လက်မောင်းနှင့် ဝမ်းဗိုက်ကြွက်သားများသည် အားကစားသမားများ၊ ကြွက်သားတက်ချင်တဲ့ ယောကျာ်းများ ကြွက်သားတက်ဖို့ရန်အတွက် အားအသန်ဆုံးနေရာ နှစ်ခုဖြစ်ပါတယ်။

ထိုကြွက်သားနေရာနှစ်ခုကို တစ်ချိန်တည်းမှာပဲ ကြီးထွားလာချင်တယ်ဆိုရင် လေ့ကျင့်ခန်းများကို တစ်လှည့်စီပြုလုပ်ပေးရမှာဖြစ်ပါတယ်။ လက်မောင်းကြွက်သားအတွက် လေ့ကျင့်ခန်းတစ်ခု ပြုလုပ်ပြီးတဲ့အခါ ဝမ်းဗိုက်ကြွက်သားအတွက် လေ့ကျင့်ခန်းတစ်ခု ပြုလုပ်ပေးရပါမယ်။ ဒီလိုအတွဲလိုက်စီ ပြုလုပ်ပေးတဲ့အခါ အကျိုးသက်ရောက်မှု ပိုမိုမြန်ဆန်တာကိုတွေ့မြင်ရပါလိမ့်မယ်။

လေ့ကျင့်ခန့် (၁)

killer arms and abs workout for men

Source: Menshealth.com

ခြေထောက်နှစ်ခုကို ပုခုံးအကျယ်အတိုင်း ချဲထားပါ။ အလေးတုံးနှစ်ခုဖြင့် ပုံပါအတိုင်း လက်မောင်းကြွက်သား အသုံးပြုကာ ကွေးချည်ဆန့်ချည် ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၁.၁)

killer arms and abs workout for men

Source: Openfit.com

ဒီလေ့ကျင့်ခန်းကတော့ လေ့ကျင့်ခန်းဘောလုံးရဲ့အကူအညီကို ရယူရပါမယ်။ ဘောလုံးကို အရှေ့သို့ လှိမ့်တဲ့အခါ ဝမ်းဗိုက်ကြွက်သား ညှစ်ပြီး လှိမ့်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၂)

killer arms and abs workout for men

Source: Pinterest.com

အရင်ဦးဆုံး ဒိုက်ထိုးမယ့်အနေအထားပြင်ပါ။ ပထမအဆင့်တွင် လက်မနှစ်ခုကို ထိကပ်ကာ ဒိုက်ထိုးပါ။ ထို့နောက် လက်နှစ်ဖက်ကို ဘေးဘက်သို့ အနည်းငယ်ကားကာ ဒိုက်ထိုးလိုက်ပါ။ တတိယအဆင့်အနေနဲ့ လက်မောင်းနှစ်ဖက်ကို အကျယ်ဆုံးကားကာ ဒိုက်ထိုးလိုက်ပါ။

ထိုအဆင့်အတိုင်း တစ်လှည့်စီပြုလုပ်သွားပါ။

လေ့ကျင့်ခန်း (၂.၁)

killer arms and abs workout for men

Source: Flabfix.com

လက်နှစ်ဖက် ထောက်ထားပြီး ဒူးထောက်ထားပါ။ ထို့နောက် ဘယ်ခြေကို မျက်နှာကျက်ပေါ်သို့ ပစ်တင်လိုက်ပါ။ ၁၂ ကြိမ်ခန့် ပြည့်တဲ့အခါ ညာခြေကိုလည်း ထိုနည်းအတိုင်း ဆက်လက်ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၃)

killer arms and abs workout for men

Source: 24life.com

ခြေထောက်နှစ်ဖက်ကို ပုခုံးအကျယ်အတိုင်း ချဲထားပါ။ ထို့နောက် အလေးတုံးကို လက်နောက်ပြန်ဖြင့် ကိုင်ထားပါ။ ပြီးရင်တော့ အလေးတုံးကို အပေါ်သို့ မြှောက်လိုက် ပြန်ချလိုက် ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၃.၁)

killer arms and abs workout for men

Source: Imgur.com

လက်နှစ်ဖက် ထောက်ထားပါ။ ညာဒူးကို ရင်ဘတ်ဆီသို့ ဆွဲသွင်းလိုက်၊ တစ်ဖန် ဘယ်ဒူးကို ရင်ဘတ်ဆီသို့ ဆွဲသွင်းလိုက်ဖြင့် ပြုလုပ်ရပါမယ်။ ထိုအချိန်မှာ ဝမ်းဗိုက်ကြွက်သားကို ညှစ်ထားပေးဖို့လည်း လိုအပ်ပါတယ်။

လေ့ကျင့်ခန်း (၄)

killer arms and abs workout for men

Source: Gfycat.com

ခုံတန်းရှည်တစ်ခုအသုံးပြုကာ ပုံပါအတိုင်း တံတောင်ကို ကွေးချည် ဆန့်ချည် တစ်လှည့်စီပြုလုပ်ရပါမယ်။ ဒီလေ့ကျင့်ခန်းသည် လက်မောင်းကြွက်သားများ တောင့်တင်းကျစ်လျစ်လာအောင် ကူညီပေးပါတယ်။

လေ့ကျင့်ခန်း (၄.၁)

killer arms and abs workout for men

Source: Flabfix.com

အရင်ဦးဆုံး လက်နှစ်ဖက်ကို ထောက်ထားပါ။ ထို့နောက် ဘယ်ခြေက ဘယ်တင်ပါးကို ထိကပ်လိုက်ပါ။ ညာခြေက ညာတင်ပါးကို ထိကပ်လိုက်ပါ။ တစ်ဖန် ဘယ်လက်က ညာပုခုံးကို ကိုင်လိုက်ပါ။ ပြန်ချပါ။ ညာလက်က ဘယ်ပုခုံးကို ထိကပ်ပေးလိုက်ပါ။

ထိုအဆင့်အတိုင်း တစ်လှည့်စီပြုလုပ်ပေးရပါမယ်။

အထက်ဖော်ပြပါ လေ့ကျင့်ခန်းတစ်ခုစီကို ၁၀ ကြိမ်စီပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ လေ့ကျင့်ခန်း အတွဲတစ်ခုစီအတွက် ကြာချိန်ကိုတော့ တစ်မိနစ် သတ်မှတ်ထားရမှာဖြစ်ပြီး လေ့ကျင့်ခန်းအားလုံးရဲ့ စုစုပေါင်းကြာချိန် ၈ မိနစ် ဖြစ်သွားပါလိမ့်မယ်။

နောက်ထပ် ၂ ကျော့၊ ၃ ကျော့ခန့် ထပ်မံဆော့ကစားချင်တဲ့ ယောကျာ်းများအနေနဲ့တော့ ၈ မိနစ်ပြည့်သွားတဲ့အခါ မိနစ်အနည်းငယ်ခန့် အနားယူကာ ဆက်လက်ဆော့ကစားပေးနိုင်ပါတယ်။

Source: Stack.com

Featured Image Source: Vocal.media