Cardio လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းသည် နှလုံးကို ကျန်းမာစေပြီး အဆီပိုများ ဖယ်ရှားပေးကာ ကိုယ်အလေးချိန် ကျစ်လျစ်စေပါတယ်။ ဒါတင်မကသေးပါဘူး။ အဆုတ်အားကောင်းစေခြင်း၊ ညဘက်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်အနားယူနိုင်ခြင်း၊ စွမ်းအင်ပြည့်ဝကာ တက်ကြွလန်းဆန်းစေခြင်းနှင့် ကိုယ်ခံစွမ်းအား မြင့်မားစေခြင်း အစရှိတဲ့ ကောင်းကျိုးများကို ရရှိခံစားစေပါတယ်။

ဝိတ်ချချင်တဲ့ ယောကျာ်းများအတွက် Cardio လေ့ကျင့်ခန်းတွေက ထိရောက်မှု အရှိဆုံးနဲ့ အမြန်ဆန်ဆုံးပဲဖြစ်ပါတယ်။ ဝိတ်ကျဖို့အတွက် ဘယ်လို Cardio လေ့ကျင့်ခန်းတွေကို ပြုလုပ်သင့်သလဲဆိုတော့ …

အပြေးလေ့ကျင့်ခန်း

best cardio workout for men

အပြေးလေ့ကျင့်ခန်းပြုလုပ်ခြင်းသည် မည်သည့်ကိရိယာပစ္စည်းမျှ မလိုအပ်တဲ့အပြင် အချိန်မရွေး ထလုပ်နိုင်တဲ့ လေ့ကျင့်ခန်းတစ်ခုပဲဖြစ်ပါတယ်။ ထိုလေ့ကျင့်ခန်းသည် သင့်ခန္ဓာကိုယ် တစ်ခုလုံးရှိ ကြွက်သားများကို သန်မာစေပြီး အဆီပိုများကိုလည်း ဖယ်ရှားပေးပါတယ်။

လမ်းမြန်မြန်လျှောက်ခြင်း

best cardio workout for men

သင့်အနေနဲ့ ပြေးရတာ မနှစ်သက်ဘူးဆိုရင်တော့ လမ်းမြန်မြန်လျှောက်တဲ့ လေ့ကျင့်ခန်းမျိုးကို ရွေးချယ်နိုင်ပါတယ်။ သူသည်လည်း ကိရိယာလွတ်ပြုလုပ်နိုင်တာကြောင့် လွယ်ကူရိုးရှင်းတဲ့ လေ့ကျင့်ခန်းတစ်ခုပဲဖြစ်ပါတယ်။ အဓိကအရေးကြီးဆုံးကတော့ သေသေချာချာ အချိန်ပေးဖို့နဲ့ ပုံမှန်ပြုလုပ်ပေးသွားဖို့ပါပဲ။

ထိုင်ခုံမပါတဲ့စက်ဖြင့် စက်ဘီးနင်းသကဲ့သို့ နင်းခြင်း

best cardio workout for men

သင့်အနေနဲ့ မိမိအိမ်မှာ အားကစားနဲ့ ပတ်သက်တဲ့စက်ပစ္စည်းတစ်ခုခု ဝယ်ယူချင်တယ်ဆိုရင်တော့ ဒီစက်ပစ္စည်းကို ဝယ်ယူနိုင်ပါတယ်။ သူကတော့ ပြေးစက်နဲ့လည်း ဆင်တူသလို ထိုင်ခုံမပါတဲ့ စက်ဘီးလို့ ပြောလည်းရပါတယ်။ သူ့မှာ ခြေနင်းနှစ်ဖက်ပါပြီး သင်က ထိုခြေနင်းပေါ်တင် နိမ့်ချည်မြင့်ချည်ပြုလုပ်ကာ ဆော့ကစားပေးရုံပါပဲ။

စက်ဘီးစီးခြင်း

best cardio workout for men

စက်ဘီးစီးကျွမ်းတဲ့ ယောကျာ်းများအတွက်တော့ နေ့စဉ်စက်ဘီးစီးခြင်းသည် ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ပေးတာနဲ့ အတူတူပါပဲ။ သင့်အနေနဲ့ ဟိုနားဒီနားသွားတဲ့ပုံစံမျိုးမဟုတ်ဘဲ အားကစားတစ်ခုအဖြစ် ဇောက်ချစီးမယ်ဆိုရင်တော့ စက်ဘီးစီးဦးထုပ်နဲ့ လက်မောင်းအကာ၊ ဒူးအကာ စသည်ဖြင့် အကာအကွယ်အပြည့်အစုံဖြင့် စီးနင်းသင့်ပါတယ်။

တောင်တက်ခြင်း

best cardio workout for men

Photo Source: Freepik.com

ဒီလေ့ကျင့်ခန်းကို အခုမှပြုလုပ်မယ့် Beginner သမားများကတော့ တောင်တက်ခြင်းက ခန္ဓာကိုယ်အပေါ်ပိုင်းကြွက်သားများကိုသာ အထောက်အကူဖြစ်စေတယ်လို့ ထင်တတ်ကြပါတယ်။ တကယ်တော့ ဒီလေ့ကျင့်ခန်းသည် ခန္ဓာကိုယ်တစ်ခုလုံးရှိကြွက်သားများကို သန်မာစေတာပဲဖြစ်ပါတယ်။ Indoor Climbing Wall ထဲ သွားရောက်ကာ အားကစားပြုလုပ်လိုက်ပါ။

လက်ဝှေ့ထိုးခြင်း

best cardio workout for men

လက်ဝှေ့အားကစားကတော့ သင့်ရဲ့ရင်အုပ်ကြွက်သား၊ လက်မောင်ကြွက်သား၊ ဝမ်းဗိုက်ကြွက်သားနှင့် ခန္ဓာကိုယ် အောက်ပိုင်းကြွက်သားများအတွက် အထူးကောင်းမွန်ပါတယ်။ သင့်အနေနဲ့ လက်ဝှေ့အားကစားရုံမှာ သွားထိုးဖို့ အချိန်မပေးနိုင်ဘူးဆိုရင်တောင်မှ အိမ်မှာ သဲအိတ်တစ်ခုရှိရုံနဲ့ ပြီးပြည့်စုံပါတယ်။ ဒါပေမဲ့ ဆရာ မပြ နည်းမကျဆိုသလို ကိုယ့်ရဲ့နည်းပြထံမှ စနစ်တကျသင်ယူခြင်းကသာလျှင် ကိုယ်နေဟန်ထား မှန်မှန်နဲ့ လက်ဝှေ့ထိုးနိုင်မှာဖြစ်ပြီး ကိုယ်ခန္ဓာအတွက် အထိရောက်ဆုံးပါပဲ။

Source: Themanual.com

Featured Image Source: Mensjournal.com