အမျိုးသမီးများအား စစ်တမ်းကောက်ယူထားတဲ့ လေ့လာတွေ့ရှိချက်များအရ အမျိုးသမီးများရဲ့ အမြင်မှာ အမျိုးသားများသည် ယခုဖော်ပြမယ့် အားကစားများကို ပြုလုပ်ဆော့ကစားပါက ပိုမိုဆွဲဆောင်မှုရှိကြတယ်လို့ တွေ့ရှိရပါတယ်။

ဘယ်လိုအားကစားတွေက ယောကျာ်းများကို ဆွဲဆောင်မှု ပိုတိုးစေသလဲဆိုတော့ …

ရေလွှာလျှောစီးခြင်း

The Sexiest Male Sports according to women

Photo: Freepik

ရေလှိုင်းများကြားမှာ လျှောစီခြင်းသည် လွယ်ကူတဲ့ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ ကျွမ်းကျင်မှုများ၊ အလေ့အကျင့်ပေါင်းများစွာ လိုအပ်ပါတယ်။ ရေလွှာလျှောစီးနေသော ယောကျာ်းက ပိုမိုဆွဲဆောင်မှုရှိကြတယ်လို့ ၂၃.၄ ရာခိုင်နှုန်းသော အမျိုးသမီးများက ဝန်ခံထားကြပါတယ်။

ဘောလုံးအားကစား

The Sexiest Male Sports according to women

ဘောလုံးသည် ကမ္ဘာပေါ်မှာ လူကြိုက်များကြသော နံပါတ်တစ် အားကစားတစ်ခုဖြစ်ပါတယ်။ ကမ္ဘာကျော်ဘောလုံးကစားသမားတွေကလည်း မရေမတွက်နိုင်လောက်အောင် များပြားပါတယ်။ ဘောလုံးကစားသော အမျိုးသားသည် ဆွဲဆောင်မှုအရှိဆုံးဖြစ်တယ်လို့ ၁၆.၂ ရာခိုင်နှုန်းသော အမျိုးသမီးများက ပြောဆိုထားကြပါတယ်။

ရေကူးအားကစား

The Sexiest Male Sports according to women

ရေကူးအားကစားသည် ခန္ဓာကိုယ်အချိုးအစားကို ပိုမိုကြည့်ကောင်းလာစေပြီး အရပ်ရှည်လာစေတဲ့ အားကစားတစ်ခုပဲဖြစ်ပါတယ်။ ရေကူးအားကစားပြုလုပ်နေသော အမျိုးသားတစ်ယောက်သည် ညှို့ငင်အား မြင့်မားတယ်လို့ ၁၂.၅ ရာခိုင်နှုန်းသော အမျိုးသမီးများက ဝန်ခံထားကြပါတယ်။

ဘေ့စ်ဘောအားကစား

The Sexiest Male Sports according to women

Photo: Japantimes.co.jp

ဒီအားကစားကတော့ နံပါတ် (၄) နေရာမှာ ရပ်တည်လျက်ရှိနေတာဖြစ်ပြီး ၈.၉ ရာခိုင်နှုန်းသော အမျိုးသမီးများရဲ့ သဘောတူညီချက်ကို ရရှိထားတာဖြစ်ပါတယ်။

တင်းနစ်အားကစား

The Sexiest Male Sports according to women

တင်းနစ်ဆော့နေတဲ့အချိန်မှာ အားကစားသမားရဲ့မျက်နှာအနေအထား၊ အာရုံစူးစိုက်မှုတို့ကြောင့် ဆွဲဆောင်မှုရှိကြတာဖြစ်တယ်လို့ ၈.၄ ရာခိုင်နှုန်းသော အမျိုးသမီးများက ဖြေကြားထားပါတယ်။

ဘက်စကပ်ဘော

The Sexiest Male Sports according to women

ဘက်စကပ်ဘောကတော့ နံပါတ် (၆) နေရာမှာ ရပ်တည်လျက်ရှိနေတာဖြစ်ပြီး ၆.၃ ရာခိုင်နှုန်းသော အမျိုးသမီးများရဲ့အမြင်မှာတော့ ဘက်စကပ်ဘောအားကစားသမားများသည် ဆွဲဆောင်မှုအရှိဆုံးလို့ ဖြေကြားထားပါတယ်။

ဂေါ့ဖ်ရိုက်ခြင်း

The Sexiest Male Sports according to women

ဂေါ့ဖ်အားကစားကတော့ Luxury ဆန်တဲ့ အားကစားလို့ မှတ်ယူလို့ရပါတယ်။ ဂေါ့ဖ်ရိုက်နေတဲ့ ယောကျာ်းတစ်ယောက်သည် ဆွဲဆောင်မှုအရှိဆုံးဖြစ်တယ်လို့ ၆.၁ ရာခိုင်နှုန်းသော အမျိုးသမီးများက တညီတညွှတ်တည်း သဘောတူညီထားကြပါတယ်။

အက

The Sexiest Male Sports according to women

အကကိုတော့ ဖျော်ဖြေရေးသပ်သပ်တစ်ခုအနေထက်စာရင် အားကစားတစ်ခုလို့လည်း မှတ်ယူနိုင်ပါသေးတယ်။ ကခုန်နေတဲ့အချိန်မှာ ကိုယ်လက်လှုပ်ရှားနေရတာဖြစ်တဲ့အတွက်ကြောင့် အားကစားထဲ ထည့်ထားတာဖြစ်ပါတယ်။ ကနေတဲ့ အမျိုးသားသည် ဆွဲဆောင်မှုရှိတယ်လို့ ယူဆထားကြတဲ့သူတွေကတော့ ၄.၅ရာခိုင်နှုန်းသော အမျိုးသမီးတွေပဲဖြစ်ပါတယ်။

သင်ရော ကိုယ်က ဘယ်အားကစားပြုလုပ်နေချိန်မှာ ဆွဲဆောင်မှုအရှိဆုံးလို့ သတ်မှတ်ထားပါသလဲ။

Source: Si.com

Featured Image Source: Unsplash