WWE နယ်ပယ်မှာ The Rock ဆိုတဲ့ နာမည်နဲ့ လူသိများတဲ့ ပရော်ဖက်ရှင်နယ် နပန်းသမား တစ်ဖြစ်လဲ ဟောလိဝုဒ် စူပါစတား Dwayne Johnson ကိုတော့ မသိတဲ့သူ မရှိလောက်ပါဘူး။ Dwayne Johnson ဟာ WWE အားကစားသမားဘဝကနေ သရုပ်ဆောင်နယ်ပယ်ထဲကို ခြေစုံပစ် ဝင်လာခဲ့သည်တိုင်တောင် အမိုက်စား ဘော်ဒီကြီးကို ဆက်လက်ထိန်းထားသူ ဖြစ်ပါတယ်။ Dwayne Johnson ရဲ့ အမိုက်စား ဘော်ဒီကို ထိန်းထားတဲ့ လျို့ဝှက်ချက်ကတော့ Diet သေချာလုပ်ပြီး Workout Plan အတိအကျနဲ့ ကစားတာပါပဲ။ ဒီတစ်ခေါက်မှာတော့ မင်းသားကြီး Dwayne Johnson ရဲ့ Workout Plan ထဲက Chest Day ဆို သူဘယ်လို လေ့ကျင့်ခန်း တွေ ကစားလဲဆိုတာ လေ့လာကြည့်ရအောင်ပါ။

Dwayne Johnson

Photo : Men’s Health

The Rock ကြီးကတော့ Chest Day ဆိုရင် ပထမဆုံး သွေးပူလေ့ကျင့်ခန်း အနေနဲ့ Treadmill ပေါ် မိနစ် ၃၀ ခန့် ပြေးလေ့ ရှိတယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး ကွီးတို့ရဲ့ အိုင်ဒေါကြီး Dwayne Johnson ပုံမှန် ကစားတဲ့ Chest လေ့ကျင့်ခန်း တွေကို ကြည့်လိုက် ရအောင်ပါ……..

Barbell Bench Press – The Rock ကြီး ကစားတဲ့ ပထမဆုံး Chest လေ့ကျင့်ခန်းကတော့ Barbell Bench Press ပါ။ Medium Grip လက်အနေအထားနဲ့ ကစားပါတယ်။ ဒီလေ့ကျင့်ခန်းကို 12 Reps / 4 Sets ကစားပါတယ်။

Incline Dumbbell Press – ဒုတိယမြောက် Chest လေ့ကျင့်ခန်းကတော့ Incline Dumbbell Press ဖြစ်ပါတယ်။ Incline Dumbbell Press လေ့ကျင့်ခန်းကို 12 Reps / 4 Sets ကစားပါတယ်။

Dumbbell Bench Press – နောက်ထပ် တစ်ခုကတော့ Pectorals ၊ Deltoids နဲ့ Triceps ကြွက်သားအစိတ်အပိုင်းတွေကို ထိမှန်စေတဲ့ Dumbbell Bench Press လေ့ကျင့်ခန်း ပါ။ ဒီလေ့ကျင့်ခန်းကိုလည်း 12 Reps / 4 Sets ကစားပါတယ်။

Flat Bench Cable Flyes – ဆက်လက်ပြီး The Rock ကြီးရဲ့ အမိုက်စား Chest ကြွက်သားတွေ ရစေဖို့ ကစားတဲ့ လေ့ကျင့်ခန်းကတော့ Flat Bench Cable Flyes ဖြစ်ပါတယ်။ Flat Bench Cable Flyes လေ့ကျင့်ခန်းကို အကြိမ်ရေ ဆွဲနိုင်သမျှ ဆွဲပြီး ၄ ကျော့ ကစားပါသတဲ့။

Dips – နောက်ဆုံး လေ့ကျင့်ခန်းကတော့ ကွီးတို့ အားလုံးသိပြီးသား Dips လေ့ကျင့်ခန်း ဖြစ်ပါတယ်။ ကိရိယာလွှတ်ကစားရတဲ့ လေ့ကျင့်ခန်း ဖြစ်တာကြောင့် ကွီးတို့ အိမ်မှာပဲဖြစ်ဖြစ် ၊ အချိန်နေရာမရွေး လိုက်ဆော့လို့ အဆင်ပြေပါတယ်။ The Rock ကတော့ Dips လေ့ကျင့်ခန်းကို အကြိမ်ရေ ရသလောက်ကစားပြီး 4 Sets ကစားတယ်လို့ သိရပါတယ်။

Dwayne Johnson

Photo : Muscle & Fitness

ဒါကတော့ ကွီးတို့ရဲ့ အိုင်ဒေါကြီး The Rock ခေါ် Dwayne Johnson ရဲ့ ပုံမှန်ကစားနေကျ Chest လေ့ကျင့်ခန်းတွေ ဖြစ်ပါတယ်။

Dwayne Johnson လို ကြွက်သား မို့မို့မောက်မောက်နဲ့ အမိုက်စား ရင်အုပ်ကြီး ရရှိဖို့ အခုပြောပြခဲ့တဲ့ Chest လေ့ကျင့်ခန်းတွေကို ကွီးတို့ လိုက်ကစားလို့ ရပါတယ်။

Source : Man Of Many

Featured Photo : Evolve MMA