လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ အလေ့အကျင့်တစ်ခုပဲဖြစ်ပါတယ်။ အထူးသဖြင့် ယခုလို ရောဂါဘယထူပြောသော ကာလကြီးတွင် ကိုယ်ခံစွမ်းအား ကောင်းမွန်နေမှသာလျှင် ပြင်ပမှ ရောဂါပိုးမွှားများကို တိုက်ဖျက်နိုင်မှာမဟုတ်လား။

Gym သွားဖို့အတွက် အချိန်မပေးနိုင်သူများအနေနဲ့လည်း ကိုယ့်အိမ်မှာပဲ လေ့ကျင့်ခန်းပြုလုပ်မယ့်အချိန်ကို သပ်သပ်မတ်မတ်ထားရှိကာ လေ့ကျင့်ခန်းပြုလုပ်သင့်ပါတယ်။

လေ့ကျင့်ခန်းပြုလုပ်ချိန် တဖြည်းဖြည်းကြာလာသည်နှင့်တပြိုင်နက် လေ့ကျင့်ခန်းပြုလုပ်တဲ့ ပစ္စည်းကိရိယာများကို ဝယ်ယူချင်စိတ်ပေါက်လာတဲ့အခါမှာတော့ အခုဖော်ပြပေးမယ့် အားကစားကိရိယာများကိုသာ သတိရလိုက်ပါ။

Indoor စက်ဘီး

home workout equipment for men

သင့်အနေနဲ့ မဖြစ်မနေ ဝယ်ယူချင်တယ်ဆိုရင်တော့ နံပါတ် (၁) ဦးစားပေးဖြစ်တဲ့ Indoor စက်ဘီးလေးကိုသာ ရွေးချယ်လိုက်ပါ။ ဈေးနှုန်းကတော့ ဒေါ်လာ ၈၀၀ ဝန်းကျင်မှာရှိပါတယ်။

Dumbbell အလေးတုံး တစ်စုံ

home workout equipment for men

ဒီအလေးတုံးတစ်စုံကတော့ ၁၀ ပေါင်ကနေ ၅၅ ပေါင်အထိ အလေးတုံး အတိုးအလျော့ ပြုလုပ်နိုင်ပါတယ်။ ဈေးနှုန်းကတော့ ၃၂၉ ဒေါ်လာ ကုန်ကျပါလိမ့်မယ်။

ယောဂ လေ့ကျင့်ခန်း ဖျာ

home workout equipment for men

ယောဂဖျာသည်လည်း လေ့ကျင့်ခန်းပြုလုပ်တဲ့အခါ မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းးတစ်ခုပဲဖြစ်ပါတယ်။ သူကတော့ ၇၂ ဒေါ်လာ ကုန်ကျပါလိမ့်မယ်။

Resistance Bands အမျိုးအစား အမျိုးမျိုး

home workout equipment for men

ဒီလို Resistance Bands တစ်စုံလောက် ဝယ်ယူလိုက်တာနဲ့တင် အမျိုးအစား ၂၅ ခုခန့် ပါဝင်ပါတယ်။ ဘက်စုံအသုံးပြုနိုင်ပြီး ဈေးနှုန်းကတော့ ၃၆ ဒေါ်လာပဲ ကုန်ကျမှာဖြစ်ပါတယ်။

ခုံတန်းရှည်

home workout equipment for men

အထက်ဖော်ပြပါ ကိရိယာများ ပြီးသွားမှ ဒီခုံတန်းရှည်ကို ဦးစားပေးပါ။ သူကတော့ ၂ နှစ်အာမခံ ပါဝင်ပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၇၀ ကုန်ကျမှာပါ။

ပြေးစက်

home workout equipment for men

ပြေးစက်ကတော့ ကိုယ် ဝယ်ယူမယ့် မော်ဒယ်အမျိုးအစားပေါ် မူတည်ပြီး ဈေးနှုန်းအမျိုးမျိုး ပြောင်းလဲသွားနိုင်ပါတယ်။ ဒီအမျိုးအစားကတော့ ဒေါ်လာ ၁၅၀၀ တန်ဖိုးရှိပါတယ်။

လေ့ကျင့်ခန်းဘောလုံး ဆိုဒ်အကြီးစား

home workout equipment for men

သင့်ခြေထောက်နှစ်ဖက်ကို ဒီဘောလုံးပေါ် တင်ပြီးပဲ ဒိုက်ထိုးချင်သလား။ ဒါမှမဟုတ် ဘောလုံးကို ခြေထောက်နှစ်ခုကြားထဲညှပ်ထားပြီး ဝမ်းဗိုက်ကြွက်သားများအတွက် ဆော့ကစားချင်သလား။ ဘက်စုံဆော့ကစားလို့ရပါတယ်။ ဈေးနှုန်းကတော့ ၁၇ ဒေါ်လာ ကုန်ကျမှာပါ။

Source: Themanual.com

Featured Image Source: Muscle & Fitness