တစ်ချို့သောလူတွေက gym ကပစ္စည်းတွေကို သေချာမကိုင်တွယ်ကြဘူး။ သူတို့လိုလူမျိုးတွေကြောင့် တစ်ခြား gym ကစားတဲ့လူတွေ စိတ်နှောင့်အယှက်ဖြစ်ရပါတယ်။ ဒီနေ့ဆောင်းပါးမှာ gym ကစားတဲ့အချိန် မလုပ်သင့်တဲ့ အရာလေးတွေကို စုစည်းတင်ပြပေးလိုက်ပါတယ်။
Gym ပစ္စည်းတွေပေါ်မှာ သင့်ရဲ့ချွေးတွေ မချန်ခဲ့ပါနဲ့

လေ့ကျင့်ခန်းတွေ လုပ်နေချိန်မှာ ချွေးထွက်တာက ဘာအမှားမှမရှိပါဘူး။ ဒါကသဘာဝပါပဲ။ ဒါပေမယ့် gym ပစ္စည်းကိရိယာတွေကို သုံးပြီးတဲ့အခါ ကျန်ရစ်ခဲ့တဲ့ချွေးတွေကို ပြန်လည်သုတ်ပေးဖို့က အရေးကြီးပါတယ်။။ Gym တွေမှာရှိတဲ့ ကိရိယာအများစုဟာ သားရေသားနဲ့ ဖုံးအုပ်ထားကြတာ ဖြစ်ပါတယ်။ ဒါ့ကြောင့်သင့်ရဲ့ချွေးတွေက မသုတ်ပစ်ဘူးဆိုရင် ကျန်နေခဲ့မှာပါ။
Gym ပစ္စည်းတွေကို မသုံးဘဲ မယူထားပါနဲ့

Gym ပစ္စည်းတွေကို မသုံးဘဲနဲ့ အနားမှာ တဝဲလည်လည်လုပ်နေတက်သူတွေ gym တိုင်းမှာရှိပါတယ်။ သူတို့ဟာ ဖုန်းသုံးလိုက်၊ ဆဲလ်ဖီဆွဲလိုက်နဲ့ လုပ်နေတက်ပြီး တခါတလေ အိပ်တောင်နေပါသေးတယ်။ gym ဆိုတာ လေ့ကျင့်ခန်းပြုလုပ်ဖို့သွားတဲ့ နေရာဖြစ်တယ်ဆိုတာ မမေ့ပါနဲ့။
ဖုန်းအကျယ်ကြီးပြောတာ

Gym သွားရင်စိတ်ညစ်ရတဲ့အရာတစ်ခုကတော့ အားကစားလုပ်နေချိန်မှာ ဖုန်းအကျယ်ကြီးပြောတဲ့လူတွေပါပဲ။ တစ်ချို့တွေကျတော့ သီချင်းတွေကို အကျယ်ကြီးဖွင့်တာ သူငယ်ချင်းတွေနဲ့ အော်ကြီးဟစ်ကျယ်စကားတွေ ပြောနေတက်ပါတယ်။ ဒါက တခြားလူတွေကို စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။
Gym ကပစ္စည်းတွေက လူတိုင်းအတွက်ဖြစ်ပါတယ်

Gym မှာ လူရှုပ်နေချိန် သင်သတိထားရမှာကတော့ ကိရိယာတွေဟာ အခြားလူတွေလည်း သုံးဖို့ဖြစ်တယ်ဆိုတာပါပဲ။ ကိရိယာတစ်ခုတည်းကိုပဲ အချိန်အလွန်အကျွံသုံးမိတာမျိုးကို သတိထားသင့်ပါတယ်။ တခြားလူတွေလည်း သုံးဖို့ရှိနေတယ်ဆိုရင် ကိရိယာတစ်ခုကို ၂ နာရီထက်ပိုအောင် မသုံးသင့်ပါဘူး။
ဝိတ်တုံးတွေကို နေရာတကာပစ်ထားတာ

သင်ဟာ လူကြီးတစ်ယောက်ဖြစ်တာကြောင့် ငယ်ငယ်တုန်းကလို ပြုမူလို့မရပါဘူး။ သင်ဆော့ခဲ့တဲ့ ပစ္စည်းကိုတွေ့ရာနေရာ ထားခဲ့တာမျိုး မလုပ်ပါနဲ့။ အထူးသဖြင့် ဝိတ်ပြားတွေကို သူ့နေရာနဲ့သူ ပြန်ထားဖို့ လိုပါတယ်။ သင်ဆော့ပြီးတဲ့အခါ ဝိတ်ပြားတွေကို တွေ့ရာနေရာမှာထားတာက သတိမမူမိတဲ့လူတစ်ယောက်ယောက် ထိခိုက်မိတာမျိုး ဖြစ်နိုင်ပါတယ်။
Source: Bright Side
