ကွီးတို့က Thor လို ကြွက်သားတွေ တောင့်တင်းနေတဲ့ ခပ်မိုက်မိုက် ခန္ဓာကိုယ်မျိုး လိုချင်တယ်ဆိုရင်တော့ အခု ဖော်ပြပေးမယ့် လေ့ကျင့်ခန်း များကို ပြုလုပ်နိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းများကတော့ ကွီးတို့ ခန္ဓာကိုယ်တစ်ခုလုံးရှိ ကြွက်သားများကို ကျစ်လျစ်သန်မာလာအောင် ကူညီပေးမှာပဲဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၁)

ဒီလေ့ကျင့်ခန်းကိုကတော့ ကွီးတို့ရဲ့ လက်မောင်းကြွက်သားများကို ကျစ်လျစ်သန်မာစေပါတယ်။ စုစုပေါင်း ၁၅ ကြိမ်၊ ၃ ကျော့ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၂)
ဝမ်းဗိုက်ရှိ ကြွက်သားများကို ကျစ်လျစ်သန်မာချင်တယ်ဆိုရင်တော့ Sit-Up လေ့ကျင့်ခန်းကို ပြုလုပ်ရမှာပဲဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကိုတော့ အကြိမ် ၂၀၊ ၃ ကျော့ ပြုလုပ်ပေးလိုက်ပါ။
လေ့ကျင့်ခန်း (၃)
Push-Ups လေ့ကျင့်ခန်းကတော့ ကွီးတို့ရဲ့ ရင်အုပ်ကြွက်သားများကို ကျစ်လျစ်သန်မာလာအောင် ကူညီပေးပါတယ်။ စုစုပေါင်း ၁၅ ကြိမ်၊ ၃ ကျော့ ပြုလုပ်ပေးရမှာပဲဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၄)
ဒီလေ့ကျင့်ခန်းကတော့ ကွီးတို့ရဲ့ ပေါင်ကြွက်သားနှင့် ခြေသလုံးရှိ ကြွက်သားများအတွက် အထူးကောင်းမွန်ပါတယ်။ စုစုပေါင်း ၁၀ ကြိမ်၊ ၃ ကျော့ ပြုလုပ်ပေးလိုက်ပါ။
လေ့ကျင့်ခန်း (၅)
အလေးတုံး ကိုင်ပြီးပဲဖြစ်ဖြစ်၊ ကိရိယာ လွတ်ပဲဖြစ်ဖြစ် Squat ထိုင်နိုင်ပါတယ်။ အလေးတုံးနဲ့ တွဲလုပ်မယ်ဆိုရင်တော့ ပိုပြီးထိရောက်မှု ရှိပါလိမ့်မယ်။ စုစုပေါင်း ၁၅ ကြိမ်၊ ၃ ကျော့ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၆)
ဒီလေ့ကျင့်ခန်းသည်လည်း စောစောက လေ့ကျင့်ခန်းနဲ့ အတူတူပါပဲ။ စုစုပေါင်း ၁၅ ကြိမ်၊ ၃ ကျော့ ပြုလုပ်ရပါမယ်။
လေ့ကျင့်ခန်း (၇)
ဒီလေ့ကျင့်ခန်းကတော့ ကွီးတို့ရဲ့ ရင်အုပ်ကြွက်သားများကို သန်မာလာအောင် ကူညီပေးမှာပဲဖြစ်ပါတယ်။ စုစုပေါင်း ၈ ကြိမ်၊ ၃ ကျော့ ပြုလုပ်ရမှာပါ။
လေ့ကျင့်ခန်း (၈)
ဒီလေ့ကျင့်ခန်းကတော့ ပုခုံး ကြွက်သားများကို သန်မာလာအောင် ကူညီပေးနိုင်ပါတယ်။ စုစုပေါင်း ၈ ကြိမ်၊ ၃ ကျော့ ပြုလုပ်လိုက်ပါ။
လေ့ကျင့်ခန်း (၉)
နောက်ထပ်ဆက်လက်ပြုလုပ်ရမယ့် လေ့ကျင့်ခန်းကတော့ ခန္ဓာကိုယ် အောက်ပိုင်းကြွက်သားများအတွက်ပဲဖြစ်ပါတယ်။ စုစုပေါင်း ၅ ကြိမ်၊ ၃ ကျော့ ပြုလုပ်နိုင်ပါတယ်။
လေ့ကျင့်ခန်း (၁၀)
ဒီလေ့ကျင့်ခန်းကတော့ ကွီးတို့ရဲ့ လက်မောင်းကြွက်သားအတွက် အကောင်းဆုံးပါပဲ။ Thor လို သန်မာတောင့်တင်းတဲ့ လက်မောင်းကြွက်သားမျိုး ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ဒီ လေ့ကျင့်ခန်း ကို မမေ့မလျော့ ပြုလုပ်သင့်ပါတယ်။
ပြုလုပ်ရမယ့် အကြိမ် အရေအတွက်ကတော့ စုစုပေါင်း ၅ ကြိမ်၊ ၃ ကျော့ပဲဖြစ်ပါတယ်။
အထက်ဖော်ပြပါ လေ့ကျင့်ခန်းများကို တစ်ပတ်လျှင် ၅ ရက်၊ တစ်ရက်လျှင် ၄၅ မိနစ်မှ ၁ နာရီ ပြည့်သည်အထိ ဆော့ကစားပေးဖို့ လိုအပ်ပါတယ်။ လေ့ကျင့်ခန်း တစ်ကျော့နဲ့ တစ်ကျော့အကြား စက္ကန့် ၃၀ အနားယူနိုင်ပြီး လေ့ကျင့်ခန်း တစ်ခုနဲ့တစ်ခုအကြားမှာတော့ ၁ မိနစ် အနားယူနိုင်ပါတယ်။
ကွီးတို့ရော ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် Thor အဖြစ် ပြောင်းလဲဖို့ ရယ်ဒီပဲလား။
Source: Manofmany
Featured Image: Totalshape









