ပြေးခြင်းသည် ကိုယ်အလေးချိန်ကို လျော့ချပေးရုံသာမကဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်အောင် ကူညီပေးခြင်း၊ စိတ်ခံစားချက်များ ကောင်းမွန်စေခြင်း၊ သက်လုံကောင်းကာ အမောခံနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးများစွာ ရရှိစေပါတယ်။ အပြေးလေ့ကျင့်ခန်း ပြုလုပ်တဲ့ ယောကျာ်းများအတွက်တော့ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ စိတ်ကျရောဂါဆိုတာ ပြတိုက်ထဲမှာ သွားကြည့်ရမယ့် ရောဂါတစ်ခုပါပဲ။

သင့်အနေနဲ့ ဘယ်လိုရည်ရွယ်ချက်နဲ့ အပြေးလေ့ကျင့်ခန်း ပြုလုပ်နေပါစေ လေ့ကျင့်ခန်းမစခင်မှာ သိထားသင့်တဲ့အချက်များကို ဖော်ပြပေးလိုက်ရပါတယ်။

ဖြည်းဖြည်းချင်းစီသာ အစပြုပါ

tips for men who want to do running exercise for the first time

ပထမနေ့မှာကတည်းက အကွာအဝေးအများကြီးကို မိုင်ကုန်ပြေးဖို့ မလိုပါဘူး။ ပထမစစချင်း တစ်ပတ်မှာတော့ အကွာအဝေးတိုတိုကို ဖြည်းဖြည်းလေးသာ ပြေးရပါမယ်။ တစ်ပတ်ကြာပြီးနောက် တဖြည်းဖြည်း အမောခံလာနိုင်ပြီဆိုရင် အကွာအဝေးထပ်တိုးပါ။ ပြေးနှုန်း ထပ်မြင့်ကြည့်လိုက်ပါ။ ဒီလိုတဆင့်ချင်းစီပဲ တိုးသွားရပါမယ်။

မိမိခြေထောက်ဆိုဒ်နဲ့ ကွက်တိကျမယ့် အပြေးဖိနပ် ဝယ်ထားပါ

tips for men who want to do running exercise for the first time

အရည်အသွေးကောင်းတဲ့ အပြေးဖိနပ်မျိုးကိုသာ ရွေးချယ်သင့်ပါတယ်။ ဒါမှ ပြေးရတာ သက်သောင့်သက်သာရှိပြီး ခြေထောက်နာကျင်မှု ဝေဒနာ မခံစားရမှာပါ။

အစား အစာ ပုံမှန်စားပါ။ ရေများများသောက်ပါ

tips for men who want to do running exercise for the first time

အပြေးသမားများအတွက် တိကျတဲ့ Diet Plan ဆိုတာ မရှိပါဘူး။ ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံချင်းကလည်း မတူတဲ့အတွက်ကြောင့်မို့လို့ Diet ကို တရားသေ သတ်မှတ်မထားပါနဲ့။ ပရိုတင်းဓာတ်၊ သဘာဝအဆီဓာတ်၊ ကာဘိုဟိုက်ဒြိုက်ဓာတ်တို့ များများ မှီဝဲစားသုံးကာ ကုန်ခမ်းသွားတဲ့အားအင်ကို ပြန်လည်ဖြည့်တင်းလိုက်ပါ။

တစ်ခုသတိထားရမှာကတော့ အစား စားပြီးပြီးချင်း မပြေးဘဲ အစားစားပြီးနောက် မိနစ် ၃၀ ခန့် စောင့်ပြီးမှ ပြေးသင့်ပါတယ်။ ပြေးပြီးရင်လည်း ထိုနည်းအတိုင်းပဲ မိနစ် ၃၀ ခန့် အနားယူပြီးမှ အစား စားပါ။ နို့မဟုတ်ရင် မောမောနဲ့ စားမိတဲ့အခါ အစားအလွန်အကျွံ စားမိပြီး အရင်ကထက် ပိုဝလာနိုင်ပါတယ်။

အိပ်ရေးဝဝ အိပ်စက်ပါ

tips for men who want to do running exercise for the first time

ကုန်ခမ်းသွားတဲ့အားအင်များ ပြန်လည်ဖြည့်တင်းဖို့ရန်နှင့် ကြွက်သားများ နာကျင်မှုကို သက်သာဖို့ရန်အတွက် ညဘက်မှာ အိပ်ရေးဝဝ အိပ်စက်အနားယူဖို့ လိုအပ်ပါတယ်။ ညဘက်မှာ ကောင်းမွန်စွာ အနားယူမှသာလျှင် နောက်တစ်နေ့မနက်မှာ အပြေးလေ့ကျင့်ခန်းကို ဆက်လုပ်နိုင်မှာပါ။

ဇွဲရှိဖို့ လိုပါတယ်

tips for men who want to do running exercise for the first time

တစ်ပတ်၊ နှစ်ပတ်လောက်ပဲ ပြေးပြီး နောက်ရက်တွေကျတော့ မိုးရွာလို့ နေသာလို့ ဆိုပြီး ဆင်ခြေမျိုးစုံနဲ့ ပျက်ကွက်မယ်ဆိုရင် အစကတည်းက မပြေးပါနဲ့။ မိမိစထားတဲ့အလုပ်ကို ဆုံးခန်းတိုင် ပြုလုပ်သွားမယ်ဆိုတဲ့ ဇွဲရှိမှသာလျှင် အပြေးလေ့ကျင့်ခန်းကို အစပြုသင့်ပါတယ်။ မိမိကိုယ်ကို စည်းစနစ်ကျကျနဲ့ တင်းကြပ်ထားမှသာလျှင် ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ တစ်ယောက်တည်း ပြေးရမှာ ပျင်းတယ်ဆိုရင် စိတ်တူကိုယ်တူ သူငယ်ချင်းများနဲ့ အဖော်စပ်ကာ အတူတူပြေးပါ။ ဒါဆိုရင် ပိုပျော်ဖို့ကောင်းပါတယ်။

Source: Nextluxury.com