ဆောင်းရာသီကိုရောက်လာတာနဲ့အမျှ မနက်စောစော အားကစားလုပ်သူတွေလည်း များလာပါတယ်။ ပန်းခြံတွေ ကန်ဘောင်တွေနဲ့ ကားရှင်းတဲ့လမ်းတွေပေါ်မှာ လမ်းလျောက်သူ အပြေးလေ့ကျင့်သူတွေနဲ့ မနက်ခင်းအချိန်မှာ ကျန်းမာရေးအတွက် တက်တက်ကြွကြွ ကိုယ်လက်လှုပ်ရှားမှုတွေပြုလုပ်ကြပါတယ်။ ဒီနေ့မှာတော့ မနက်ခင်းအပြေးလေ့ကျင့်ခြင်းက သင့်ကိုဘယ်လိုအကျိုးကျေးဇူးတွေပေးနိုင်လဲဆိုတာ မျှဝေပေးသွားမှာပါ။
(၁) စိတ်ဖိစီးမှုလျော့ကျစေတယ်

Source : iStock
မနက်ခင်းအပြေးလေ့ကျင့်ခန်းပြုလုပ်တဲ့အခါ ခန္ဓာကိုယ်တွင်းက Endorphins ခေါ်တဲ့ ဟော်မုန်းတစ်မျိုးထွက်ရှိပြီး အဆိုပါဟော်မုန်းက စိတ်ဖိစီးမှုတွေကိုလျော့ချပေးပါတယ်။ဒါ့ကြောင့် စိတ်ဖိစီးမှုများတဲ့သူတွေအနေနဲ့ သဘာဝအတိုင်း စိတ်ဖိစီးမှုလျော့ကျပြီး ပျော်ရွှင်တဲ့စိတ်ခံစားမှုရရှိစေဖို့ မနက်ခင်းအပြေးလေ့ကျင့်ခန်းပြုလုပ်သင့်ပါတယ်။
(၂) လန်းဆန်းတက်ကြွမှုကိုပေးတယ်

Source : Men’s Health
မနက်ခင်းစောစောအချိန်ဟာ ရာသီဥတုအနေအထားအရရော ပတ်ဝန်းကျင်အနေအထားကပါ စိတ်ကြည်လင်လန်းဆန်းစေတဲ့ အခြေအနေတစ်ခုမှာရှိပါတယ်။ မနက်စောစောအိပ်ရာထပြီး အပြေးလေ့ကျင့်ခန်းလုပ်မယ်ဆိုရင် လက်ဆတ်တဲ့ မနက်ခင်းရဲ့ သဘာဝတရားကြီးကိုခံစားရမှာဖြစ်သလို စိတ်ခံစားမှုလည်းကောင်းစေတာကြောင့် တစ်နေ့တာလုံးလန်းဆန်းတက်ကြွနေစေမှာဖြစ်ပါတယ်။
(၄) ကယ်လိုရီလောင်ကျွမ်းစေတယ်

Source : iStock
အပြေးလေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ ခန္ဓာကိုယ်ကြွက်သားတွေအပေါ်အကျိုးသက်ရောက်မှုအရှိဆုံး လေ့ကျင့်ခန်းတစ်ခုဖြစ်ပြီး အချိန်တိုအတွင်း ကယ်လိုရီများများလောင်ကျွမ်းစေဖို့ ကူညီပေးပါတယ်။ အပြေးလေ့ကျင့်ခန်းဟာ လေ့ကျင့်ခန်းလုပ်ပြီး ၄၈ နာရီအထိတောင် ကယ်လိုရီဆက်လက်လောင်ကျွမ်းစေမှာဖြစ်ပါတယ်။
(၄) မှတ်ဉာဏ်ကောင်းစေတယ်

Source : PhotoDune
မနက်ခင်းတိုင်းကို ကိုယ်လက်လှုပ်ရှားအားကစားတစ်ခုဖြစ်တဲ့ အပြေးလေ့ကျင်းခန်းနဲ့ စတင်မယ်ဆိုရင် ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေကို ပိုမိုကောင်းမွန်စေပြီး အသက်အရွှယ်ကြီးရင့်လာတဲ့အထိမှတ်ဉာဏ်မော့လျော့တာမျိုးတွေ မဖြစ်နိုင်ပါဘူး။ဒါ့အပြင် အာရုံစူးစိုက်မှုလည်းပိုကောင်းလာစေမှာဖြစ်ပြီး စဉ်းစားတွေးခေါ်နိုင်စွမ်းတွေကို တိုးတက်စေမှာဖြစ်ပါတယ်။
