အားကစားလှုပ်ရှားမှုတွေဆိုတာ မြက်ခင်းပြင်မှာ လုပ်လို့ရတာ ရှိသလို အခန်းထဲမှာ လုပ်လို့ရတာလည်း ရှိပါတယ်။ လမ်းပေါ်မှာ လုပ်လို့ရတာ ရှိသလို ရေထဲမှာလည်း လုပ်လို့ရတာပါပဲ။ ဒီတစ်ခေါက်ကတော့ ရေကန်ထဲမှာ လုပ်နိုင်တဲ့ လေ့ကျင့်ခန်းတွေအကြောင်း ပြောပြချင်တာပါ။ ရေကန်ထဲမှာ လုပ်မယ့် လေ့ကျင့်ခန်းဆိုပေမယ့် ရေကူးရတာမျိုးမဟုတ်ဘူးဆိုတာလည်း ကြိုပြောချင်ပါတယ်။
(၁) ရေထဲ လမ်းလျှောက်ခြင်း

Photo: NextLuxury
ဒီလေ့ကျင့်ခန်းက သိပ်ရှင်းပါတယ်။ ကုန်းပေါ်မှာ လမ်းလျှောက်သလိုမျိုး ရေကန်ထဲမှာ လမ်းလျှောက်သွားရတာပါ။ ရေထဲမှာ လမ်းလျှောက်တဲ့အခါ တစ်ကိုယ်လုံးကို ရေဖိအားအောက်ကနေ တွန်းလှန်ပြီး လှုပ်ရှားရတာဖြစ်လို့ Whole Body Workout ဖြစ်သွားစေပါတယ်။ ရေထဲမှာ ကိုယ့်အကြိုက်နဲ့ကိုယ် လမ်းလျှောက်နှုန်း Speed တင်နိုင်သလို ခြေကျင်းဝတ် ၊ လက်ကောက်ဝတ် နဲ့ ခါးတွေကိုလည်း ဟန်ချက်ထိန်းပြီးသား ဖြစ်စေမှာပါ။
(၂) ခြေကန်ချက်တွေ လုပ်ခြင်း

Photo: NextLuxury
ရေထဲမှာ ဘောင်ဘင်ခတ်တာကိုပဲ Exercise အနေနဲ့ သက်သက် နာမည်ပေးထားတာပါ။ Leg Kicks လုပ်တယ်ဆိုတာ မှောက်လျက်ရေကူးအနေအထားနဲ့ ခြေထောက်တွေကို ရေနဲ့ တက်ခတ်သလို ခတ်နေတာ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းက ကျောရိုးမကြီးနဲ့ ခြေထောက်တွေကို သန်မာစေသလို လက်တွေရဲ့ ထိန်းချုပ်မှုနဲ့ ဟန်ချက်ထိန်းကျောင်းမှုလည်း ပိုကောင်းလာစေပါတယ်။
(၃) ရေထဲ Jumping Jack ကစားခြင်း

Photo: NextLuxury
ပုံမှန်လုပ်နေတဲ့ Jumping Jack လေ့ကျင့်ခန်းကိုပဲ ရေထဲမှာ လုပ်တာ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းက နှလုံးသွေးတွေ တစ်ကိုယ်လုံးပို့ထုတ်နိုင်အောင် ကူညီပေးတဲ့ လေ့ကျင့်ခန်း ဖြစ်သလို ခါးခြေလက်တွေလည်း သန်မာအောင် လေ့ကျင့်နေတာပဲ ဖြစ်ပါတယ်။
(၄) ရေစက်ဘီစီးခြင်း

Photo: NextLuxury
တချို့ ရေကူးကန်တွေမှာ ရေထဲမှာ နင်းစရာ စက်ဘီးထားပေးပြီး ခြေနင်း Pedals တွေမှာ ပုံမှန်စက်ဘီးနင်းသလို နင်းနိုင်အောင် လုပ်ထားကြပါတယ်။ ဒါကိုပဲ Water Bicycle လုပ်တယ်လို့ ခေါ်ကြပါတယ်။ ဒီလေ့ကျင့်ခန်းက ခြေထောက်နဲ့ ကျောရိုးမကြီးတစ်လျှောက် အဆီတွေ ကျစေတဲ့ ထိရောက်တဲ့ လေ့ကျင့်ခန်းပါပဲ။
(၅) Squad Jumps

Photo: NextLuxury
ရေထဲမှာ Squad Jump လုပ်ရတာ မလွယ်ပါဘူး။ ကုန်းပေါ်မှာ လုပ်တာမနဲ့ မတူပါဘူး။ ရေဖိအားက လူရဲ့ လှုပ်ရှားမှုကို ချုပ်ထားလို့ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ထိရောက်မှုမြင့်ပြီး အကျိုးကျေးဇူးများတဲ့ လေ့ကျင့်ခန်းဆိုတာတော့ ပြောစရာလိုမှာ မဟုတ်ပါဘူး။
Featured Photo: mensjournal
