တကယ်လို့ COVID-19 ကပ်ဘေးငြိမ်သွားပြီး New Normal နေထိုင်မှုပုံစံဆီ ပြန်ရောက်သွားရင် Gym ရုံကို ပြန်လာမယ့်သူတွေ ရှိကြမှာပါ။ Gym ဆိုတာ လူအများ စုဝေးပြီး အားကစားလာလုပ်တဲ့ နေရာဖြစ်လို့ အများနဲ့အတူ ယှဉ်တွဲနေထိုင်ရာမှာ Etiquette လို့ ခေါ်တဲ့ လောကဝတ်ထုံးတမ်းကို လေးစားဖို့ လိုပါတယ်။

Gym တွေ ပြန်ဖွင့်လို့ Workout တွေ ပြန်လုပ်တော့မယ်ဆိုရင် COVID-19 စည်းမျဉ်းနဲ့အညီ အားကစားလုပ်ဖို့အပြင် အခုပြောမယ့် Gym ရုံမှာ လိုက်နာဖို့ ကျင့်ဝတ်တချို့ပါ သိထားဖို့ လိုပါတယ်။

(၁) သုံးပြီးပစ္စည်း သန့်ရှင်းပေးပါ

Always wipe down the equipment

Photo: The Gentlemans Journal

Gym မှာက အားကစားပစ္စည်းတွေကို တစ်ယောက်နဲ့တစ်ယောက် Share သုံးနေကြရတာပါ။ ချွေးသံတရွှဲရွှဲနဲ့ အားကစားလုပ်ကြတဲ့ နေရာ ဖြစ်လို့ ကိုယ့်အလှည့်မှာ အားကစားပစ္စည်းတွေ တစ်ခါသုံးပြီးတိုင်း အဝတ်တစ်ခုနဲ့ သန့်ရှင်းရေး လုပ်ပေးဖို့ မမေ့ပါနဲ့။ ဘယ်သူမှတော့ သုံးပြီး ပစ္စည်းတွေ သန့်ရှင်းရေးလုပ်ဖို့ ပြောမှာ မဟုတ်ပေမယ့် ကိုယ်ကိုင်ခဲ့တဲ့ ပစ္စည်းကို ကိုယ့်ဘာသာသန့်ရှင်းရေး လုပ်တာဟာ အသိစိတ်ရှိခြင်းတစ်မျိုးပါပဲ။
နောက်တစ်ခုက Gym မှာ ယူသုံးထားတဲ့ ပစ္စည်းတွေကို သုံးပြီးတာနဲ့ နေရာမှန် ပြန်ထားပါဖို့ ဖြစ်ပါတယ်။ အပေါ်မှာ ပြောခဲ့သလိုပါပဲ။ Gym Equipment တွေက တစ်ယောက်နဲ့တစ်ယောက် မျှသုံးနေရတာ ဖြစ်လို့ ကိုယ်သုံးပြီးရင် နောက်တစ်ယောက် သူ့အလှည့်နဲ့သူ ဝင်ပြီး အားကစားလုပ်မှာ ဖြစ်ပါတယ်။ ဒီတော့ Dumbbell တုံးတွေပဲ ယူယူ ၊ Rowing Machine ပဲ ဆွဲဆွဲ အားကစားလုပ်ပြီးတာနဲ့ အရင်ပုံစံအတိုင်း ပြန်ထားခဲ့ဖို့ မမေ့ပါနဲ့။

(၂) ဝုန်းဒိုင်းပစ်ချတာမျိုး မလုပ်ပါနဲ့

Return your weights every time

Photo: The Gentlemans Journal

Gym ရုံမှာ သုံးတဲ့ ပစ္စည်းတွေကို စည်းကမ်းတကျ ကိုင်တွယ်ဖို့ဆိုတာ ပြောစရာ လိုမယ်မထင်ပါဘူး။ တချို့တွေကျတော့လည်း Shoulder ကစားပြီးတာနဲ့ Rod တံကို လွှတ်ချပစ်တာမျိုး လုပ်တတ်ကြပါတယ်။ ဒီလို လုပ်တာဟာ ကိုယ်တိုင်လည်း ထိခိုက်မိနိုင်သလို Gym ပစ္စည်းတွေလည်း ပျက်စီးနိုင်ပါတယ်။ နောက်ပြီး ပတ်ဝန်းကျင်က တခြား Gym ကစားဖော်တွေကိုလည်း စိတ်အနှောင့်အယှက်ဖြစ်စေနိုင်လို့ ရှောင်ကြဉ်ဖို့ လိုပါတယ်။

(၃) ဖုန်းမသုံးပါနဲ့

Put your phone away

Photo: The Gentlemans Journal

တချို့တွေက Gym ရောက်ရင် ဖုန်းထုတ်ပြီး ဗလညှစ် ဓါတ်ပုံရိုက် Facebook ၊ Instagram ပေါ်တင်တာမျိုး လုပ်တတ်ကြပါတယ်။ ကိုယ့်ကိုယ်ကိုယ် FitFluencer လို့ ထင်နေတဲ့သူတွေမျိုးကို ပြောတာ ဖြစ်ပါတယ်။ တကယ်တော့ Gym ရုံဆိုတာ အားကစားကို အာရုံပြည့်ထားပြီး လှုပ်ရှားဖို့ လာကြတာ မလား။ ဖုန်းလေးထုတ်လိုက် ပျင်းပျင်းရိရိနဲ့ Gym ကစားလိုက်ဆိုရင် ကိုယ်လိုချင်တဲ့ Body စတိုင်မျိုး ရဖို့ ခက်သလို တခြားသူတွေလည်း မျက်စိစပါးမွေးစူးတာ ခံရနိုင်ပါတယ်။

(၄) ကောင်မလေးတွေ လိုက်မကြောင်မိစေနဲ့

Don't try to chat up women

Photo: The Gentlemans Journal

ဒါကလည်း Gym မှာ မဖြစ်မနေ လိုက်နာရမယ့် ရွှေစည်းမျဉ်း Golden Rule တစ်ခုပါပဲ။ Gym ရုံ အတော်များများက ကျား/မ တွဲကစားကြတာ ဖြစ်ပါတယ်။ Gym ရုံမှာ လူတိုင်း အားကစားလုပ်ဖို့ လာနေချိန်မှာ ကိုယ်က ကောင်မလေးတွေနဲ့ လိုက်ရောနေရင် ပြဿနာရှိပါတယ်။ စိတ်ဝင်စားရင် Gym အပြင်ဘက်မှာ အပြင်သွားတဲ့ Street Clothes နဲ့မှ ကောင်မလေးနောက် လိုက်ဖို့ အကြံပေးချင်ပါတယ်။