စိတ်ကျန်းမာခြင်းသည် ခန္ဓာကိုယ်ကျန်းမာခြင်းကဲ့သို့ပင် အရေးကြီးတဲ့အရာတစ်ခုဖြစ်ပါတယ်။ မိမိပတ်ဝန်းကျင်တွင် စိတ်ဒဏ်ရာရရှိနေသူများ၊ စိတ်သောကများပြီး ဘဝကြီးကို အရှုံးပေးချင်စိတ် ပေါက်နေသူများလည်း ရှိနေနိုင်ပါတယ်။ သင်ကိုယ်တိုင်လည်း ထိုအထဲတွင် ပါဝင်ကောင်း ပါဝင်နိုင်ပါတယ်။

စိတ်ကျန်းမာဖို့အတွက် ဘယ်လိုလုပ်ဆောင်ရမလဲ။ ကျွမ်းကျင်ဆရာဝန်များ၊ ပညာရှင်များနှင့် ဆွေးနွေးမှု ခံယူခြင်းသည် အကောင်းဆုံးပါပဲ။ မိမိရဲ့စိတ်အခြေအနေ တဖြည်းဖြည်းမဆိုးရွားလာခင်မှာလည်း ချစ်သူခင်သူ၊ ယုံကြည်ရသူများထံ ရင်ဖွင့်ကာ အားပေးနှစ်သိမ့်မှုရယူနိုင်ပါတယ်။ နောက်ထပ် ထိရောက်မှုရှိတဲ့ နည်းလမ်းလေးကတော့ အားကစားပြုလုပ်ခြင်းပဲဖြစ်ပါတယ်။

ကိုယ်ခန္ဓာကျန်းမာစေရုံသာမကဘဲ စိတ်ကျန်းမာရေးကိုလည်း တိုးမြှင့်ပေးမယ့်အားကစားတချို့ရှိပါတယ်။ သင့်အနေနဲ့ စိတ်ဓာတ်ကျလာပြီလို့ ခံစားရပါက ဒီအားကစားများကို လုပ်ဆောင်နိုင်ပါတယ်။

အသင်းအဖွဲ့နှင့် ဆော့ကစားရတဲ့ အားကစားများ

sports for man to fight depression

ဘောလုံးကစားခြင်း၊ ဘက်စကပ်ဘော၊ ဘော်လီဘော၊ ခြင်းလုံး စတဲ့ အားကစားများသည် မိမိအသင်းအဖွဲ့နှင့် ဆော့ကစားရတဲ့ အားကစားများဖြစ်ပါတယ်။ အသင်းအဖွဲ့နဲ့ ဆော့ကစားရတဲ့အတွက်ကြောင့် သင့်ရဲ့စိတ်ကိုလည်း ပျော်ရွှင်လန်းဆန်းလာမှာဖြစ်ပြီး စိတ်ဓာတ်ပြန်လည်တက်ကြွလာပါလိမ့်မယ်။

စက်ဘီးစီးခြင်း

sports for man to fight depression

စက်ဘီးစီးခြင်းသည်လည်း စိတ်လက်ပေါ့ပါးစေတဲ့ အားကစားတစ်မျိုးဖြစ်ပါတယ်။ စက်ဘီးစီးတတ်ပါက မိမိစက်ဘီးဖြင့် ရပ်ကွက်တစ်ပတ် စီးနိုင်သလို စက်ဘီးမစီးတတ်ပါက Gym တွင် အသုံးပြုလေ့ရှိသော စက်ဘီးဖြင့် စီးနိုင်ပါတယ်။

စိတ်လက်အပန်းပြေစေမယ့် အားကစား

sports for man to fight depression

ဥပမာ ဂေါ့ဖ်ရိုက်ခြင်းသည် ခက်ခက်ခဲခဲ ပြုလုပ်စရာမလိုဘဲ အပျင်းလည်းပြေ စိတ်လက်လည်း ပေါ့ပါးစေမယ့် အားကစားတစ်ခုဖြစ်ပါတယ်။ ယောဂကျင့်ခြင်းသည်လည်း စိတ်ကျန်းမာရေးကို ကောင်းမွန်စေမယ့်အားကစားတစ်ခုဖြစ်ပါတယ်။

အေရိုးပစ် (သို့) Gym မှာဆော့ကစားနိုင်တဲ့ လေ့ကျင့်ခန်းများ

sports for man to fight depression

တစ်ပတ်လျှင် သုံးရက်၊ လေးရက်ခန့် လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ပေးခြင်းသည် ကိုယ်ခန္ဓာကို ကျန်းမာစေရုံသာမက စိတ်လည်း ကျန်းမာစေပါတယ်။

လမ်းလျှောက်ခြင်း၊ ပြေးခြင်းနှင့် ခပ်မြန်မြန်လမ်းလျှောက်ခြင်း

sports for man to fight depression

ဒီလေ့ကျင့်ခန်းကတော့ ခက်ခက်ခဲခဲပြုလုပ်စရာမလိုဘဲ မိမိစိတ်ပါဝင်စားတဲ့အချိန်၊ ကြိုက်တဲ့အချိန်၊ ကြိုက်တဲ့နေရာမှာ ပြုလုပ်ပေးလိုက်ရုံပါပဲ။

ရေကူးအားကစား

sports for man to fight depression

ရေကူးအားကစားအပြင် အခြားရေမှာ ဆော့ကစားနိုင်တဲ့အားကစားများသည်လည်း သင့်စိတ်ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

အိမ်အလုပ်များ

sports for man to fight depression

အိမ်အလုပ် လုပ်ခြင်းသည်လည်း အမှန်တကယ်တော့ လေ့ကျင့်ခန်းပြုလုပ်ခြင်းတစ်မျိုးပါပဲ။ အိမ်သန့်ရှင်းရေး ပြုလုပ်ခြင်းကြောင့် မျက်စိထဲရှုပ်နေတဲ့အရာများ အမြင်ရှင်းသွားပြီး စိတ်လက်ကြည်လင်ပေါ့ပါးလာနိုင်ပါတယ်။

Source: Trainright.com