ကျန်းမားရေးအတွက်ပဲဖြစ်ဖြစ်၊ တစ်ခုခု အတွက်ပဲဖြစ်ဖြစ် ဝိတ်ချတာဟာ ကောင်းတဲ့အရာတစ်ခုပါ။ ဝိတ်ချဖို့ အတွက် ဘယ်နည်းလမ်းတွေက ကိုယ်နဲ့ အဆင်ပြေမလဲဆိုတာ ရွေးချယ်တတ်ဖို့ အရေးကြီးပါတယ်။ အခုပြောပြပေးမှာကတော့ ဝိတ်ချဖို့ အတွက် အချိန်ဘယ်လောက် ကြာသလဲဆိုတာကိုပါ။
ဝိတ်ကျတာ ဘယ်လိုအချိန်တွေမှာဖြစ်သလဲ။ ဝိတ်ကျတာ ဘယ်ချိန်မှာ သိသာလဲဆိုတော့ ကယ်လိုရီတွေစားသောက်မူပုံစံပြောင်းသွားတဲ့အချိန်မှာ သိနိုင်ပါတယ်။ ခန္ဓာကိုယ်က ချေဖျတ်နိုင်တာထက် ကယ်လိုရီပိုစားမယ်ဆိုရင် ဝိတ်တတ်လာတတ်ပါတယ်။ ဒါကြောင့် ဝိတ်ကျချင်တယ်ဆိုရင် မျှတတဲ့ ကယ်လိုရီစားသောက်မှုပုံစံတခု ရှိဖို့လိုပါတယ်။

Source: Freepik
ဝိတ်ကျရတဲ့ အကြောင်းအရင်းကတော့ အများကြီးရှိပါတယ်။ အများစုကတော့ ကိုယ်ကိုတိုင် ထိန်းချုပ်လို့ မရတာတွေပါ။မိန်းကလေးတွေရဲ့ ကြွက်သားတွင်း အဆီပါဝင်မှုနှုန်းက ယောက်ကျားလေးတွေထက် ပိုများပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်တွင်း ဇီဝဖြစ်ပျက်မူဟာ ယောက်ကျားလေးတွေက မိန်းကလေးတွေထက် ၅-၁၀% ထိပိုမိုမြန်ဆန် တာကိုတွေ့ရပါတယ်။ ဒါကယောက်ကျားလေးတွေက ပိုပြီး ဝိတ်ကျမြန်တယ်လိုပြောချင်တာပါ။
အိပ်ရေးဝဝ အိပ်ခြင်းက ဝိတ်ကျဖို့အတွက အလွန်အရးပါပါတယ်။ အိပ်ရေးပျက်တာက အစားစားချင်စိတ်ကို တိုးစေပါတယ်။ ကယ်လိုရီများတဲ့အစားအစားတွေ၊ အာဟာရ မဖြစ်တဲ့အစားအစာတွေ ဥပမာ ကွက်ကီ၊ ကိတ်၊ အချိုများတဲ့အစားအစား တွေ စားချင်စိတ် များလာပါလိမ့်မယ်။ ဒါဆိုရင် တော့ ဝိတ်တတ်လာမှာသေချာပါတယ်။

Source: Freepik
အသက်အရွယ်အပိုင်းအခြား၊ လိင်အမျိုးအစာ နဲ့ အိပ်ခြင်းတို့က ဝိတ်ကျအပေါ်အများကြီးသက်ရောက်မူရှိပါတယ်။ တခြား ဝိတ်ကျခြင်းအပေါ် သက်ရောက်မူရှိတဲ့ အရာတွေကတော့ ကျန်းမာရေးအခြေအနေ၊ မိသားစု သမိုင်း (ဗီဇ) နဲ့ တရားထိုင်ခြင်းတို့ဖြစ်ပါတယ်။
ဝိတ်မြန်မြန်ကျအောင်လုပ်ခြင်းက ရေဓာက်ခန်းခြောက်ခြင်းနဲ့ အာဟာရချို့တဲ့ခြင်းကို ဖြစ်စေပါတယ်။အခြားဆိုးကျိုးတွေကတော့ ခေါင်းကိုက်တာ၊ ဆံပင်ကျွတ်တာနဲ့ ပင်ပန်းတာတွေ ဖြစ်တတ်ပါတယ်။ ကျွမ်းကျင်သူတွေကတော့ တပက်ကို ၁-၃ ပေါင်ထိပဲ ဝိတ်ချဖို့ အကြံပေးထားပါတယ်။
