ခန့်မှန်းချက်များအရ အရွယ်ရောက်ပြီးသားအမျိုးသားဦးရေရဲ့ထက်ဝက်ခန့်က နှစ်စဉ်နှစ်တိုင်းမှာ ဝိတ်လျော့ဖို့ ကြိုးစားလေ့ရှိပါတယ်။ ဝိတ်လျော့ဖို့အတွက် အစားအစာ လျော့စားခြင်းက အထိရောက်ဆုံး ပထမနည်းလမ်းဖြစ်ပြီး ဒုတိယအထိရောက်ဆုံးနည်းလမ်းကတော့ အားကစားပြုလုပ်ခြင်းပဲဖြစ်ပါတယ်။ အားကစားများများ ပြုလုပ်ခြင်းက ကယ်လိုရီများကို လောင်ကျွမ်းစေပြီး ဝိတ်များများနှင့် မြန်မြန်ကျဖို့အတွက် ကူညီပေးပါတယ်။

ဝိတ်အမြန်ကျချင်တဲ့ ယောကျာ်းများအတွက် ထိရောက်မှုရှိတဲ့ အားကစားလေ့ကျင့်ခန်းများကတော့…

လမ်းလျှောက်ခြင်း

weight loss exercise for men

Photo Source: Pinterest.com

တစ်နေ့ကို မိနစ် ၃၀ ခန့် လမ်းလျှောက်ပေးခြင်းက ၁၆၇ ကယ်လိုရီခန့် လောင်ကျွမ်းပေးနိုင်တယ်လို့ လေ့လာတွေ့ရှိရပါတယ်။ ဒါပေမဲ့ အနည်းဆုံး တစ်ပတ်လျှင် ၃ ကြိမ်၊ ၄ ကြိမ်ခန့် ပုံမှန်လမ်းလျှောက်ပေးဖို့တော့ လိုပါတယ်။

ပြေးခြင်း

weight loss exercise for men

Photo Source: Pinterest.com

လေ့လာချက်များအရ ပြေးခြင်း (သို့) ခပ်မြန်မြန်လမ်းလျှောက်ခြင်းက ဝမ်းဗိုက်က အဆီပိုများကို ဖယ်ရှားပေးနိုင်တယ်လို့ သိရှိရပါတယ်။ ဒါတင်မကသေးပါဘူး။ အပြေးအားကစားက ဆီးချိုရောဂါ၊ နှလုံးရောဂါ ခံစားရခြင်းမှလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။

စက်ဘီးစီးခြင်း

weight loss exercise for men

Photo Source: Coachmag.co.uk

သင့် ခန္ဓာကိုယ်ကို ကျန်းမာကြံ့ခိုင်စေပြီး ဝိတ်ကျဖို့အတွက် ကူညီပေးနိုင်တဲ့ လူကြိုက်များသော အားကစားတွေထဲမှာ စက်ဘီးစီးခြင်းကလည်း တစ်ခုအပါအဝင်ပါပဲ။ တစ်နေ့လျှင် မိနစ် ၃၀ ခန့် စက်ဘီးစီးခြင်းက ကယ်လိုရီ ၂၆၀ ခန့် လောင်ကျွမ်းစေပါတယ်။ တကယ်လို့ သင်က စက်ဘီးမစီးတတ်ဘူးဆိုရင်လည်း ပြဿနာမရှိပါဘူး။ Gym တွေမှာ အသုံးပြုတဲ့ အထိုင်စက်ဘီတစ်စီးလောက် ဝယ်ထားရုံနဲ့တင် နေ့တိုင်း စက်ဘီးစီးဖြစ်နေမှာပါ။

ရေကူးခြင်း

weight loss exercise for men

ရေကူးခြင်းက ဝိတ်အမြန်ကျစေပြီး ခန္ဓာကိုယ်ကို ကျစ်လျစ်လှပစေတဲ့ အားကစားတစ်ခုပါပဲ။ တစ်နေ့ကို မိနစ် ၃၀ ခန့် ရေကူးပေးခြင်းက ၂၃၃ ကယ်လိုရီခန့် လောင်ကျွမ်းစေပါတယ်။ ရက်သတ္တပတ် ၁၂ ပတ်ကြာအောင် လေ့လာထားတဲ့ စမ်းသပ်ချက်အရ တစ်ပတ် ၃ ရက်၊ တစ်ရက် ၁ နာရီခန့် ရေကူးခြင်းက ခန္ဓာကိုယ်ရှိ အဆီပိုများကို လောင်ကျွမ်းစေပြီး ခန္ဓာကိုယ်ကို ပျော့ပြောင်းစေပါတယ်။ ဒါ့အပြင် ကိုလက်စတောပမာဏကိုလည်း လျော့ချပေးကာ နှလုံးရောဂါ ဖြစ်ပွားခြင်းမှလည်း ကာကွယ်ပေးပါသေးတယ်။

ယောဂ လေ့ကျင့်ခန်း

weight loss exercise for men

Photo Source: Rhone.com

ဝိတ်ကျစေရုံသာမက စိတ်ဖိစီးမှုကိုပါ လျော့ချပေးနိုင်တဲ့ တစ်ခုတည်းသော အားကစားကတော့ ယောဂလေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ တစ်ပတ်လျှင် ၂ ရက်ခန့်၊ တစ်ရက် မိနစ် ၉၀ ခန့် ယောဂကစားပေးရုံဖြင့် ခန္ဓာကိုယ်ရှိ အဆီပိုများ လျော့ကျသွားမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် ယောဂလေ့ကျင့်ခန်းက အစား အလွန်အကျွံ စားချင်စိတ်ကိုလည်း လျော့ချပေးနိုင်ပါတယ်။

Source: Healthline.com