Six-Pack နဲ့ ကြည့်ကောင်းတဲ့ ခန္ဓာကိုယ်ပိုင်ဆိုင်ချင်ကြတာ အမျိုးသားတိုင်းရဲ့အိပ်မက်တစ်ခုပါပဲ။ Six-Pack ရဖို့ဆိုတာ လွယ်လွယ်နဲ့တော့ မဖြစ်နိုင်ပါဘူး။ လေ့ကျင့်ခန်းမှန်မှန်လုပ်ဖို့လိုသလို အစားအသောက်ပိုင်းကလည်း မေ့ထားလို့မရနိုင်ပါဘူး။ မနက်စာ ၊ နေ့လည်စာ နဲ့ ညစာတွေ အပြင် အဆာပြေစားတဲ့ အစားအစာလေးတွေကအစ စနစ်တကျနဲ့ သေချာ Plan ချထားဖို့လိုပါတယ်။ ဒီဆောင်းပါးလေးမှာတော့ Six-Pack ထွက်ဖို့ကူညီပေးနိုင်မယ့် အထိရောက်ဆုံး (၈) ပတ်တာ Diet Plan အသေးစိတ်ကို ပြောပြပေးချင်ပါတယ်။

ပထမပတ်နဲ့ ဒုတိယပတ်အတွင်းစားရမယ့် အစားအစာများ

Spicy Citrus Shrimp with Quinoa

Photo : Muscle And Fitness

မနက်စာ

  • ကြက်ဥ (ပြုတ်) အကာ ၄ လုံး
  • ကြက်ဥ (ပြုတ်)  အကာနဲ့အနှစ် ၁ လုံး
  • ကြက်ရင်ပုံသား (ပြုတ်) ၈၅ ဂရမ်
  • ငရုပ်ပွ ၁ ပန်းကန်
  • ပန်းသီး ၁ လုံး

အဆာပြေ – ကြက်သား စွတ်ပြုတ်တစ်ပွဲ

နေ့လည်စာ

  • ကြက်သား သို့ ကြက်ရင်ပုံသား (ပြုတ်)  ၁၀၀ ဂရမ်
  • ဆန်လုံးညို ၁ ပန်းကန်
  • ပန်းပွင့်စိမ်း (ပြုတ်)  ၁ ခွက်
  • ဂရိတ်ဖရုသီး ၁ ခြမ်း

အဆာပြေ – ဘလူးဘယ်ရီသီး တစ်ပန်းကန် ၊ Almonds ၁၀ စေ့

ညစာ

  • ပုစွန်သုပ်တစ်ပွဲ ( ပုဇွန်သုပ်တွင်ပါဝင်သောပစ္စည်း ခရမ်းချဉ်သီး ၊ နံနံပင် ၊ သံပုသီး ၊ ကြက်သွန် ၊ ဆားအနည်းငယ် ၊ သံလွင်ဆီ)

အဆာပြေ – ပရိုတိန်းဖျော်ရည်တစ်ခွက် ၊ မြေပဲထောပတ်(စားပွဲတင်ဇွန်း ၁ ဇွန်း)

တတိယပတ်နဲ့ စတုထ္တပတ်အတွင်းစားရမယ့် အစားအစာများ

Chicken Kabobs

Photo : Muscle And Fitness

မနက်စာ

  • ကြက်ရင်ပုံသား (ပြုတ် သို့မဟုတ် ကင်) ၈၅ ဂရမ်
  • ကြက်ဥ (ပြုတ်) အကာ ၃ လုံး
  • ကြက်ဥ (ပြုတ်)  အကာနဲ့အနှစ် ၁ လုံး
  • ငရုပ်ပွ ၁ ပန်းကန်
  • Almonds ၆ စေ့

အဆာပြေ – ကန်စွန်းဥပြုတ် ၁ လုံး

နေ့လည်စာ

  • ကြက်သား သို့ ကြက်ရင်ပုံသား (ပြုတ်)  ၁၀၀ ဂရမ်
  • ဆန်လုံးညို ၁ ပန်းကန်
  • ပန်းပွင့်စိမ်း (ပြုတ်)  ၁ ခွက်
  • ဂရိတ်ဖရုသီး ၁ ခြမ်း

အဆာပြေ – ပေါင်မုန့်ကြမ်း ၁ ချပ် ၊ ပန်းသီး ၁ လုံး

ညစာ

  • ကင်ထားတဲ့ ကြက်ရင်ပုံသားတစ်လုံးနဲ့ ဆန်လုံးညို  ၁ ပန်းကန်

အဆာပြေ – ပရိုတိန်းဖျော်ရည်တစ်ခွက် ၊ မြေပဲထောပတ်(စားပွဲတင်ဇွန်း ၁ ဇွန်း)

ပဉ္စမပတ်နဲ့ ဆဋ္ဌမပတ်အတွင်းစားရမယ့် အစားအစာများ

oatmeal

Photo : Muscle And Fitness

မနက်စာ

  • Oatmeal ၁ ပန်းကန်
  • Chocolate Whey Protein ၂၀ ဂရမ်
  • အုန်းနို့ စားပွဲတင်ဇွန်း တစ်ဝက်

အဆာပြေ – ကြက်ဥ (ပြုတ်) အကာ ၁ လုံး ၊ ကြက်သား (ပြုတ်)  ၅၀ ဂရမ် ၊ ဂရိတ်ဖရုသီး ၁ ခြမ်း

နေ့လည်စာ

  • ဆန်လုံးညို ၁ ပန်းကန်
  • ကြက်သားရင်ပုံသား (ပြုတ်)  ၁၀၀ ဂရမ်
  • ပန်းပွင့်စိမ်း (ပြုတ်)  ၁ ခွက်

အဆာပြေ – ဆော်လမွန်ငါး(ပြုတ်) ၁ တုံး ၊ ထောပတ်သီး ၁ ခြမ်း ၊ ဂရိတ်ဖရုသီး ၁ ခြမ်း

ညစာ

  • ကြက်သားကင် (ချဉ်စပ်) ၊ သခွားသီးသုပ်

အဆာပြေ – ကြက်ဥ (ပြုတ်) အကာ ၃ လုံး ၊ ဟင်းနုနွယ်ကြော် ၁ ပန်းကန်

သတ္တမပတ်နဲ့ အဋ္ဌမပတ်အတွင်းစားရမယ့် အစားအစာများ

cooked sweet potato

Photo : Muscle And Fitness

မနက်စာ

  • Oatmeal ၁ ပန်းကန်
  • Vanilla Whey Protein ၂၀ ဂရမ်
  • အုန်းနို့ စားပွဲတင်ဇွန်း တစ်ဝက်
  • သစ်ကြမ်းပိုးခေါက်မုန့် စားပွဲတင်ဇွန်း ၁ ဇွန်း

အဆာပြေ – ကြက်ဥ (ပြုတ်) အကာ ၂ လုံး ၊ ကြက်သား (ပြုတ်)  ၅၀ ဂရမ် ၊ ထောပတ်သီး ၁ ခြမ်း ၊ ဂရိတ်ဖရုသီး ၁ ခြမ်း

နေ့လည်စာ

  • ကြက်သားရင်ပုံသား (ကင်)  ၁၀၀ ဂရမ်
  • ကန်စွန်းဥပြုတ် ၁ လုံး
  • ပန်းပွင့်စိမ်း (ပြုတ်)  ၁ ခွက်

အဆာပြေ – အမဲသား(ပြုတ်) သုပ် ၁ ပွဲ

ညစာ

  • တူနာငါး (ကင်) ၅၀ ဂရမ် ၊ သရက်သီး ၁ လုံး ၊ ကညွှတ် (ကင်) ၅ ချောင်း

အဆာပြေ – ကြက်ဥ (ပြုတ်) အကာ ၃ လုံး ၊ ဟင်းနုနွယ်ကြော် ၁ ပန်းကန်

အထက်ပါ Diet Plan အတိုင်းသေသေချာချာလေး လိုက်စားပြီး လေ့ကျင့်ခန်းမှန်မှန်လုပ်မယ်ဆိုရင် (၈) ပတ်တာ အတွင်း Six-Pack နဲ့ ကြည့်ကောင်းတဲ့ ခန္ဓာကိုယ်ကို   ပိုင်ဆိုင်နိုင်မှာသေချာပါတယ်။

Featured Photo : Men’s Health