ဆရာဝန်တွေက တစ်ပတ်ကို (၁-၂)ပေါင် အထိ ဝိတ်ချဖို့အတွက်ပဲ အကြံဉာဏ်ပေးပါတယ်။ ဒါက ရေရှည်ကောင်းကျိုးအတွက် မျှော်ကိုးပြီး ပြောခြင်းဖြစ်ပါတယ်။ လူအများစုကတော့ ဝိတ်ချတဲ့နေရာမှာ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်ကြရပါတယ်။ တစ်ချို့က အစားမရှောင်နိုင်တာကြောင့် လေ့ကျင့်ခန်းတွေလုပ်နေပေမယ့် အရာမထင်တာတွေ ရှိသလို တစ်ချို့ကြတော့ အစားရှောင်နိုင်ပေမယ့် အနေအထိုင်မဆင်ခြင်တာကြောင့် ထင်ထားသလောက် အရာမရောက်ဘဲဖြစ်နေတက်ပါတယ်။ ဒီနေ့ဆောင်းပါးမှာ ကျန်းမာရေးနဲ့ အညီဝိတ်ချဖို့အတွက် ရှောင်ရမယ့် အချက်တွေအကြောင်း ပြောပြပေးသွားမှာပါ။

အိပ်ရေးဝဝ မအိပ်တာ

Source: inc.com

အိပ်တာများလွန်းရင် ဝလာတက်တယ်ဆိုပြီး တစ်ချို့တွေကပြောကြပါတယ်။ ဒါကယုံတမ်းစကားတွေသာဖြစ်ပါတယ်။ ညဘက် အိပ်ချိန်ပြည့်ဝနေဖို့က ဝိတ်ချတဲ့နေရာမှာတင်မကဘဲ တခြားကျန်းမာရေးတွေအတွက်ပါ အလွန်အရေးကြီးတဲ့ အချက်တစ်ခုပါ။

အစားရှောင်ခြင်း

Source: The Healthy Eating Hub

လူတိုင်းမှာ အကြိုက်ဆုံးအစားအစာလေးတွေ ကိုယ်စီရှိတတ်ကြတယ်။ ကိုယ်အကြိုက်ဆုံးအစားအစာက ကိုယ့်ကိုဝစေနိုင်လို့ လုံးဝဖြတ်တော့မယ်ဆိုပြီး မလုပ်လိုက်ပါနဲ့။ စိတ်က မထိန်းနိုင်တော့တဲ့အခါ ပိုပြီးတော့ အားပါးတရ စားမိသွားနိုင်ပါတယ်။ ဖြတ်ချင်ရင် ဖြည်းဖြည်းချင်းလျှော့စားသွားတဲ့နည်းကိုသုံးသွားတာအကောင်းဆုံးပါ။

အရက်သောက်ခြင်း

Source: Verywell Mind

အရက်သောက်တာနဲ့ ဝလာတာက တိုက်ရိုက်ဆက်နွယ်မှုတော့ မရှိပါဘူး။ ဒါပေမယ့် အရက်သောက်နေတဲ့အချိန်မှာ သတိမထားမိဘဲ အလွန်အကျွံစားမိတက်တာကြောင့် ဝိတ်ချဖို့အတွက် လေ့ကျင့်ခန်းတွေလုပ်နေတာက အရာမထင်ဘဲ ရှိနေတတ်ပါတယ်။

အစာမစားဘဲနေခြင်း

Source: The Labrador Site

ရုတ်တရက်ဆိုသလို ညစာကို ဖြတ်လိုက်မယ်။ ဒါမှမဟုတ် တစ်နေ့တစ်နပ်ပဲ စားတော့မယ်ဆိုတဲ့စိတ်ကူးကို မေ့လိုက်ပါ။ ပြီးတော့ မနက်စာ၊ နေ့လယ်စာကို မစားဘဲမနေသင့်ဘူး။ စားနေကျအချိန်မှာ စားပေးပါ။ ဒါပေမဲ့ ကျန်းမာရေးနဲ့ညီညွတ်ပြီး အဆီနဲ့ကယ်လိုရီနည်းတာကိုတော့ ပြောင်းစားဖို့ အကြံပေးချင်ပါတယ်။