လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ခြင်းသည် ကျန်းမာရေးကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်ကို ကျစ်လျစ်သန်မာစေပါတယ်။ ဒါ့အပြင် အမောအပန်ခံနိုင်ပြီး သက်လုံကောင်းခြင်းသည် လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ခြင်းရဲ့ အကျိုးကျေးဇူးတွေပဲ ဖြစ်ပါတယ်။
အားကစားပြုလုပ်ရာတွင် ပိုမိုထိရောက်မှုရှိစေဖို့အတွက် ကူညီပေးမယ့် အားကစားကိရိယာများ၊ စက်ပစ္စည်းများကလည်း အများအပြားရှိပါတယ်။ အပြေးစက်၊ လမ်းလျှောက်စက်၊ စက်ဘီးစက် စသည်ဖြင့် အများအပြားရှိတဲ့အနက် ကိုယ် ကြိုက်နှစ်သက်ရာ စက်ပစ္စည်းကို ဝယ်ယူနိုင်ပါတယ်။
ထိုအထဲကမှ အိမ်တွင်းစီးစက်ဘီးလေးနှစ်သက်တယ်ဆိုရင်တော့ လောလောလတ်လတ်ကမှ ထွက်ရှိထားတဲ့ နောက်ဆုံးပေါ်အိမ်တွင်းစီး စက်ဘီးလေးများကို ဝေမျှပေးချင်ပါတယ်။
Echelon Smart Connect EX3

ဒီစက်ဘီးလေးကတော့ ဒေါ်လာ ၈၀၀ ခန့် ပေးဝယ်ရမျာဖြစ်ပါတယ်။ သူ့ရဲ့ခြေနင်းက ပုံစံနှစ်မျိုး ပြောင်းလို့ရတဲ့အတွက်ကြောင့် အားကစားဖိနပ်စီးပြီး နင်းလို့လည်းရသလို ဖိနပ်မပါဘဲ ခြေဗလာနဲ့လည်း စီးနိုင်ပါတယ်။
Echelon Connect EX5

Echelon တံဆိပ်ကိုမှ နောက်ထပ် မော်ဒယ်အမြင့်တစ်စီး ဝယ်ယူချင်တယ်ဆိုရင်တော့ Echelon Connect EX5 မော်ဒယ်မျိး ဝယ်ယူနိုင်ပါတယ်။ သူကတော့ ဒေါ်လာ ၉၉၉၊ ၁၀၀၀ ဝန်းကျင်ပါပဲ။
Bowflex VeloCore

စက်ဘီးနင်းနေချိန်အတွင်း စက်ဘီးလက်ကိုင်ကို ကိုင်ထားမယ်ဆိုရင်တော့ စခရင်မ်ပေါ်မှာ သင့်ရဲ့နှလုံးခုန်နှုန်းတို့ကို ဖော်ပြထားမှာဖြစ်တဲ့အပြင် ထိုစခရင်မ်နဲ့ သင့်ရဲ့တီဗွီကိုလည်း ချိတ်ဆက်လို့ရနိုင်တာကြောင့် စက်ဘီးနင်းရင်း စိတ်အပန်းဖြေလို့ရတာပေါ့။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၈၉၉ ဒေါ်လာ ကုန်ကျမှာဖြစ်ပါတယ်။
MYX II Plus

ဒီစက်ဘီးကတော့ ဒေါ်လာ ၁၈၀၀ ကုန်ကျမှာဖြစ်ပါတယ်။ သူသည်လည်းပဲ အမိုက်စားခရင်မ်လေး ပါဝင်တဲ့အတွက်ကြောင့် ရုပ်ရှင်ကြည့်ရင်း စက်ဘီးစီးနိုင်ပါတယ်။
SoulCycle AT-Home Bike

Photo Source: bestproducts.com
အမိုက်စားစက်ဘီးမျိုး ဝယ်ယူချင်တယ်ဆိုရင်တော့ SoulCycle တံဆိပ်ကို ရွေးချယ်နိုင်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၂၅၀၀ ကုန်ကျမှာဖြစ်ပါတယ်။
Nordictrack s22i Studio Cycle

စမတ်စက်ဘီးမျိုး လိုချင်တယ်ဆိုရင်တော့ Nordictrack တံဆိပ်လေး ရွေးချယ်လိုက်ပါ။ သူ့ရဲ့ Feature တွေကလည်း အများအပြားပါဝင်တဲ့အတွက်ကြောင့် အဆင့်အမြင့်ဆုံးအိမ်တွင်းစီးစက်ဘီးလို့ဆိုရမှာပါပဲ။ ဈေးနှုန်းကတော့ ၁၄၉၉ ဒေါ်လာ ကုန်ကျပါလိမ့်မယ်။
Schwinn IC3 Bike

သင့်အနေနဲ့ ဈေးနှုန်းအတန်အသင့်ရှိပြီး လေ့ကျင့်ခန်းပြုလုပ်ဖို့အတွက်လည်း ထိရောက်မှုရှိရမယ်။ Touchscreen လည်း ပါရမယ်ဆိုရင်တော့ ဒီတံဆိပ်ကို ရွေးချယ်နိုင်ပါတယ်။ သူ့ဈေးနှုန်းကတော့ ဒေါ်လာ ၅၄၀ ကုန်ကျမှာဖြစ်ပါတယ်။
Source: Themanual.com
Featured Image Source: Coachmag.co.uk
