တစ်ကိုယ်လုံး ညောင်းကိုက်တင်းမာနေတယ်လို့ ခံစားရပြီဆိုရင် အရင်ဆုံး တွေးမိတာကတော့ ငါတော့ အကြောလျှော့ရမယ်ဆိုတာပဲ ဖြစ်ပါလိမ့်မယ်။ ပုံမှန်အားဖြင့် ကြွက်သားတွေ တင်းမာတောင့်တင်းနေရတဲ့ အကြောင်းရင်း နှစ်ခုရှိတတ်ပါတယ်။ ဘာမှလှုပ်လှုပ်ရှားရှား မလုပ်ဘဲ ခွေနေမိလို့ နဲ့ ပြင်းထန်တဲ့ Workout တွေ လုပ်မိလို့ပါ။

ဘာကြောင့်ပဲ ကြွက်သားတွေတောင့်တင်း တောင့်တင်း အမြန်သက်သာအောင် ဖြေလျှော့တဲ့နည်းလမ်းတွေ ရှိပါတယ်။ အိမ်မှာဆိုရင် ခဏလောက် အနားယူပြီး တောင့်တင်းနေတဲ့ ကြွက်သားနေရာကို နှိပ်ပေးရမှာပါ။ နာနေတုန်းပဲဆိုရင် ရေနွေးအိတ် Hot Pack နဲ့ အပူပေးနိုင်ပါတယ်။ တောင့်တင်းနေတဲ့ ကြွက်သားနေရာက ရောင်ရမ်းနေရင် ရောင်ရမ်းတာ သက်သာဖို့ ရေခဲအိတ် Cold Pack ကပ်တာ ပိုကောင်းပါတယ်။

man-exercising-outdoors-arm-stretch-shoulder

Photo: HealthLine

ထိုင်ခုံမှာ ကြာကြာ ထိုင်တဲ့သူတွေမှာ ဒူးဆစ်နားက ကြွက်သားတွေ နာတတ်ပါတယ်။ ဒီလိုလူတွေအတွက် ခြေသလုံးကြွက်သား ၊ ပေါင်ကြွက်သားနဲ့ တင်ပါး တစ်လျှောက်ကို အကြောလျှော့ပေးဖို့ လိုပါတယ်။ အကြောလျှော့နည်းတွေ လုပ်မယ်ဆိုရင် ဖြည်းဖြည်းချင်း နဲ့ တစ်ဆင့်ချင်း သွားပါ။ နောက်ကျောနဲ့ ခြေသလုံး ကြွက်သားတွေ တင်းမာနေတာ လျှော့ဖို့ Hard Form Roller တစ်ခုလည်း သုံးနိုင်ပါတယ်။

Foam Roller သုံးမယ်ဆိုရင် ကြမ်းပြင်ပေါ်မှာ လှဲရမှာ ဖြစ်ပါတယ်။ တင်းမာနေတဲ့ ကြွက်သားတွေအောက်မှာ Roller ခံပြီး ရှေ့ထိုး နောက်ငင် ဖြည်းဖြည်းချင်း တွန်းလှိမ့်လှိမ့် ပေးရမှာပါ။ လူ့ကိုယ်ခန္ဓာမှာ ကြွက်သားတွေ မကြာခဏ တင်းတောင့်နေတတ်တဲ့ နေရာက လည်ပင်းပိုင်း ဖြစ်ပါတယ်။ တစ်နေကုန် ဖုန်းသုံးသူတွေမှာ အဖြစ်များပါတယ်။ လည်ပင်းကြွက်သားတွေ ပြေလျော့ဖို့ဆို ခေါင်းကို ညင်ညင်သာသာပဲ ရှေ့ငိုက် ၊ နောက်လှန် ၊ ဘေးလှည့် လုပ်ပေးရမှာပါ။

Foam-Roller-Moves-for-Your-Entire-Body

Photo: geneseevalleypt

ပခုံးတွေကိုလည်း လေးငါးခါလောက် ရှေ့ကို စက်ဝိုင်းပုံ ကစားပေး ပြီးရင် နောက်ပြန် Roll Back လုပ်ပေးပါ။ စိတ်ဖိစီးမှုကြောင့်လည်း ကြွက်သားတွေ တင်းမာနေတတ်ပါတယ်။ စိတ်ဖိစီးမှုတွေကြောင့် ကြွက်သားတွေ တင်းမာတောင့်ခဲ မနေစေဖို့ တရားထိုင်တာ ၊ သတိနဲ့ တိတ်တိတ်ဆိတ်ဆိတ်နေတာ ၊ အားလပ်ရက်မှာ ဘာအလုပ်မှ မလုပ်ဘဲ အနားယူတာမျိုး လုပ်ပြီးလည်း Stress Level ကို လျှော့ချသင့်ပါတယ်။

ဒီနည်းလမ်းလေးတွေ ပုံမှန် လုပ်ပေးသွားမယ်ဆိုရင် ကြွက်သားတွေ ညောင်းညာတောင့်တင်းနေတာမျိုး အဖြစ်နည်းပြီး ပေါ့ပါးဖျတ်လတ်တဲ့ လူနေမှုပုံစံကို ရရှိမှာ ဖြစ်ပါတယ်။