လူ့ခန္ဓာကိုယ်တွင် အဆီဓာတ်အများဆုံး စုဝေးတဲ့နေရာသည် ဝမ်းဗိုက်ပဲဖြစ်ပါတယ်။ အဆီအဆိမ့်များ အစားများခြင်းကြောင့်သော်လည်းကောင်း လေ့ကျင့်ခန်း လုံးဝ မလုပ်ဖြစ်ဘဲ လှုပ်ရှားမှုနည်းခြင်းကြောင့်သော်လည်းကောင်း အဆီများ စုစည်းလာပါတယ်။

ထိုအဆီများကို ဖယ်ရှားဖို့အကောင်းဆုံးနည်းလမ်းကတော့ ဝမ်းဗိုက်အဆီများကျစေမယ့် လေ့ကျင့်ခန်းများ များများ ပြုလုပ်ခြင်းပါပဲ။ မိမိဝမ်းဗိုက်တွင် အဆီပိုများ လုံးဝမရှိချင်တဲ့ ယောကျာ်းများအတွက် အိမ်မှာပဲ အလွယ်တကူပြုလုပ်နိုင်မယ့် ထိရောက်မှုရှိတဲ့လေ့ကျင့်ခန်းများကို ဝေမျှပေးလိုက်ပါတယ်။

အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းတစ်ခုချင်းစီကို ၄၅ စက္ကန့်မှ ၆၀ စက္ကန့်အထိ ပြုလုပ်ပေးပါ။ လေ့ကျင့်ခန်း တစ်ခုနှင့်တစ်ခုကြား စက္ကန့် ၃၀ မှ ၄၅ စက္ကန့်အထိ အနားယူနိုင်ပါတယ်။ လေ့ကျင့်ခန်း အစကနေ အဆုံးအထိကို တစ်ကျော့လို့ သတ်မှတ်ပြီး စုစုပေါင်း ၃ ကျော့ ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၁)

workouts for men

လေ့ကျင့်ခန်းဖျာပေါ်တွင် လှဲလျောင်းနေပါ။ ဒူးနှစ်ဖက်ကို ထောင်ထားပြီး ပုံပါအတိုင်း ခြေဖျားပဲ ထောက်ထားပါ။ လက်နှစ်ဖက်ကို ဆန့်တန်းကာ အပေါ်သို့ မြှေက်ထားပါ။ ထိုအနေအထားအတိုင်း စက္ကန့်အနည်းငယ်ကြာ တောင့်ခံထားပါ။ အသက်ကို ပြင်းပြင်းနှင့် ခပ်ကြာကြာရှူနိုင်လေ ပိုကောင်းလေပါပဲ။

လေ့ကျင့်ခန်း (၂)

workouts for men

ပုံပါအတိုင်း ညာခြေကို ညာတံတောင်နှင့် ထိကပ်ကာ ထိုအနေအထားအတိုင်း တောင့်ခံထားပါ။ သတ်မှတ်ချိန်ပြည့်ပါက ညာခြေကို ပြန်ချပြီး ဘယ်ခြေဖြင့်လည်း ထိုနည်းအတိုင်း ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၃)

workouts for men

ပုံပါအတိုင်း ခြေထောက်တစ်ဖက်ကို ဆန့်တန်းထားပြီး ကျန်တစ်ဖက်ကို ကွေးထားပါ။ လက်နှစ်ဖက်ကို အပေါ်သို့ ဆန့်တန်းထားပါ။ သတ်မှတ်ချိန်ပြည့်သည်အထိ တောင့်ခံထားပါ။ သတ်မှတ်ချိန်ပြည့်ပါက ဘက်ပြောင်းကာ ပြန်လည်ပြုလုပ်ပါ။

လေ့ကျင့်ခန်း (၄)

workouts for men

ပုံပါအတိုင်း ညာလက်ဖြင့် ထောက်ထားပြီး ဘယ်လက်ကို အပေါ်သို့ မြှောက်လိုက်ပါ။ ခြေထောက်နှစ်ဖက်ကို တစ်ခုနှင့်တစ်ခု ထပ်ထားလို့လည်းရသလို ပုံပါအတိုင်း တစ်ခုနှင့်တစ်ခု ထပ်မထားဘဲ ချထားလို့လည်းရပါတယ်။

လေ့ကျင့်ခန်း (၅)

workouts for men

အရင်ဦးဆုံး ခြေထောက်နှစ်ဖက်ကို ကားထားပြီး လက်နှစ်ဖက်ကိုလည်း ထောက်ထားပါ။ သင့်အနေနဲ့ အနေအထား ငြိမ်သွားပြီဆိုမှ လက်တစ်ဖက်ကို ပုံပါအတိုင်း ထားလိုက်ပါ။ သတ်မှတ်ချိန်ပြည့်ပါက လက်ပြောင်းပြီး ပြန်လုပ်ရပါမယ်။

လေ့ကျင့်ခန်း (၆)

workouts for men

ပုံပါအတိုင်း ဘယ်တံတောင်ကို ညာဒူးဖြင့် ထိကပ်ထားပါ။ အသက်ကို ဖြည်းဖြည်းမှန်မှန်ရှူသွင်း ရှူထုတ်ပြုလုပ်ပြီး တောင့်ခံထားပါ။ သတ်မှတ်ချိန်ပြည့်ပါက ခြေထောက်ပြန်ချကာ ခန္ဓာကိုယ် ဘက်ပြောင်းပြီး ဆက်လုပ်ပေးရပါမယ်။

Source: Mensfitness.co.uk

Featured Image Source: Mensfitness.co.uk