ကမ္ဘာ့ပထမဦးဆုံး တကီလာ Tequilas သည် ဘယ်အချိန်က စတင်ပေါ်ပေါက်လာသလဲဆိုတာ သိပါသလား။ တကီလာ Tequilas ကို နှစ်ခြိုက်စွာ သောက်သုံးကြတဲ့ ကွီး တို့အတွက်တော့ ထိုသမိုင်းကြောင်းကို သိကြပါလိမ့်မယ်။

ကမ္ဘာ့ပထမဦးဆုံး တကီလာ Tequilas သည် ၁၀၀၀ ဘီစီခန့်က စတင်ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။ ထိုအချိန်တုန်းကတော့ တကီလာ Tequilas လို့ မခေါ်ကြသေးဘဲ Pulque လို့ ခေါ်ကြတာဖြစ်ပါတယ်။ တကီလာ Tequilas ဆိုတဲ့ နာမည်ဖြစ်ပေါ်လာပုံကတော့ မက်ဆီကိုနိုင်ငံရှိ Jalisco ပြည်နယ်ရှိ မြို့ငယ်တစ်မြို့ဖြစ်တဲ့ Tequila ဆိုတဲ့မြို့ကို အစွဲပြုပြီး ခေါ်တွင်ခဲ့တာဖြစ်ပါတယ်။

ယနေ့ခေတ်မှာ တကီလာ Tequilas ကို အများဆုံး ထုတ်လုပ်လျက်ရှိတဲ့ နိုင်ငံများကတော့ ဂျာမနီနိုင်ငံ၊ မက်ဆီကို၊ အမေရိကန်၊ တောင်အာဖရိကနှင့် ရုရှားနိုင်ငံတို့ပဲ ဖြစ်ပါတယ်။ တကီလာ Tequilas ဈေးကွက်များထဲတွင်လည်း ဒီဇိုင်း အမျိုးအစား အမျိုးမျိုးနှင့် အရသာထူးကဲကောင်းမွန်တဲ့ တကီလာ Tequilas မျိုးစုံလည်း ထုတ်လုပ်ရောင်းချလျက်ရှိပြီး ကွီး တို့ရဲ့အသည်းစွဲဖြစ်နေကြတာပါ။

တကီလာ Tequilas အမျိုးအစား အမျိုးမျိုးရှိတဲ့အနက် ကမ္ဘာ့ဈေးအကြီးဆုံး တကီလာ Tequilas အမျိုးအစား (၅) မျိုးကို ကွီး တို့အတွက် ဖော်ပြပေးလိုက်ရပါတယ်။

Don Julio Real Tequila

တကီလာအမျိုးအစား

သူ့ရဲ့အရသာက နူးနူးညံ့ညံ့လေးနဲ့ သောက်လိုက်တာနဲ့ Smooth ဖြစ်တဲ့ ခံစားချက်ကို ခံစားရမှာဖြစ်ပါတယ်။ အခန်းအပူချိန်အတိုင်း သိမ်းထားမယ်ဆိုရင်တော့ အကောင်းဆုံးပဲဖြစ်ပါတယ်။ သူ့ရဲ့ဈေးနှုန်းကတော့ ဒေါ်လာ ၄၀၀ ကုန်ကျမှာဖြစ်ပါတယ်။

Rey Sol Anejo Tequila

တကီလာအမျိုးအစား

ပုလင်း ဒီဇိုင်းဆန်းဆန်းနဲ့ ထုတ်လုပ်ထားတာဖြစ်ပြီး သူ့ရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၃၀၀ ကုန်ကျမှာ ဖြစ်ပါတယ်။ သူကတော့ ခင်မင်ရင်းနှီးသူများကို လက်ဆောင်ပေးမယ်လို့ ဆုံးဖြတ်ထားရင် ဒီတကီလာပုလင်းလေးက အသင့်တော်ဆုံးပါပဲ။

Gran Patron Burdeos

Tequilas ကွီး

ပုလင်းလေးရဲ့ ထုတ်ပိုးမှုစနစ်က Luxury ဆန်ပြီး သူ့ရဲ့အရသာကလည်း စွဲမက်သွားစေမယ့် အရသာမျိုး ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ သူ့ရဲ့ တန်ဖိုးကတော့ ဒေါ်လာ ၅၀၀ ရှိပါတယ်။

Asombroso Del Porto Extra Anejo

Tequilas ကွီး

ခမ်းနားလှပတဲ့ ဒီဇိုင်းမျိုးဖြင့် ထုတ်လုပ်ထားပြီး စူးစူးရှရှ အရသာမျိုး ပိုင်ဆိုင်ထားတဲ့ တကီလာ Tequilas  မျိုးကို ရှာဖွေနေပါသလား။ ဒီ ဒေါ်လာ ၁၈၉၇ ဒေါ်လာ တန်ကြေးရှိတဲ့ Asombroso Del Porto Extra Anejo ကတော့ ကွီးတို့ရဲ့ စိတ်အာရုံကို ဖမ်းစားနေမှာပဲဖြစ်ပါတယ်။

Barrique De Ponciano Porfidio

Tequilas ကွီး

ဒီပုလင်းလေးကတော့ ကမ္ဘာ့ဈေးအကြီးဆုံး တကီလာ Tequilas  ဖြစ်ပြီး ဒေါ်လာ ၂၀၀၀ တန်ကြေးရှိပါတယ်။ သူ့ရဲ့တန်ဖိုးက ယခုလိုကြီးနေရခြင်း အကြောင်းအရင်း နှစ်ခုရှိပါတယ်။ ပထမအကြောင်းအရင်းကတော့ ပုလင်းပေါ်မှာဒီဇိုင်းထွင်းထားတဲ့ စာလုံးများသည် ၂၁ ကာရက် ရွှေစစ်စစ်ဖြင့် ထွင်းထားတာဖြစ်ပြီး ထို တကီလာ Tequilas များကို ၁၀ စုနှစ်တစ်စု ကြာသည်အထိ စည်ထဲတွင်ထည့်သိမ်းထားကာ အချဉ်ဖောက် ထားတဲ့အတွက်ကြောင့် ဈေးကြီးနေရခြင်း ဖြစ်ပါတယ်။

ကွီးတို့ရော ထိုတကီလာ Tequilas များထဲက တစ်မျိုးမျိုးကို ရွေးချယ် ဝယ်ယူရမယ်ဆိုရင် ဘယ်ပုလင်းကို ရွေးချယ်ချင်ပါသလဲ။

Source: Themanual

Featured Image: Gqindia