါတယ်။ Journal Behavioral Brain Research မှာ ထုတ်ဝေခဲ့တဲ့ နောက်ဆုံးသုတေသနအရ အေရိုးဗစ် လေ့ကျင့်ခန်းက သွေးထဲမှာ မှတ်ဉာဏ်နဲ့ ပတ်သက်တဲ့ ဟော်မုန်းတွေကို တိုးစေတယ်လို့ ဆိုပါတယ်။ စားပွဲတင် တင်းနစ် ကစားနည်းက အေရိုးဗစ်ကစားနည်းနဲ့ ဆင်တူတဲ့အတွက် ဦးနှောက်မှတ်ဉာဏ်ကို တိုးတက်ကောင်းမွန်စေတဲ့အချက်ကို တွေ့ရပါတယ်။
(၄) ခန္ဓာကိုယ်မျှခြေကို ပိုမိုကောင်းမွန်စေတယ်
Photo : iStock
Table Tennis ကစားခြင်း က စိတ်နိုးကြားမှုနဲ့ အာရုံစူးစိုက်မှုတွေကို လှုံ့ဆော်ပေးပြီး ခန္ဓာကိုယ်ဖွံ့ဖြိုးမှု ပိုင်းဆိုင်ရာကိုလည်း တိုးတက်စေပါတယ်။ ရေရှည် စားပွဲတင် တင်းနစ်ကစားခြင်းကနေ လက်၊ ခြေထောက်နဲ့ ခန္ဓာကိုယ်အောက်ပိုင်း ကြွက်သားတွေကို ပိုမိုကြံ့ခိုင်စေပြီးကြွက်သား တွေကို ပိုတောင့်တင်းစေသလို အရိုးအဆစ်တွေလည်း ပိုမို ပျော့ပျောင်းလာစေပါတယ်။ ကိုယ်ခန္ဓာနဲ့ပတ်သတ်တဲ့ လှုပ်ရှားမှုတွေမှာ သန်မာဖျတ်လတ်စေပြီး တက်ကြွလန်းဆန်းစေပါတယ်။
(၅) ကင်ဆာကို လျှော့ချပေးတယ်
Photo : iStock
အမျိးသားကင်ဆာ အင်စတီကျူ့ရဲ့ စာရင်းများအရ ပုံမှန်လေ့ကျင့်ခန်းလုပ်သူတွေဟာ ကင်ဆာဖြစ်နိုင်ခြေ နည်းပါးတာကို တွေ့ရပါတယ်။ စားပွဲတင် တင်းနစ် ကစားခြင်း က ခန္ဓာကိုယ်ရဲ့ သွေးလှည့်ပတ်မှုနဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ လုပ်ငန်းဆောင်တာတွေကို အလွန်ကောင်းမွန်စေပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါ နှလုံးကြွက်သားတွေကို ဖွံ့ဖြိုးစေပြီး အားကောင်းစေသလို သွေးကြောနံရံကိုလည်း ပျော့ပျောင်းစေပါတယ်။ လူလတ်ပိုင်းနဲ့သက်ကြီးရွယ်အိုများအတွက် အလွန်အကျိုးရှိပြီး နှလုံးသွေးကြောဆိုင်ရာ ရောဂါအန္တရာယ်များကိုလည်း လျှော့ချပေးနိုင်ပါတယ်။
Featured Photo : Forbes