လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် အချိန်ပိုပေးနိုင်လေ စည်းစနစ်ကျကျနှင့် လေ့ကျင့်ခန်းပြုလုပ်နိုင်လေ ခန္ဓာကိုယ်အတွက် အကျိုးပိုရှိလေပါပဲ။ အချိန်မပေးနိုင်သူများအဖို့ အိမ်မှာဆော့ကစားခြင်းသည်လည်း ကျန်းမာရေးအတွက် ကောင်းမွန်သလို Gym သွားဆော့တဲ့အခါမှာတော့ ပစ္စည်းကိရိယာစုံစုံလင်လင်နဲ့ ဆော့ကစားရတာကြောင့် ထိရောက်မှုသည် ပိုမိုမြန်ဆန်တာကို တွေ့ရပါလိမ့်မယ်။

Gym သွားပြီး Workout ဆော့ကစားတဲ့အခါမှာလည်း ဆောင်ရန်ရှောင်ရန်လေးတွေတော့ သိထားဖို့လိုပါလိမ့်မယ်။

Gym ခန်းမရှိ ပစ္စည်းကိရိယာများကို စနစ်တကျအသုံးပြုပါ

tips for men who workout at gym

ကိုယ်ပိုင်နည်းပြဆရာနဲ့ ဆော့ကစားပါက သူတို့ပြသတဲ့အတိုင်း သေချာလိုက်နာဖို့လိုအပ်ပါတယ်။ ပစ္စည်းကိရိယာများကို သူ့အားကစားအလိုက် စနစ်တကျအသုံးပြုတတ်မှသာလျှင် ထိရောက်မှုရှိမှာပါ။ Gym နည်းပြမရှိလို့လည်း စိတ်မပူပါနဲ့။ YouTube မှာရှိတဲ့ နာမည်ကြီး Workout Influencer များရဲ့ဗွီဒီယိုများကို လေ့လာကာ ပြန်လည် အသုံးချနိုင်ပါတယ်။

Gym မှာ ရှက်ကိုးရှက်ကန်းဖြစ်တာကြောင့် လေ့ကျင့်ခန်းကောင်းကောင်း မပြုလုပ်မိတာမျိုးမဖြစ်ပါစေနဲ့

tips for men who workout at gym

ကိုယ်က အခုမှ Gym စရောက်တာမို့လို့ အများရှေ့မှာ လေ့ကျင့်ခန်းပြုလုပ်ရတာ ရှက်တာမျိုးတွေ မဖြစ်ပါနဲ့။ ကိုယ့်ရဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး မလုံမလဲဖြစ်တာမျိုးလည်း မရှိပါနဲ့။ လူတိုင်းက ကိုယ်ပိုင် အားကစားရည်မှန်းချက်တွေရှိတာကြောင့်မို့လို့ ကိုယ့်ရဲ့ ကိုယ်ပိုင်ရည်မှန်းချက်ကိုပဲ အာရုံပြုထားပါ။

Gym သွားတဲ့အခါ ရေဘူး ယူသွားဖို့လည်း မမေ့ပါနဲ့

tips for men who workout at gym

အားကစားပြုလုပ်တဲ့အချိန်မှာ ခန္ဓာကိုယ်တွင် ရေဓာတ် လျင်မြန်စွာခမ်းခြောက်တတ်ပါတယ်။ ဒါ့ကြောင့် ရေဘူး ယူသွားပြီး လေ့ကျင့်ခန်းပြုလုပ်နေစဉ်မှာ အာဆွတ်ရုံခန့်မျှဖြင့် ရေနည်းနည်းချင်းစီကို အကြိမ်ရေများများ သောက်သုံးပေးရပါမယ။် ရေ မသောက်ချင်ပါကလည်း ရေဓာတ်ဖြည့်အချိုရည်များ၊ သစ်သီးဖျော်ရည်များ ယူသွားနိုင်ပါတယ်။

လူကြပ်တဲ့အချိန် ရှောင်ပါ

tips for men who workout at gym

Photo Source: Timeout.com

သင့်မှာ အားလပ်ချိန်တွေ ရှိတယ်ဆိုရင်တော့ လူများတဲ့အချိန် Gym သွားမဆော့တာအကောင်းဆုံးပါပဲ။ အလုပ်မသွားခင်အချိန်၊ နေ့လည်ခင်းအချိန်နဲ့ ညနေအလုပ်ဆင်းချိန်တွေက လူအများဆုံးဖြစ်တတ်တာကြောင့် ကိုယ် သုံးချင်တဲ့ အားကစားကိရိယာများကို အခြားလူ သုံးနေချိန်မှာ အလှည့်စောင့်ရတာမျိုး၊ စက်ပစ္စည်းတစ်ခုကို မဆော့လိုက်ရတာမျိုးတွေဖြစ်နိုင်ပါတယ်။

အားကစားအဝတ်အစားများ သေချာဝတ်ဆင်ပါ

tips for men who workout at gym

သက်သောင့်သက်သာမရှိတဲ့ အဝတ်အစားများ၊ ဖိနပ်များ ဝတ်ဆင်ခြင်းသည် သင့်ရဲ့အားကစားလုပ်ဆောင်နိုင်စွမ်းကို လျော့ကျစေပါတယ်။ ဒါ့ကြောင့် အားကစားပြုလုပ်ဖို့ရန်အတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ အားကစားအဝတ်အစားများ၊ ဖိနပ်များဖြင့် သေသေချာချာဝတ်ဆင်ကာ ကိုယ့်ရဲ့အားကစားလုပ်ဆောင်နိုင်စွမ်းကို မြင့်တင်နိုင်ပါတယ်။

Source: Thesporting.blog

Featured Image Source: Gbwestcounty.com