သင် နေထိုင်တဲ့နေရာဒေသပေါ် မူတည်ပြီး ဆောင်းရာသီသည် သင့်အတွက် နှစ်လိုဖွယ်ကောင်းတဲ့ ရာသီဥတုတစ်ခုဖြစ်နိုင်သလို သင့်အတွက် အိပ်မက်ဆိုးတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုချမ်းအေးတဲ့ဆောင်းရာသီမှာ ဆောင်းရာသီအားကစားများကို ကျင်းပပြုလုပ်လေ့ရှိကြပါတယ်။

ဆောင်းရာသီမှာ ဘယ်လိုအားကစားတွေက ခေတ်စားသလဲဆိုတော့ …

(၅) Skeleton

The Best Winter Sports for men

Photo : Self.com

ဒီအားကစားကိုတော့ ၂၀၀၂ ခုနှစ် အိုလံပစ်အားကစားမှာ တရားဝင်စတင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဘုတ်ပြားပေါ်မှာ ခန္ဓာကိုယ်ကို မှောက်လျက်ထားပြီး အရှိန်နဲ့ လျောဆင်းသွားရမှာဖြစ်ပါတယ်။ အားကစားသမားသည် တစ်နာရီလျှင် အရှိန်နှုန်း ၁၃၀ ကီလိုမီတာဖြင့် လျောဆင်းနိုင်ပါတယ်။

(၄) Ski Jumping

The Best Winter Sports for men

Photo : Kaztag.info

ဒီ Concept ကတော့ ရိုးရှင်းပါတယ်။ စကိတ်စီးသူသည် စကိတ်စီးရင်း အဆုံးသတ်မှာ အမြင့်ဆုံးခုန်ပြရမှာဖြစ်ပါတယ်။ ဘယ်လောက်မြင့်မြင့်အထိ ခုန်နိုင်သလဲ။ ဘယ်လိုစတိုင်လ်နဲ့ ခုန်သွားသလဲဆိုတဲ့အချက်တွေပေါ် မူတည်ပြီး အမှတ်ပေးသွားတာဖြစ်ပါတယ်။

(၃) Ice Hockey

ice hockey for men

Photo : Fisu.net

ရေခဲပြင်ဟော်ကီအားကစားသည်လည်း ဆောင်းရာသီမှာ ရေပန်းစားတဲ့ အားကစားတစ်ခုဖြစ်ပါတယ်။ စကိတ်စီးတာလည်း ကျွမ်းကျင်ရမှာဖြစ်ပြီး အသင်းအဖွဲ့အလိုက် လုပ်ဆောင်တတ်ဖို့လည်း လိုအပ်ပါသေးတယ်။ အသင်းနှစ်သင်း ယှဉ်ပြိုင်ရတာဖြစ်ပြီး ဂိုးအများဆုံး သွင်းနိုင်တဲ့အဖွဲ့ကတော့ အမှတ်ရမှာဖြစ်ပါတယ်။

(၂) Alpine Skiing

The Best Winter Sports for men

Photo : Irishtimes.com

ယှဉ်ပြိုင်သူများသည် သူတို့ရဲ့စကိတ်စွမ်းရည်ကို နှင်းများစွာဖုံးလွှမ်းနေတဲ့ နှင်းတောင်တွေပေါ်မှာ ပြုလုပ်ရတာဖြစ်ပါတယ်။ ပြိုင်ပွဲအတွက် လေ့ကျင့်သူများကတော့ စကိတ်အပန်းဖြေစခန်းမှာ လေ့ကျင့်ကြရပါတယ်။ အားကစားယှဉ်ပြိုင်နေစဉ်အတွင်းမှာ ယှဉ်ပြိုင်သူတွေ များပြားလှပြီး အတွေ့အကြုံမရှိသူများအတွက်ကတော့ ခက်ခဲလွန်းလှပါတယ်။ ထိခိုက်ဒဏ်ရာအနာတရ ရရှိသူတွေလည်း များပါတယ်။

(၁) Alpine Snowboarding

The Best Winter Sports for men

Photo : Ka-99.top

ဒီအားကစားကို ဆောင်းရာသီအိုလံပစ်အားကစားမှာ တရားဝင်စတင်မိတ်ဆက်ပေးတဲ့အချိန်ကတော့ ၁၉၉၈ ခုနှစ်တုန်းကပါ။ စကိတ်ဘုတ်အသုံးပြုပြီး ယှဉ်ပြိုင်ရတာဖြစ်ပြီး ကြိမ်ဖန်များစွာ လေ့ကျင့်မှုများ လိုအပ်ပါတယ်။ ယှဉ်ပြိုင်သူများသည် သတ်မှတ်ပေးထားသော မြွှေလိမ်မြွေကောက်လမ်းကြောင်းပေါ်တွင် မတူညီတဲ့အမြန်နှုန်း ယှဉ်ပြိုင်ရတာဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ လမ်းကြောင်းကို သွေဖယ်မသွားဘဲ စီးနင်းနှင်းနိုင်ပါက အမှတ်များများပိုရပါတယ်။

သင်ရော အခုဖော်ပြသွားတဲ့ ဆောင်းရာသီအားကစားတွေထဲမှာ ဘယ်အားကစားကို အနှစ်သက်ဆုံးပါလဲ။

Source: Cricket-on-ice.com

Featured Image Source: Wallpaperaccess.com