ဝိတ်ချတဲ့နည်းတွေများစွာရှိပါတယ်။ တချို့သောနည်းလမ်းတွေက ကောင်းမွန်မှန်ကန်ပေမယ့် တချို့နည်းလမ်းတွေကတော့ ကျန်းမာရေးကိုထိခိုက်စေတဲ့ ဘေးထွက်ဆိုးကျိုးတွေရှိပါတယ်။ ဒီနေ့တော့ နည်းမှန်လမ်းမှန်ဝိတ်ကျဖို့ လိုက်နာသင့်တဲ့ အချက်လေးတွေကိုပြောပြပေးသွားမှာပါ။
မနက်စာမကျော်သွားပါနဲ့

Source : Eat This, Not That
မနက်စာရှောင်တာက ကိုယ်အလေးချိန်လျော့ချတဲ့နေရာမှ အသုံးမဝင်ပါဘူး။ မနက်စာကိုရှောင်လိုက်ရင် သင့်အနေနဲ့ ဆာလောင်မွတ်သိပ်မှုဒဏ်ကိုပိုမိုခံစားရစေနိုင်ပါတယ်။ မနက်စာမစားရင် နေ့လည်စာကိုအတိုးချ စားမိတာကြောင့် ကိုယ်အလေးချိန်ပိုတက်စေနိုင်ပါတယ်။
ရေများများသောက်ပါ

Source : Showbiz Cheat Sheet
ကိုယ်အလေးချိန်လျော့ချချင်သူတွေအနေနဲ့ ရေများများသောက်သုံးပေးဖို့လိုအပ်ပါတယ်။ ခန္ဓာကိုယ်ကလိုအပ်တဲ့ရေဓာတ်ပမာဏကိုလုံလောက်အောင်ဖြည့်တင်းပေးမယ်ဆိုရင် ကယ်လိုရီလောင်ကျွမ်းစေဖို့တွန်းအားဖြစ်စေပြီး ကိုယ်အလေးချိန်ကျစေမှာဖြစ်ပါတယ်။
လေ့ကျင့်ခန်းပုံမှန်လုပ်ပါ

Source : Verywell Fit
ကိုယ်အလေးချိန်လျော့ချမယ့်သူတွေအနေနဲ့ အရေးကြီးဆုံးဖြစ်တဲ့ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်ပေးဖို့လိုအပ်ပါတယ်။ အစားလျော့စားရုံတစ်ခုတည်းနဲ့တော့ ကိုယ်အလေးချိန်ကျဖို့လုံလောက်မှာမဟုတ်တာကြောင့် လေ့ကျင့်ခန်းကို ဦးစားပေးပြီး နေ့စဉ်ပုံမှန်ပြုလုပ်ပေးပါ။ လေ့ကျင့်ခန်းက ခန္ဓာကိုယ်မှအဆီပိုတွေကိုလောင်ကျွမ်းစေဖို့ ကူညီပေးမှာဖြစ်ပါတယ်။
အမျှင်ဓာတ်များတဲ့အစားအစာတွေစားပါ

Source : Wellview Health
အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်တဲ့အစားအစာတွေက သင့်ကိုဆာလောင်မွတ်သိပ်မှု ဒဏ်မှကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့်အမျှင်ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွှက် ပေါင်မုန့် ဆန်လုံးညို ပဲအမျိုးမျိုးစတဲ့ အစားအစာတွေကိုများများစားသုံးပေးဖို့လိုအပ်ပါတယ်။
