Nirvana ဆိုတာကတော့ ၁၉၈၇ ခုနှစ်ကာလတွေမှာ စတင်ပေါ်ပေါက်ခဲ့တဲ့ အမေရိကန် Alternative Rock Band ဖြစ်ပြီး အဲ့ခေတ်အဲ့အခါက မသိတဲ့သူမရှိလောက်အောင်ကို ကျော်ကြားခဲ့တဲ့ တီးဝိုင်းတစ်ခုလို့ ပြောလို့ရပါတယ်။ Nirvana တီးဝိုင်းရဲ့ ပဲ့ကိုင်ရှင်ကတော့ ကတ်ကိုဘိန်းပါပဲ။ ရွှေရောင်ဆံပင်ပိုင်ရှင် ကတ်ကိုဘိန်းရဲ့ ဆွဲဆောင်မှုရှိတဲ့ စတိုင်လ်နဲ့ ထူးခြားတဲ့အသံ ၊ သီချင်းဆိုပုံဆိုပေါက်တွေကိုတော့ ပရိသတ်တွေ ဒီနေ့အချိန်အထိ အမှတ်ရနေမယ်လို့ ယုံကြည်ပါတယ်။
သူဟာ သူငယ်ချင်းဖြစ်သူ ခရစ်နိုဗိုဆီလစ်နဲ့အတူတူ Nirvana တီးဝိုင်းကို စတင်တည်ထောင်ခဲ့တာ ဖြစ်ပြီး ခက်ခဲကြမ်းတမ်းတဲ့ ဂီတခရီးလမ်းကြီးကိုလျှောက်လှမ်းခဲ့ရတာပဲ ဖြစ်ပါတယ်။ ၁၉၈၉ မှာတော့ Nirvanaရဲ့ Bleach လို့အမည်ရတဲ့ ပထမဆုံးတေး အယ်လ်ဘမ်ကို ထုတ်ဝေနိုင်ခဲ့ပြီး တဖြည်းဖြည်း ဂီတလမ်းကြောင်းပေါ် မှာအောင်မြင်မှုမှတ်တိုင်များစွာ စိုက်ထူလာနိုင်ခဲ့တာ ဖြစ်ပါတယ်။
၁၉၉၄ ခုနှစ် ဧပြီလမှာတော့ Nirvana ရဲ့ ပဲ့ကိုင်ရှင် ဂစ်တာသမား တေးရေးတေးဆို တစ်ဦးလည်းဖြစ်တဲ့ ကတ်ကိုဘိန်းဟာ ဆီယက်တဲလ်မြို့က သူ့ရဲ့အခန်းထဲမှာပဲသေနတ်နဲ့ ကိုယ့်ကိုယ်ကိုအဆုံးစီရင်ပြီး အောင်မြင်မှုတွေနဲ့ ချစ်တဲ့ပရိသတ်တွေကို စွန့်ခွာသွားခဲ့တာ ဖြစ်ပါတယ်။ ကိုဘိန်း ကွယ်လွန်ခဲ့တာ ၂၇ နှစ်ရှိပြီဖြစ်ပေမယ့် ပရိသတ်တွေရင်ထဲမှာတော့ သူရဲ့သီချင်းတွေအမြဲရှိနေလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ဂီတချစ်သူပရိသတ်တွေအတွက် အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ Nirvana တီးဝိုင်းရဲ့ အကျော်ကြားဆုံး သီချင်းကောင်း (၁၀) ပုဒ်ကို ပြန်လည် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။
(၁) Lithium – Nirvana
Source : Nirvana
(၂) Smells Like Teen Spirit – Nirvana
Source : Nirvana
(၃) Heart-Shaped Box – Nirvana
Source : Nirvana
(၄) Come As You Are – Nirvana
Source : Nirvana
(၅) Drain You – Nirvana
Source : Nirvana
(၆) All Apologies – Nirvana
Source : Nirvana
(၇) Aneurysm – Nirvana
Source : Nirvana
(၈) In Bloom – Nirvana
Source : Nirvana
(၉) Sliver – Nirvana
Source : Nirvana
(၁၀) Lounge Act – Nirvana
Source : Nirvana
Featured Photo : GRAMMY.com