အေးမြသော ဆောင်းရာသီအချိန်အခါသည် တောင်တက်အားကစားသမားများအတွက် အကောင်းမွန်ဆုံးရာသီဥတုတစ်မျိုးပါပဲ။ တောင်တက်နေတဲ့အချိန်မှာ ကိုယ့်ကို စိတ်ဖိစီးစေတဲ့အရာများအားလုံးကို ချန်ထားခဲ့ပြီး လေကောင်းလေသန့်များ ရှုရှိုက်ကာ သဘာဝရဲ့အလှအပကို တဝကြီး ခံစားနိုင်ပါတယ်။

မိုးရာသီလို စိုစွတ်နေတာမဟုတ်တဲ့အပြင် နွေရာသီလိုလည်း ပူအိုက်ခြောက်သွေ့နေတာမဟုတ်တဲ့အတွက်ကြောင့် ဆောင်းရာသီမှာ တောင်တက်ဖို့ ကြံရွယ်နေကြတဲ့ အားကစားသမားများအတွက် တောင်တက်တဲ့အခါ မဖြစ်မနေ သိထားသင့်တဲ့အချက်များကို ဝေမျှလိုက်ရပါတယ်။

လမ်းညွှန်ကိရိယာများ သယ်သွားပါ

Tips and Tricks for men Who love hiking

Photo: Friendsofthesmokies.org

ကိုယ် တက်မယ့်တောင်သည် ဘယ်နေရာမှာ တည်ရှိသလဲဆိုတာကို ညွှန်ပြမယ့် မြေပုံ သယ်သွားပါ။ GPS လမ်းညွှန်လည်း အပြည့်အစုံယူသွားပါ။ တခါတရံမှာ GPS က ကောင်းစွာ အလုပ်မလုပ်တဲ့အချိန်မျိုးအတွက် သံလိုက်အိမ်မြှောင်လည်း လိုရမယ်ရ သယ်သွားရပါမယ်။ ဒါမှ တောင်ပေါ်မှာ လမ်းပျောက်သွားမှာကို စိတ်ပူနေစရာမလိုဘဲ စိတ်အေးလက်အေး တောင်တက်နိုင်မှာဖြစ်ပါတယ်။

ရေ လုံလုံလောက်လောက် သယ်သွားပါ

Tips and Tricks for men Who love hiking

Photo: Camotrek.com

တောင်တက်တဲ့အခါမှာ အလိုအပ်ဆုံးအရာကတော့ ရေပဲဖြစ်ပါတယ်။ လုံလောက်တဲ့ရေဓာတ်ကို မရရှိတဲ့အခါ သင့်ခန္ဓာကိုယ်သည် ကောင်းစွာ လုပ်ဆောင်နိုင်မှာမဟုတ်ပါဘူး။ တောင် မတက်ခင်ကတည်းက ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝနေအောင် နေထိုင်ဖို့လိုပါတယ်။

မုန့်ပဲသွားရေစာများ ယူသွားပါ

Tips and Tricks for men Who love hiking

Photo: Takethemoutside.com

တောင်တက်နေချိန်မှာ ဗိုက်အဆာခံလို့မရပါဘူး။ မူးမော်ခြင်း၊ မေ့လဲခြင်းတို့ ခံစားရတတ်ပါတယ်။ ဒါ့ကြောင့် တောင်တက်မယ့်အချိန်နဲ့ နာရီဝက်ခြားပြီး အဆာပြေတစ်ခုခု ကြိုစားသွားပါ။ ဒါ့အပြင် သယ်ရလွယ်တဲ့ မုန့်ပဲသွားရေစာအချို့ ယူသွားပါ။ လမ်းတစ်ဝက်မှာ တစ်ထောက်နားတဲ့အခါ ဗိုက်ဖြည့်နိုင်ပါတယ်။

ဆေးသေတ္တာဘူး ထည့်သွားပါ

Tips and Tricks for men Who love hiking

Photo: Theadventurejunkies.com

မတော်တဆ ဒဏ်ရာအနာတရဖြစ်တဲ့အခါ အရေးပေါ် ကုသနိုင်မယ့် ဆေးဝါးများဖြင့် ကုသထားလိုက်တဲ့အခါ ပြင်ပမှ ရောဂါပိုးဝင်ခြင်းအန္တရာယ်ကို တားဆီးပေးနိုင်ပါတယ်။ တကယ်တမ်း အရေးကြုံလာမှ တောင်အောက်တစ်ခေါက် ပြန်ဆင်းသွားဖို့ဆိုတာ မိနစ်ပိုင်းအတွင်း အတက်အဆင်း ပြုလုပ်နိုင်တာမဟုတ်ပါဘူး။

အမှိုက်အိတ် ယူသွားပါ

Tips and Tricks for men Who love hiking

Photo: Unsplash.com

တောင်ပေါ်မှာ ဘယ်သူမှ မြင်တာမဟုတ်ပါဘူး၊ အမှိုက်ပစ်လိုက်ဦးမယ်ဆိုတဲ့ စိတ်မျိုး လူကြီးလူကောင်းပီသတဲ့ ယောကျာ်းတွေဆီမှာ မရှိပါဘူး။ သဘာဝပတ်ဝန်းကျင်ကို အမှန်တကယ် ချစ်မြတ်နိုးပြီး လူကြီးလူကောင်းပီသတဲ့ ယောကျာ်းများသည် ကိုယ့်အမှိုက်ကို ကိုယ့်ကျောပိုးအိတ်ထဲမှာပဲဖြစ်ဖြစ်၊ သီးသန့်အမှိုက်အိတ်ထဲမှာပဲဖြစ်ဖြစ် ထည့်ပြီးမှ တောင်အောက်ရောက်တဲ့အခါ (သို့) အမှိုက်ပုံးတွေ့တဲ့အခါမှသာ စွန့်ပစ်တတ်ကြတာဖြစ်ပါတယ်။

နေလောင်ကာခရင်မ် ယူသွားပါ

Tips and Tricks for men Who love hiking

Photo: Thehallos.com

နေလောင်ကာခရင်မ်နဲ့ နေကာမျက်မှန် (သို့) ဦးထုပ်တို့ကိုလည်း တောင်တက်တဲ့အခါ မမေ့မလျော့ ယူဆောင်သွားပေးရပါမယ်။ သင်သည် ချွေးအရမ်း ထွက်နေတယ်ဆိုရင်တော့ ၂ နာရီခြားတစ်ခါ နေလောင်ကာခရင်မ် လူးပေးဖို့ လိုအပ်ပါလိမ့်မယ်။ ဒါမှ ကိုယ့်အသားအရေနဲ့ မျက်လုံးကို ခရမ်းလွန်ရောင်ခြည်ဒဏ်မှ ကာကွယ်နိုင်မှာပါ။

Source: Koa.com

Featured Image Source: Onjordanstore.com