လေ့လာတွေ့ရှိချက်များအရ ၈၀ ရာခိုင်နှုန်းခန့်သော အမျိုးသားများသည် အလုပ်တာဝန်ပိခြင်း၊ လုံလောက်သောအနားယူချိန်များ မရှိတဲ့အတွက်ကြောင့် စိတ်ဖိစီးမှုများကို ခံစားနေရတယ်လို့ သိရှိရပါတယ်။ ဒါ့ကြောင့်လည်း စိတ်ဖိစီးမှုကို ဖယ်ရှားဖို့ရန်အတွက် စိတ်တည်ငြိမ်စေမယ့် လက်ဖက်ရည်များ၊ အစားအစာများ စားသုံးခြင်း၊ အသံကုထုံးဖြင့် ကုသခြင်း အစရှိတဲ့ နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းနေကြပါတယ်။

ထိုကဲ့သို့ ကြိုးပမ်းလို့ရတဲ့နောက်ထပ်နည်းလမ်းကောင်းတစ်ခုကတော့ ယောဂလေ့ကျင့်ခန်းပြုလုပ်ခြင်းပဲဖြစ်ပါတယ်။ ယောဂလေ့ကျင့်ခန်းပြုလုပ်ခြင်းသည် ယောကျာ်းများကို စိတ်တည်ငြိမ်စေပြီး စိတ်ဖိစီးမှုများ လျော့ကျစေဖို့ရန်အတွက် ကူညီပေးပါတယ်။

ဘယ်လိုယောဂလေ့ကျင့်ခန်းတွေကို ပုံမှန်ပြုလုပ်ပေးသင့်သလဲဆိုတော့ …

ယောဂလေ့ကျင့်ခန်း (၁)

Yoga poses for men with stress

Photo Source: Forceful-tranquility.com

အရင်ဦးဆုံး ခါးမတ်မတ်ထားပြီး ထိုင်နေပါ။ ထို့နောက် ခြေထောက်နှစ်ဖက်ကို ပုံပါအတိုင်း ကြမ်းပြင်နဲ့ ထိကပ်နေအောင် ထားလိုက်ပါ။ လက်နှစ်ဖက်က ဒူးခေါင်းပေါ် တင်ထားလိုက်ပါ။ ပုခုံးကိုလည်း ရှေ့သို့ ကိုင်းမကျစေဘဲ မတ်မတ်ထားရပါမယ်။ မျက်စိတ်မှိတ်ထားကာ ၁ မိနစ်ခန့် ငြိမ်ငြိမ်နေလိုက်ပါ။

ယောဂလေ့ကျင့်ခန်း (၂)

Yoga poses for men with stress

Photo Source: Pinterest

အရင်ဦးဆုံး ဒူးခေါက်ထားပြီး ဒူးပေါ်တွင် ထိုင်လိုက်ပါ။ ခန္ဓာကိုယ်အပေါ်ပိုင်းကို တဖြည်းဖြည်းချင်း အရှေ့သို့ ကိုင်းချလိုက်ပါ။ လက်ဖဝါးနှစ်ဖက်ကို ပူးကပ်ထားပြီးနောက် ပုံပါအတိုင်း အရှေ့သို့ ဆန့်ထုတ်လိုက်ပါ။ ထိုအနေအထားအတိုင်း သင် လုပ်နိုင်သမျှ ကြာကြာလုပ်ပေးရပါမယ်။ အသက်ကိုလည်း ဖြည်းဖြည်းမှန်မှန် ရှုသွင်းရှုထုတ်ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၃)

Yoga poses for men with stress

Photo Source: Tapascenter.com

အရင်ဦးဆုံး ခြေထောက်နှစ်ဖက်ကို အရှေ့သို့ ဆန့်ထုတ်ထားပါ။ ထို့နောက် တံတောင်ကို ကြမ်းပြင်နဲ့ ထိကပ်စေပြီး ခြေဖဝါးနှစ်ဖက်ကို လှမ်းကိုင်လိုက်ပါ။ ထိုအချိန်တွင် မျက်နှာက အရှေ့သို့ ကြည့်နေပါ။

Yoga poses for men with stress

Photo Source: Tapascenter.com

ထို့နောက် တဖြည်းဖြည်းနဲ့ မျက်နှာကို ဒူးခေါင်းနဲ့ ထိကပ်ပေးလိုက်ပါ။ စက္ကန့် ၃၀ ခန့်ကြာတဲ့နောက်မှာတော့ မူလအနေအထားအတိုင်း ပြန်ထိုင်နိုင်ပါပြီ။

လေ့ကျင့်ခန်း (၄)

Yoga poses for men with stress

Photo Source: Yoga Journal

အရင်ဦးဆုံး ကြမ်းပြင်ပေါ်တွင် လှဲလျောင်းနေပါ။ ထို့နောက် ခြေထောက်နှစ်ဖက်ကို ပုံပါအတိုင်း အပေါ်ထောင်ထားပါ။ လက်နှစ်ဖက်က ခြေဖဝါးနှစ်ဖက်ကို ဖမ်းကိုင်ထားလိုက်ပါ။ ထိုအနေအထားအတိုင်း ၁ မိနစ်ခန့် အသက် ရှုသွင်းရှုထုတ် ပုံမှန်ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၅)

Yoga poses for men with stress

Photo Source: Hugger Mugger

ခြေထောက်နှစ်ဖက်ကို စုထားပြီး မတ်တပ်ရပ်နေပါ။ ထို့နောက် ဒူးမကွေးစေဘဲနဲ့ ဒူးဖြောင့်ဖြောင့်အနေအထားဖြင့် ခန္ဓာကိုယ်အပေါ်ပိုင်းကို ပုံပါအတိုင်း ကွေးချလိုက်ပါ။ ထို့နောက် မျက်နှာကို ဒူးခေါင်းနဲ့ ထိကပ်လိုက်ပါ။ လက်ဖဝါးနှစ်ဖက်က ကြမ်းပြင်နှင့် ထိကပ်ပေးရပါမယ်။ အသက် ရှုသွင်း ရှုထုတ်ပုံမှန်ပြုလုပ်ကာ တစ်မိနစ်ခန့် တောင့်ခံထားလိုက်ပါ။

Source: India.com

Featured Image: Checkout.rhone.com