အားကစားခန်းမများသို့ မသွားဘဲ မိမိအိမ်မှာ လေ့ကျင့်ခန်း ပြုလုပ်ဖို့ဆိုရင် အားကစားကိရိယာတွေ အများအပြားလိုအပ်လိမ့်မယ်လို့ ထင်မှတ်တတ်ကြပါတယ်။ တကယ်တော့ ကိရိယာတန်ဆာပလာ များများစားစား မလိုအပ်ပါဘူး။

ကိရိယာအလွတ်ဆော့ကစားနိုင်သလို ကိရိယာတစ်မျိုးတည်းရှိတယ်ဆိုရင်လည်း နည်းလမ်းမျိုးစုံဆော့ကစားနိုင်ပါသေးတယ်။

ဒီဆောင်းပါးလေးထဲမှာတော့ အလေးတုံးတစ်တုံးရှိရုံနဲ့တင် ကြွက်သားများ ကျစ်လျစ်တောင့်တင်းစေမယ့် လေ့ကျင့်ခန်းများကို ဘယ်လိုဆော့ကစားရမလဲဆိုတာ ဝေမျှပေးသွားမှာပဲဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၁)

all-in-one workout for men

ပထမအနေအထားအတိုင်း အလေးတုံးကိုင်ကာ အသင့်ပြင်ထားပါ။ ထို့နောက် ဒူးနှစ်ဖက်ကို ဆန့်တန်းကာ အလေးတုံးကို အပေါ်သို့ ပစ်တင်လိုက်ပါ။ ထို့နောက် အလေးတုံးကို ပြန်ချပါ။ တစ်ကြိမ်လို့ သတ်မှတ်ရပါမယ်။ ၅ ကြိမ်မှ ၈ ကြိမ်အထိ ပြုလုပ်နိုင်ပါတယ်။

လေ့ကျင့်ခန်း (၂)

all-in-one workout for men

ခြေထောက်နှစ်ဖက်ကို ကားထားပြီးနောက် ပထမအနေအထားအတိုင်း အသင့်ပြင်ထားပါ။ ထို့နောက် ခြေသလုံးနှင့် ပေါင်ကြွက်သားကို အားပြုကာ တင်ပါးကို နောက်ပစ်ပြီး ထိုင်ခုံမှာ ထိုင်သလို ထိုင်ချလိုက်ပါ။ မူလအနေအထားအတိုင်း ပြန်နေပါ။ တစ်ကြိမ်လို့ သတ်မှတ်ပါမယ်။

လေ့ကျင့်ခန်း (၃)

all-in-one workout for men

ဒူးအနည်းငယ်ကွေးပြီး အလေးတုံးကိုင်ကာ အသင့်ပြင်ထားပါ။ ထို့နောက် အလေးတုံးကို ရင်ဘတ်ဆီသို့ ဆွဲကပ်လိုက်ပါ။ ထို့နောက် အလေးတုံးကို အောက်ပြန်ချပါ။ တစ်ကြိမ်လို့ သတ်မှတ်ပါမယ်။

လေ့ကျင့်ခန်း (၄)

all-in-one workout for men

ခြေထောက်နှစ်ဖက်ကို ခပ်ကျဲကျဲချဲထားကာ အလေးတုံးကိုတော့ ပုခုံးနဲ့ တစ်တန်းတည်း ကိုင်မြှောက်ထားပါ။ သင့်မျက်နှာက အရှေ့တူရှုသို့ ကြည့်နေပါ။ ထို့နောက် ဒုတိယအနေအထားအတိုင်း ထိုင်ချလိုက်ပါ။ ထို့နောက် မတ်တပ်ပြန်ရပ်ပါ။ တစ်ကြိမ်လို့ သတ်မှတ်ပါမယ်။

လေ့ကျင့်ခန်း (၅)

all-in-one workout for men

ဒီလေ့ကျင့်ခန်းရဲ့ပထမအနေအထားသည် လေ့ကျင့်ခန်း (၄) ရဲ့ ပထမအနေအထားနဲ့ အတူတူပါပဲ။ ထို့နောက် ဒုတိယအနေအထားမှာတော့ ဒူးအနည်းငယ်သာ ကွေးရပါမယ်။ ဒူးပြန်ဆန့်တဲ့အချိန်မှာ အလေးတုံးကို ခေါင်းပေါ် မြှောက်လိုက်ပါ။ တစ်ကြိမ်လို့ သတ်မှတ်ပါမယ်။

လေ့ကျင့်ခန်း (၆)

all-in-one workout for men

ဒီလေ့ကျင့်ခန်းကတော့ အလေးတုံးကို ထောင့်ဖြတ်မျဉ်းအတိုင်း လွှဲရမှာဖြစ်ပါတယ်။ ခန္ဓာကိုယ် ဘယ်ဘက်သို့ ၅ ကြိမ်မှ ၈ ကြိမ်အထိ လွှဲပါ။ ထို့နောက် ညာဘက်သို့ ၅ ကြိမ်မှ ၈ ကြိမ်အထိ လွှဲရပါမယ်။

အထက်ဖော်ပြပါ လေ့ကျင့်ခန်းအားလုံးကို ၅ ကြိမ်မှ ၈ ကြိမ်၊ ၄ ခါ (သို့) ၅ ခါ ပြုလုပ်နိုင်ပါတယ်။

Source: Experiencelife.lifetime.life

Featured Image Source: Experiencelife.lifetime.life