ယောဂဆိုတာ အမျိုးသမီးတွေသာမက အမျိုးသားတွေပါပြုလုပ်နိုင်တဲ့ အကျိုးများတဲ့ လေ့ကျင့်ခန်းတစ်ခုပဲ ဖြစ်ပါတယ်။ ယောဂလေ့ကျင့်ခန်းဟာ စိတ်ဖိစီးမှုကို သက်သာစေပြီး ခန္ဓာကိုယ်ကြံ့ခိုင်သန်မာခြင်းတွေကို ပေးစွမ်းနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ကျန်းမာကြံ့ခိုင်တဲ့ဘော်ဒီကို ထိန်းထားချင်တဲ့ အမျိုးသားတို့အတွက် အကောင်းဆုံး ယောဂလေ့ကျင့်ခန်းတွေကို မျှဝေပေးချင်ပါတယ်။
(၁) Forward Fold

Photo : Lifemark
Forward Fold လေ့ကျင့်ခန်းက ရိုးရှင်ပြီး အကြောလျော့နည်းနဲ့ ဆင်တူပါတယ်။ အရင်ဆုံး ခန္ဓာကိုယ်ကိုဖြေလျော့ကာ ခြေထောက်နှစ်ချောင်းကို စုံရပ်ပြီး မတ်တပ်ရပ်အနေအထားအတိုင်း ပုံစံယူပါ ။ ထို့နောက်ခါးကိုရှေ့သို့ ဖြေးဖြေးချင်း ကိုင်းချကာ ဦးခေါင်းနဲ့ ဒူး ကပ်နိုင်သည်အထိ ခန္ဓာကိုယ်ကို ညင်သာစွာ ကွေးညွှတ်ပေးရပါမယ်။ ထိုပုံစံအတိုင်း အသက်ကိုဖြေးဖြေးချင်း ၁ မိနစ်ခန့် ရှုသွင်းရှုထုတ် လုပ်ပေးပါ။ ထို့နောက်မူလပုံစံအတိုင်း ခန္ဓာကိုယ်ကို အပေါ်သို့ပြန်မတ်ပြီး ခဏနားကာ နောက်တစ်ကြိမ်ပြန်လုပ်ပေးရပါမယ်။
(၂) Downward-Facing Dog

Photo : So We Flow
အရင်ဆုံး ကြမ်းပြင်မှာ လေးဘက်ထောက်အနေအထား ပုံစံယူပေးပါ။ ထို့နောက်တင်ပါးနေရာကနေ နောက်ကို ဖြေးဖြေးချင်းမတင်ပြီး ခါးနဲ့ တင်ပါး တစ်ဖြောင့်တည်း ၄၅ ဒီဂရီ စောင်းလျက်အနေအထား ခန္ဓာကိုယ်ကို ထိန်းထားပေးရပါမယ်။ ထိုပုံစံအတိုင်း ဝမ်းဗိုက်ကြွက်သားကို အသုံးပြုကာ ၃ မိနစ်လောက် အသက်ဖြေးဖြေးချင်းရှုသွင်းရှုထုတ် ပြုလုပ်ပါ။ အချိန်ပြည့်ရင် ခဏနားပြီး နောက်တစ်ကြိမ်ပြန်လုပ်ပေးရပါမယ်။
(၃) Crescent Lunge

Photo : Flickr
အရင်ဆုံး ဘယ်ဘက်ဒူးကိုကွေးထားပြီး ဉာဘက်ခြေထောက်ကိုနောက်သို့ပစ်ထားကာ ကွေးထားတဲ့ဒူးရဲ့ ခြေဖဝါးတစ်ဖက်တစ်ချက်စီမှာ လက်နှစ်ဖက်ကိုထောက်လျက် အနေအထားနဲ့ ခန္ဓာကိုယ်ဟန်ချက်ကို ထိန်းထားရပါမယ်။ ခန္ဓာကိုယ်ငြိမ်သွားပြီဆိုရင် ကြမ်းပြင်မှာထောက် ထားတဲ့ လက်နှစ်ဖက်ကို ထောင်ထားတဲ့ ဒူးပေါ်တင်ကာ ခန္ဓာကိုယ်ကို မတ်မတ်နေပေးပါ။ ပြီးရင်တော့ လက်နှစ်ဖက်ကို မျက်နှာကြက်သို့ ၉၀ ဒီဂရီထောင်မတ်ပြီး အသက်ကိုဖြေးဖြေးချင်း ရှုသွင်းရှုထုတ်ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။
(၄) Boat Pose

Photo : Man Flow Yoga
Boat Pose ကတော့ လွယ်သလိုလိုနဲ့ နည်းနည်းတော့ ခက်သယောင်လေးရှိပါတယ်။ အရင်ဆုံးဒူးထောင်လျက်အနေအထား ကြမ်းပြင်မှာ ထိုင်ပြီး လက်နှစ်ဖက်ကို ခန္ဓာကိုယ်နောက်မှာ ထောက်ထားရပါမယ်။ ထို့နောက် ကြမ်းပြင်မှာထောက်ထားတဲ့ လက်နှစ်ဖက်ကို အားပြုပြီး ခြေထောက်နှစ်ဖက်ကို ရှေ့သို့ဖြေးဖြေးချင်း မ , တင်ပေးရပါမယ်။ ပြီးရင်တော့ ခန္ဓာကိုယ်ကိုဟန်ချက်ထိန်းပြီး လက်နှစ်ဖက်ကိုလည်းခြေထောက်နှစ်ချောင်းနဲ့အတူ ရှေ့ဘက်သို့ အပြိုင် ပြန်ဆန့်ထုတ်ရပါမယ်။ ဒီပုံအတိုင်း ဝမ်းဗိုက်ကြွက်သားတွေကိုအသုံးပြုကာ ၁ မိနစ်ခန့်အသက်ဖြေးဖြေးချင်း ရှုသွင်းရှုထုတ် လုပ်ပေးရပါမယ်။
Photo : Masterclass
