ဆောင်းရာသီသည် လေ့ကျင့်ခန်းပြုလုပ်ဖို့အကောင်းဆုံးရာသီဥတုတစ်ခုပဲဖြစ်ပါတယ်။ အပြေးပြိုင်ပွဲများ၊ လက်ဆင့်ကမ်းပြေးပွဲပြိုင်ပွဲများ၊ လမ်းလျှောက်ပွဲများကို ပွင့်လင်းရာသီဖြစ်တဲ့ ဆောင်းရာသီမှာ ပြုလုပ်ကျင်းပလျက်ရှိပါတယ်။

ဒီလိုဆောင်းရာသီမှာ အပြေးလေ့ကျင့်ခန်းပြုလုပ်တဲ့အခါ (သို့) အခြားသော ဆောင်းရာသီအားကစားများ ပြုလုပ်တဲ့အခါမှာ လိုက်နာသင့်တဲ့အချက်များကို အားကစားလိုက်စားသော ယောကျာ်းများအတွက် ဝေမျှပေးချင်ပါတယ်။

သွေးပူလေ့ကျင့်ခန်းပြုလုပ်ဖို့ မမေ့ပါနဲ့

tips for men to run in winter

တခြား Workout လေ့ကျင့်ခန်းတွေပဲ သွေးပူလေ့ကျင့်ခန်း လိုအပ်တာမဟုတ်ပါဘူး။ အပြေးလေ့ကျင့်ခန်းသည်လည်း သွေးပူလေ့ကျင့်ခန်း ၅ မိနစ်ခန့် ပြုလုပ်ရပါမယ်။ ဘယ်လိုလုပ်ရမလဲဆိုတော့ မပြေးခင်မှာ အရင်ဦးဆုံး ၅ မိနစ်ခန့် ပေါ့ပေါ့ပါးပါးလေး လမ်းလျှောက်ပေးလိုက်ပါ။ အပြေးလေ့ကျင့်ခန်း ပြီးခါနီးမှာလည်း ထိုနည်းအတိုင်းပါပဲ။ ချက်ချင်း မရပ်လိုက်ဘဲနဲ့ နှလုံးခုန်နှုန်း တဖြည်းဖြည်း နှေးသွားအောင်လို့ ခပ်ဖြည်းဖြည်းလေး လမ်းလျှောက်ပေးလိုက်ပါ။

ပြေးနေစဉ်မှာ ရေဓာတ်ပြည့်ဝအောင် နေရပါမယ်

tips for men to run in winter

အပြေးသမားတွေသည် ပူအိုက်တဲ့ရာသီမှာပဲ ရေဘူးကို သတိတရဆောင်သွားတတ်ကြပါတယ်။ ဆောင်းတွင်းမှာတော့ မေ့သွားတတ်ကြပါတယ်။ ရေသည် အားကစားသမားတိုင်းအတွက် အရေးကြီးတဲ့အရာတစ်ခုဖြစ်ပါတယ်။ ရာသီဥတု ပူပူအေးအေး ယူဆောင်သွားသင့်ပါတယ်။ ဒါမှသာ ခန္ဓာကိုယ်မှာ ရေဓာတ်မဆုံးရှုံးရမှာဖြစ်ပါတယ်။

နေရောင်ကောင်းကောင်းရတဲ့အချိန်မှာ ပြေးပါ

tips for men to run in winter

ဒီလိုပြုလုပ်ခိုင်းခြင်းကတော့ အကြောင်းပြချက် (၂) ခုရှိပါတယ်။ ပထမတစ်ခုကတော့ နေရောင်ခြည်ကောင်းကောင်းရရှိတဲ့အတွက်ကြောင့် သင့်ခန္ဓာကိုယ်က ဗီတာမင်ဒီဓာတ်များ ကောင်းစွာရရှိမှာဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ လင်းလင်းထင်းထင်းမှာ ပြေးတဲ့အတွက်ကြောင့် မလိုလားအပ်တဲ့အန္တရာယ်တွေလည်း မကျရောက်ရတော့ဘူးပေါ့။

မှန်ကန်တဲ့အပြေးအားကစားဖိနပ် ရွေးချယ်ပါ

tips for men to run in winter

အပြေးအားကစားဖိနပ်များသည် ပြေးဖို့အတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ဖြစ်တဲ့အတွက်ကြောင့် သင် ပြေးနေစဉ်မှာ သက်သောင့်သက်သာနဲ့ ပြေးနိုင်အောင် ကူညီပေးပါတယ်။ ခြေထောက်ပွန်းပဲ့ဒဏ်ရာများ၊ မလိုလားအပ်တဲ့ ဒဏ်ရာအနာတရများ မဖြစ်ရအောင် မိမိနဲ့ လိုက်ဖက်မယ့် အပြေးအားကစားဖိနပ်တစ်ရံကို သေသေချာချာရွေးချယ်ကာ ပြေးသွားတိုင်းမှာ မမေ့မလျော့စီးသွားသင့်ပါတယ်။

Source: Themanual.com

Featured Image Source: Bestproducts.com