တစ်နေ့တစ်နေ့ အလုပ်များလွန်းတဲ့အတွက်ကြောင့် ကိုယ့်ရဲ့ခန္ဓာကိုယ် ကျန်းမာရေးအတွက် အချိန်မပေးဖြစ်ကြပါဘူး။ ကြာလာတဲ့အခါ ခန္ဓာကိုယ်မှာ အဆီပိုတွေ စုလာပြီး အဝလွန်းခြင်းအပြင် အခြားသောကျန်းမာရေးပြဿနာများ ဝင်ရောက်လာတတ်ပါတယ်။

ဒီလိုအခြေအနေမျိုးကို ရှောင်ကြဉ်ပြီး ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်မှု ကောင်းမွန်ချင်တဲ့ ယောကျာ်းများအတွက် အကောင်းဆုံးလေ့ကျင့်ခန်းများကို ဝေမျှပေးချင်ပါတယ်။

လေ့ကျင့်ခန်း (၁)

the best workout routine for men

အရင်ဦးဆုံး ခြေထောက်နှစ်ဖက်ကို ပုခုံးအကျယ်အတိုင်း ချဲထားပါ။ လက်နှစ်ဖက်က အလေးတုံးကို ကိုင်ထားကာ ခန္ဓာကိုယ်အရှေ့ဘက်တွင် တွဲလွဲထားထားပါ။

ထို့နောက် ဒူးနှစ်ဖက်ကို ကွေးညွှတ်လိုက်ပါ။ တစ်ချိန်တည်းမှာပဲ အလေးတုံးကို ရင်ဘတ်ဆီသို့ ဆွဲမလိုက်ပါ။ ထို့နောက် မူလအနေအထားအတိုင်း ပြန်နေပါ။ ၁၂ ကြိမ်မှ ၁၅ ကြိမ်အထိ ပြုလုပ်ပေးနိုင်ပါတယ်။

လေ့ကျင့်ခန်း (၂)

the best workout routine for men

ခြေထောက်နှစ်ဖက်ကို ပုခုံးအကျယ်ထက် ပိုကျယ်အောင် ချဲထားလိုက်ပါ။ အလေးတုံးကို ခန္ဓာကိုယ်အရှေ့တွင် ကိုင်ထားကာ မတ်တပ်ရပ်နေပါ။

ထို့နောက် ဒူးခေါင်းကို ကွေးညွှတ်လိုက်ပါ။ ဒူးက ၉၀ ဒီဂရီဖြစ်နေရပါမယ်။ ထို့နောက် ဖြည်းဖြည်းချင်း မတ်တပ်ပြန်ရပ်လိုက်ပါ။

လေ့ကျင့်ခန်း (၃)

the best workout routine for men

Photo Source: Pinterest.com

ခြေထောက်နှစ်ဖက်ကို ပုခုံးအကျယ်အတိုင်း ချဲထားပြီး လက်နှစ်ဖက်ကို ခန္ဓာကိုယ်ဘေးတစ်ဖက်တစ် ချက်စီတွင် ကပ်ထားပါ။ ထို့နောက် ဒူးအနည်းငယ်ကွေးကာ အလေးတန်းကို ဆွဲယူလိုက်ပါ။ ထို့နောက် ဒူးနှစ်ဖက်ကို ဆန့်ကာ အလေးတန်းကို ဆွဲမလိုက်ပါ။ အလေးတန်းသည် သင့်ရဲ့ ပေါင်တစ်ဝက်ခန့်မှာ ရောက်ရှိနေရပါမယ်။ ၆ ကြိမ်မှ ၈ ကြိမ်ခန့်အထိ ပြုလုပ်နိုင်ပါတယ်။

လေ့ကျင့်ခန်း (၄)

the best workout routine for men

Source: Menshealth.com

အလေးတန်းကို ဘေးတစ်ဖက်တွင် ကိုင်ထားပြီး ကျန်လက်တစ်ဖက်က ပုခုံးနဲ့ တစ်တန်းတည်း မြှောက်ထားရပါမယ်။ ထို့နောက် ဟိုဘက်ဒီဘက် လမ်းလျှောက်ပေးလိုက်ပါ။

ခြေလှမ်း ၃၀ ခန့် လှမ်းပြီးတဲ့အခါ အလေးတုံးကို နောက်လက်တစ်ဖက်က ကိုင်ထားပါ။ ထိုနည်းအတိုင်းပဲ ဆက်လက်လုပ်ဆောင်ပေးရပါမယ်။ ၃ ကျော့စီ ပြုလုပ်ပါ။

လေ့ကျင့်ခန်း (၅)

the best workout routine for men

ဒီလေ့ကျင့်ခန်းပြုလုပ်တဲ့အခါ အရင်ဦးဆုံး ခြေထောက်နှစ်ဖက်ကို ပုခုံးအကျယ်အတိုင်း ချဲထားပါ။ ထို့နောက် လက်နှစ်ဖက်က ကြိုးကို ဖမ်းကိုင်ထားပါ။ ထို့နောက် လက်မောင်းကြွက်သားအသုံးပြုကာ ခန္ဓာကိုယ်ကို နိမ့်ချည်မြင့်ချည် ပြုလုပ်ရပါမယ်။

Source: Themanual.com

Featured Image Source: Themanual.com