ကိုယ်အလေးချိန်လျော့ချဖို့ မနက်ခင်းအလေ့အထတွေကများစွာ အထောက်အကူပြုပါတယ်။ မနက်ခင်းတိုင်းမှာ အခုပြောပြမယ့်အရာတွေကို ပုံမှန်လုပ်ဆောင်သွားမယ်ဆိုရင် အချိန်တိုအတွင်းမှာသိသာတဲ့ရလဒ်ကိုခံစားရမှာပါ။ ကဲဒါဆို ဘယ်လိုအရာတွေလုပ်ဆောင်သင့်လဲဆိုတာလေ့လာကြည့်ရအောင်ပါ။
(၁) လေ့ကျင့်ခန်းလုပ်ပါ

Source : Realbuzz
မနက်ခင်း ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်တာက ခန္ဓာကိုယ်ကျန်းမာရေးအတွက်အကောင်းဆုံးဖြစ်သလို ကိုယ်အလေးချိန်ကိုလည်း ကျဆင်းစေပါတယ်။ မနက်ခင်းမှာလေ့ကျင့်ခန်းလုပ်ထားမယ်ဆိုရင် ခန္ဓာကိုယ်သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးတာကြောင့် အစားစာချင်စိတ်နဲ့ ဆာလောင်မွတ်သိပ်မှုတွေကိုလျော့ချပေးပါလိမ့်မယ်။ ဒါကြောင့် မနက်ခင်းမှာ ၄၅ မိနစ်လောက်အချိန်ပေးပြီး ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပုံမှန်ပြုလုပ်သင့်ပါတယ်။
(၂) ရေများများသောက်ပါ

Source : Freepik
မနက်ခင်းအိပ်ယာနိုးတာနဲ့ ရေတစ်ခွက် (သို့) နှစ်ခွက်သောက်သုံးခြင်းဖြင့် နေ့သစ်ကို စတင်သင့်ပါတယ်။ မနက်ပိုင်းမှာ ရေများများသောက်ခြင်းဟာ ခန္ဓာကိုယ်မှာရှိတဲ့ကယ်လိုရီတွေကိုများများလောင်ကျွမ်းစေပြီး ကိုယ်အလေးချိန်ကျစေပါတယ်။ ဒါ့အပြင်ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တွေကို ပြေစေပြီး အစားစာချင်စိတ်ကိုလျော့ချပေးနိုင်တာကြောင့် မနက်ခင်းမှာရေအဝသောက်ပေးသင့်ပါတယ်။
(၃) ပရိုတင်းဓာတ်များများစားပါ

Source : Eat This, Not That
မနက်စာက လူတစ်ယောက်အတွက် အရမ်းကိုအရေးကြီးပါတယ်။ မနက်ခင်းမှာပရိုတင်းဓာတ်မြင့်မားစွာပါဝင်တဲ့အစားစာတွေကိုစားပေးမယ်ဆိုရင် ဆာလောင်မှုကို လျော့နည်းစေပြီး ကိုယ်အလေးအချိန်ကျဖို့ ကူညီပေးနိုင်ပါတယ်။ ဒါကြောင့်မနက်စာကိုအဟာရပြည့်ဝပြီး ပရိုတင်းဓာတ်ပါတဲ့ အသားနှင့်ငါးများ ကြက်ဥ ပဲအမျိုးမျိုး အစေ့အဆံတွေကို စားသုံးပေးသင့်ပါတယ်။
(၄) ဝိတ်ချိန်ပါ

Source : Health
လေ့လာဆန်းစစ်မှုတွေအရ မနက်ခင်းမှာ ကိုယ်အလေးချိန် ချိန်ခြင်းဟာ ကိုယ်အလေးချိန်ထိန်းသိမ်းခြင်းနဲ့ ဝိတ်ချခြင်းတို့အတွက် ရလဒ်ကောင်းရစေဖို့ ထိရောက်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ မနက်စာမစားခင်အချိန်မှာ ကိုယ်အလေးချိန်ချိန်ပါ။ ဒီနည်းဟာ သင့်ရဲ့ ကိုယ်အလေးချိန်အမှန်ကိုသိရစေပြီး တစ်နေ့တာလုံးစိတ်လွတ်လက်လွတ်စားသောက်မိခြင်းတို့ကို ထိန်းချုပ်သွားစေနိုင်တဲ့ အကောင်းဆုံးစိတ်ခွန်အားရစေမယ့် နည်းလမ်းတစ်ခုဖြစ်ပါတယ်။
